အမျိုးသားရေးဝါဒ: တည်းဖြတ်မှု မူကွဲများ

"အမျိုးသားရေးဝါ..." အစချီသော စာလုံးတို့နှင့် စာမျက်နှာကို ဖန်တီးလိုက်သည်
 
No edit summary
စာတွဲများ: မိုဘိုင်းလ် တည်းဖြတ် မိုဘိုင်းလ် ဝက်ဘ် တည်းဖြတ်
စာကြောင်း ၁ -
အမျိုးသားရေးဝါဒဟူသည်မှာ နိုင်ငံတနိုင်ငံစည်းလုံးညီညွတ်ခြင်း၏နိုင်ငံတစ်နိုင်ငံစည်းလုံးညီညွတ်ခြင်း၏ ကြီးမြတ်ခြင်းကို ပုံကြီးချဲ့ထားသောအတွေးအမြင်ဟု အချို့ကဆိုကြသည်။ ထိုအမျိုးသားရေးအတွေးအမြင်သည် အများအားဖြင့်မြေခြားရေခြားမှ လာရောက်ကျူးကျော်နေထိုင်သူများနှင့်ထိုသူများ၏ ဒေသခံများအပေါ်ဖိနှိပ်မှုများမှ ပေါ်ပေါက်လာလေ့ရှိသည်။အဓိကအခြေခံသော ခံယူချက်မှာ နယ်မြေခြားမှ လာရောက်သူများ၏ အုပ်ချုပ်မှုကိုခံရသည်မှာ လုံးဝလက်မခံသင့်သောအရာဖြစ်သည်ဟူသော အတွေးအခေါ်ပင်ဖြစ်သည်။ အမျိုးသားရေးဝါဒသည် အခြားသဘောတရားရေးရာလမ်းစဉ်တခုခုလွှမ်းမိုးပြီးနှင့်သောနိုင်င်ငံများအားလုံးလိုလိုတွင် ထပ်ဆင့်၍တည်ရှိနေလေ့ရှိပြီး သာဓကအားဖြင့် ဒီမိုကရေစီလွှမ်းမိုးသည်ဆိုသောအမေရိကန်ရှိ ရှေးရိုးစွဲဝါဒ(conservatism)သည် အမေရိကန်အမျိုးသားရေးဝါဒနှင့်ပေါင်းစပ်ထားရပြီး ပုံဖျက်ထားသောအမည်ခံကွန်မြူနစ်နိုင်ငံဖြစ်သည့် တရုတ်ပြည်သူ့သမ္မတနိုင်ငံတွင်လည်း ကွန်မြူနစ်ဝါဒထက် အမျိုးသားရေးဝါဒအတွေးအမြင်က ပိုမို၍ရှေ့တန်းရောက်နေသည်ကို တွေ့ကြရမည်ဖြစ်ပါသည်။
 
အမျိုးသားရေးဝါဒ၏ပထမဆုံးမျိုးစေ့အနေဖြင့် အလယ်ခေတ်ဉာဏ်ပွင့်လင်းချိန်အတွင်း(Renaissance-၁၅ရာစုဝန်းကျင်)တွင်အုပ်စိုးနေကြသော သက်ဦးဆံပိုင်ဘုရင်များ၏ ညီညွတ်သောနိုင်ငံတော်၏စွမ်းအားနှင့် အာဏာစက်ပုံစံများကို ဝါဒဖြန့်ရာမှ စတင်ပေါ်ပေါက်လာခဲ့သယောင်ရှိသည်။ အမျိုးသားရေးဝါဒပုံစံတခုဟူ၍ ပီပီပြင်ပြင်ပေါ်ပေါက်လာသည်မှာ ပြင်သစ်တော်လှန်ရေးတွင်ဖြစ်သည်။၁၇၉၂တွင် ပြင်သစ်သည် ပရူးရှားစစ်တပ်၏ ကျူးကျော်မှုကိုခံရသည့်အခါပြင်သစ်“ပြည်သူ”များ (အမှန်တကယ်အားဖြင့်ပြင်သစ်ဟုခေါ်တွင်နေသောနယ်မြေဒေသအတွင်းရှိသမျှလူများကို ပြင်သစ်လူမျိုးဟူ၍ ပြီးစလွယ်ခေါ်၍မရပဲ မျိုးနွယ်စုများကွဲပြားမှုများရှိသည်) ‘နိုင်ငံတော်’ကိုလက်နက်တပ်ဆင်ကာကွယ်ကြဟူသော အမျိုးသားရေးခံယူချက်ဖြင့် အပျော်တမ်းပြည်သူ့စစ်များက အသေအချာလေ့ကျင့်ထားပြီးဖြစ်သော စစ်တပ်ကိုအနိုင်ယူခဲ့သည်။