နဂါးနီသီချင်း: တည်းဖြတ်မှု မူကွဲများ

အရေးမကြီး →‎အကိုးအကား
စာလုံးပေါင်း ပြင်ခဲ့သည်, သဒ္ဒါပြင်ခဲ့သည်
စာတွဲ: မိုဘိုင်းလ် app တည်းဖြတ်
စာကြောင်း ၁ -
နဂါးနီစာအုပ်အသင်းသည် ကိုလိုနီခေတ်ဦးကာလက ထင်ရှားခဲ့သော အသင်းကြီးဖြစ်ပါသည်။ သခင်နုနှင့် ဦးထွန်းအေးတို့က ဦးဆောင်၍ ၁၉၃၇ နိုဝင်ဘာ ၄ တွင် တည်ထောင်ခဲ့သည်။ နဂါးနီစာအုပ်အသင်းကြီး၏ မူဝါဒများကို သခင်လူငယ်များက ပြည်သူပြည်သားအများ သိကြစေလိုသဖြင့် သီချင်းတစ်ပုဒ်ဖြင့် ဝါဒဖြန့်ရန် စိတ်ကူးမိခဲ့ကြသည်။ သို့ဖြင့် သခင်နုက နဂါးနီတိုတ်ထုတ် လူမွဲတို့၏ထွက်ရပ်လမ်း"လူမွဲတို့၏ထွက်ရပ်လမ်" စာအုပ်မှ အချက်အလက်များကို ထုတ်နုတ်ကာ စကားလုံးများကို စီကုံးရွေးချယ်ခဲ့သည်။ ထို့နောက် သခင်အုန်းခင် (နောင် ဗမာ့ခေတ်ဦးအုန်းခင်)နှင့်အတူ ဒီဒုတ်ဦးဘချိုထံ သွားရောက် ပြသကြသည်။ ဒီးဒုတ်ဦးဘချိုက သခင်အုန်းဆိုင် (ဂီတစာဆို [[ရွှေတိုင်ညွန့်]]) ထံသို့ စေလွှတ်ကာ နဂါးနီသီချင်းကို ရေးဖွဲ့စေခဲ့သည်။
 
[[Image:Shwe dai nyunt .jpg|thumb|နဂါးနီသီချင်းကို ရေးစပ်ခဲ့သူ ဆရာရွှေတိုင်ညွန့်]]
စာကြောင်း ၁၀ -
ဆရာရွှေတိုင်ညွန့်က နဂါးနီသီချင်းကို ရေးဖွဲ့ပေးခဲ့ပြီးနောက် မြို့တော်ခန်းမတွင် နဂါးနီအသင်းမိတ်ဆက်ပွဲပြုလုပ်ရာ ဇာတ်လိုက်မင်းသား [[ခင်မောင်ရင်၊ (ရုပ်ရှင်သရုပ်ဆောင်)|ခင်မောင်ရင်]]က သီဆိုပြီး သီတာခင်ထွေးက အကဖြင့် တွဲဖတ်ဖျော်ဖြေခဲ့သည်။ ယင်းပွဲ၌ပင် ဆရာကြီး ဒီးဒုတ်ဦးဘချိုက နဂါးနီအသင်း တည်ထောင်ရခြင်း၏ ရည်ရွယ်ချက်၊ နဂါနီအသင်းမှ ထုတ်ဝေသည့် စာအုပ်များအကြောင်း စသည်ဖြင့် ကျယ်ကျယ်ပြန့်ပြန့် ရှင်းလင်းပြောကြားခဲ့သည်။ ဤသို့ဖြင့် နဂါးနီသီချင်းသည် ပြည်သူများအကြား ပျံ့နှံ့သွားခဲ့သည်။
 
"ကျန်းကျန်းမာမာ ချမ်းချမ်းသာသာ ဘေးရန်ကာဆီးမည်၊ လူမွဲတွေက မနှေးခေတိမှီ၊မနှေးခေတ်မှီ၊ သူဌေးဖြစ်တော့မည်" စသည့် တေးစာသားများက မြန်မာပြည် အနှံ့ရေပန်းစားခဲ့သည်။ ကိုလံဘီယာတိုက်မန်နေဂျာ မစ္စတာကိသ်၏ ခွင့်ပြုချက်ဖြင့် ဗြိတိသျှဘားမားမှ ဓာတ်ပြားအဖြစ် ထုတ်လုပ်ရောင်းချလိုက်သောအခါ ရောင်းမလောက်အောင် စွံခဲ့သည်။ နဂါးနီသီချင်းက နဂါးနီစာအုပ်အသငးကို များစွာ အထောက်အကူ ပြုခဲ့ပါသည်။နဂါးနီစာအုပ်အသင်းကို များစွာအထောက်အကူပြုခဲ့ပါသည်။
 
==အကိုးအကား==