အလင်း: တည်းဖြတ်မှု မူကွဲများ

စာတွဲများ: မိုဘိုင်းလ် တည်းဖြတ် မိုဘိုင်းလ် ဝက်ဘ် တည်းဖြတ်
အရေးမကြီးNo edit summary
စာကြောင်း ၅ -
သမိုင်းကြောင်းအားဖြင့် လူသားတို့အတွက် လိုအပ်သောအလင်းရောင်ကို [[မီး]]မှရရှိသည်။ မီးဆိုရာတွင် ရှေးခတ်ကျောက်ခေတ်မှ မီးပုံများမှသည် ယနေ့ခေတ် ရေနံဆီမီးအိမ်များအထိ ပါဝင်သည်။ [[လျှပ်စစ်မီး]]ကို တီထွင်ပြီးသောအခါ လျှပ်စစ်မီးအလင်းရောင်သည် သဘာဝမီးအလင်းရောင်များကို အစားထိုးနေရာယူလာသည်။ အချို့သော သက်ရှိများသည် ၎င်းတို့၏ ကိုယ်ပိုင်အလင်းရောင်ကို ထုတ်လွှတ်သည်။ ဥပမာ [[ပိုးစုန်းကြူး]]များသည် ၎င်းတို့၏ မိတ်လိုက်ဖေါ်ကို ရှာဖွေရန်အတွက် ကိုယ်ပိုင်အလင်းရောင်ကို ထုတ်လွှတ်သည်။
 
အလင်းရောင်၏ အဓိက ဂုဏ်သတ္တိများမှာ [[ပြင်းအား]](Intensity)၊ ဦးတည်ချက်လားရာ(Directoin)၊ ရောင်စဉ် ကြိမ်နှုန်း(Frequency)သို့မဟုတ် လှိုင်းအလျား(Wavelength)၊ [[လှိုင်းယိမ်းခြင်း]](Polatization) စသည်တို့ဖြစ်သည်။ အခြား အခြေခံဂုဏ်သတ္တိတစ်ခုမှာ လေဟာနယ်တွင် [[အလင်းအလျင်|အလင်း၏အလျင်]]သည် တစ်[[တစ်စက္ကန့်စက္ကန့်]]လျင် ၂၉၉ ၇၉၂ ၄၅၈ [[မီတာ]]နှုန်းဖြစ်သည်။
 
[[ရူပဗေဒ]]တွင်မူ အလင်း ဆိုသည့်စကားလုံးသည် မျက်စိဖြင့် မြင်နိုင်သည်ဖြစ်စေ မမြင်နိုင်သည်ဖြစ်စေ မည့်သည့်လှိုင်းအလျားမဆိုရှိသည့် [[လျှပ်စစ်သံလိုက်ဖြာထွက်မှု]]ကို ဆိုလိုသည်။ [[ဂမ္မာရောင်ခြည်]]၊ [[မိုက်ခရိုဝေ့ဗ်]]နှင့် [[ရေဒီယိုလှိုင်း]]အားလုံးသည်လည်း အလင်းလှိုင်းများဟု ယူဆသည်။ အလင်းမျိုးအစား အားလုံးကဲ့သို့ပင် မြင်နိုင်သော အလင်းသည်လည်း [[ဖိုတွန်]]ဟုခေါ်သည့် ''အထုပ်ငယ်''လေးများကို ထုတ်လွှတ်ခြင်းဖြစ်သလို [[လှိုင်း]] နှင့် [[အမှုန်]]တို့၏ သဘောတရား နှစ်မျိုးလုံးကို ဆောင်သည်။ ၎င်း ဂုဏ်သတ္တိကို [[လှိုင်း-အမှုန်စုံတွဲမှု]] ဟုခေါ်သည်။ အလင်းကို လေ့လာသည့် ပညာရပ်သည် [[ခေတ်ပေါ်ရူပဗေဒ]]တွင် အရေးပါသည့် သုတေသနနယ်ပယ်တစ်ခု ဖြစ်သည်။