ဒြပ်ကွယ်: တည်းဖြတ်မှု မူကွဲများ

အရေးမကြီးNo edit summary
အရေးမကြီး translated page template is to use on talk page
စာကြောင်း ၁ -
{{translated page|en|Dark Matter}}
'''ဒြပ်မှောင်'''ဆိုသည်မှာ တည်ရှိမည်ဟု မှန်းဆအဆိုပြုထားပြီး [[စကြာဝဠာ]]အတွင်းရှိ [[ဒြပ်ထု]]စုစုပေါင်း၏ ၈၅ ရာခိုင်နှုန်းသည် ၎င်းဒြပ်မှောင်များဖြစ်မည်ဟု [[နက္ခတ္တဗေဒ|နက္ခတ္တဗေဒပညာရှင်]]အများစုက ယူဆထားသည့် ဒြပ်တစ်မျိုးဖြစ်သည်။ ဒြပ်မှောင်များအား တိုက်ရိုက်စူးစမ်းတွေ့ရှိမှု မရှိသေးသော်လည်း သွယ်ဝိုက်သောအားဖြင့် ၎င်းတို့၏ တည်ရှိမှုကို သိရသည်။ ဥပမာ စကြာဝဠာအတွင်းရှိ မြင်ရသော ဒြပ်များ၏ ရွေ့လျားမှုအပေါ်တွင် ၎င်းတို့၏ [[ဒြပ်ဆွဲအား]] အကျိုးသက်ရောက်မှု၊ စကြာဝဠာအတွင်းရှိ [[ကြီးမားသည့်အတိုင်းအတာ ဖွဲ့စည်းပုံ]] ပေါ်တွင် အကျိုးသက်ရောက်မှုနှင့် [[အာကာသ မိုက်ကရိုဝေ့ဗ် နောက်ခံ]] အပေါ်တွင် အကျိုးသက်ရောက်မှု စသည်တို့ကို တွေ့ရှိရသည်။ ဒြပ်မှောင်များသည် [[လျှပ်စစ်သံလိုက်ရောင်ခြည်]]များဖြင့် အပြန်အလှန်သက်ရောက်မှု မရှိခြင်း သို့မဟုတ် အလွန်သိပ်သည်းပြီး သေးငယ်သည့်အတွက် လက်ရှိကမ္ဘာပေါ်ရှိလေ့လာရေး ကိရိယာများနဲ့ မှတ်တမ်းတင်လို့ ရနိုင်သည့် ပမာဏအထိ [[လျှပ်စစ်သံလိုက်ရောင်ခြည်|ရောင်ခြည်]]များကို စုပ်ယူမှု/ထုတ်လွှတ်မှု မပြုခြင်း စသည်တို့ကြောင့် ဖြစ်နိုင်သည်။