ကွန်ပျူတာ: တည်းဖြတ်မှု မူကွဲများ

စာလုံးပေါင်း ပြင်ခဲ့သည်
စာတွဲ: မိုဘိုင်းလ် app တည်းဖြတ်
→‎ပရိုဂရမ်: စာလုံးပေါင်း ပြင်ခဲ့သည်
စာတွဲ: မိုဘိုင်းလ် app တည်းဖြတ်
စာကြောင်း ၃၅ -
တစ်နည်းအားဖြင့် ပရိုဂရမ်များကို တွက်ချက်ဆောင်ရွက်ခြင်းသည် စာအုပ်တစ်အုပ်ကို ဖတ်သည်နှင့် တူသည်။ ပုံမှန်အားဖြင့် စာအုပ်တွင်းရှိ စာလုံး၊ စာကြောင်းများကို အစီအစဉ်တကျ ဖတ်လေ့ရှိကြသော်လည်း တစ်ခါတစ်ရံတွင် နောက်သို့ ပြန်လှန်ဖတ်ခြင်း၊ စိတ်မဝင်စားသည့် စာပိုဒ်များကိုလည်း ကျော်ဖတ်ခြင်းများကို ပြုလုပ်တတ်ကြပါသည်။ ထိုနည်းတူစွာ ကွန်ပျူတာများသည်လည်း တစ်ခါတစ်ရံ ညွှန်ကြားချက်များကို အခြေအနေပေါ်မူတည်၍ ရှေ့ကျော်၊ နောက်ကျော် ထပ်ကာတလဲလဲ ဆောင်ရွက်တတ်သည်။ ဤသည်ကို ပရိုဂရမ်ဆောင်ရွက်မှု စီးဆင်းပုံ (flow of control) ဟုခေါ်သည်။ ထိုသို့ ခုန်ပြန်ကျော်လွှားပြီး ညွှန်ကြားချက်များကို ထပ်ကာတလဲလဲ ဆောင်ရွက်နိုင်ခြင်းကြောင့် ကွန်ပျူတာများသည် လူသားများ၏ ထိန်းကွပ်မှုမပါပဲ အလိုအလျောက် လုပ်ငန်းဆောင်တာများကို ဆောင်ရွက်နိုင်ခြင်းဖြစ်သည်။
 
ဥပမာအားဖြင့် လူတစ်ဦးသည် အိပ်ဆောင်ဂဏန်းတွက်စက်ကိုအိတ်ဆောင်ဂဏန်းတွက်စက်ကို သုံး၍ ဂဏန်းနှစ်ခု ပေါင်းခြင်းစသည့် အခြေခံဂဏန်းသင်္ချာများကို ခလုပ်တစ်ခု၊ နှစ်ခု နှိပ်၍ လွယ်လင့်တကူ တွက်ချက်နိုင်သည်။ သို့သော် ၁မှ ၁၀⁠၀၀ကြားတွင်းရှိ ဂဏန်းအားလုံးကို ဂဏန်းတွက်စက်ဖြင့် ပေါင်းလိုပါက ခလုပ်များကို အကြိမ်ပေါင်းများစွာနှိပ်ရန် လိုအပ်ပြီး ခလုပ်များ မှားယွင်းနှိပ်မိခြင်းများ ဖြစ်နိုင်သလို အချိန်ကုန်လူပင်ပန်းစရာပင် ဖြစ်ပါသည်။ အခြားတစ်ဖက်တွင်မူ ကွန်ပျူတာများကို ထိုသို့ပေါင်းရန်ကို ညွှန်ကြားချက် အနည်းငယ်မျှသုံး၍ လွယ်လင့်တကူ ခိုင်းစေနိုင်သည်။
{{-}}
mov #0, sum ; sum ကို သုညလို့ သတ်မှတ်ပါ။