တာ့ဂျ်မဟာရ်: တည်းဖြတ်မှု မူကွဲများ

အရေးမကြီး +infobox
No edit summary
စာကြောင်း ၄၇ -
}}
 
'''တာ့ဂျ်မဟာရ်''' ({{lang-en|Taj Mahal}}; {{IPAc-en|ˌ|t|ɑː|dʒ|_|m|ə|ˈ|h|ɑː|l}}) သည် [[အိန္ဒိယနိုင်ငံ]] အာဂရာမြို့ပြင်၊ အာဂရာခံတပ်၏ အ‌ရှေ့ဘက် ၁ မိုင်ခန့်‌ဝေး‌သော လှပသည့် ဥယျာဉ်တစ်ခုတွင်း၌ တည်ရှိသည်။ ကြီးကျယ်ခမ်းနားသော ဂူသင်္ချိုင်းကြီးဖြစ်ပြီး မူဂဲ(Mughal)ဘုရင်မဂိုဘုရင် ရှားဂျာဟန်(Shah Jahan) က သူ၏ ကွယ်လွန်ပြီးခဲ့သော အချစ်မြတ်နိုးဆုံးဇနီး မွန်တာဇ်မဟာရာ(ဂျ်) (Mumtaz Mahal) အတွက်ရည်စူး၍ တည်ဆောက်ခဲ့ခြင်းဖြစ်သည်။
 
တာ့ဂျ်မဟာသည် မဂိုဗိသုကာပညာ၏ အကောင်းဆုံး ဥပမာတစ်ခုအဖြစ် ပြောနိုင်ပြီး အချို့က ကမ္ဘာ‌ပေါ်တွင် အလှဆုံး‌သော အ‌ဆောက်အအုံကြီးဟူ၍ ဆိုကြသည်။ တည်ဆောက်မှုစတိုင်တွင် ပါရှန်း၊ တူရကီ၊ အိန္ဒိယနှင့် အစ္စလာမ် ဗိသုကာစတိုင်၏ အစိတ်အပိုင်းများပေါင်းစပ်ပါဝင်နေသည်။ ၁၉၈၃ ခုနှစ်တွင် တာ့ဂျ်မဟာသည် [[ယူနက်စကို]]၏ [[ကမ္ဘာ့အမွေအနှစ်နေရာ|ကမ္ဘာ့အမွေအနှစ်နေရာများစာရင်း]]တွင် ပါဝင်လာခဲ့ပြီး "မူစလင်အနုပညာ၏ ရတနာ နှင့် အားလုံးက အံ့ဩလေးစားရလောက်သော အလွန်ပြောင်မြောက်သည့် ကမ္ဘာ၏အမွေခံအဆောက်အဦး" ဟု ဖော်ပြထားခဲ့သည်။ ‘တာ့ဂျ်မဟာရ်’ဟူသည်မှာ ‘နန်း များ ထွတ်‌ခေါင်’ဟု အနက်ရ၏။ ရှားဂျဟန်း ဧကရာဇ်ဘုရင် မင်းမြတ်၏ အ‌လောင်းကိုလည်း ဤသင်းချိုင်း၌ပင် မြှုပ်နှံခဲ့ကြ ‌လေသည်။<ref name="မြန်မာ့စွယ်စုံကျမ်း အတွဲ၅">မြန်မာ့စွယ်စုံကျမ်း အတွဲ(၅)</ref>
စာကြောင်း ၆၁ -
 
[[File:Humanyu.JPG|thumb|left|150px|တာ့ဂျ်မဟာရ်နှင့် ဗိသုကာပုံစံခြင်းဆင်တူသော ဟူမာရန်၏ ဂူသင်္ချိုင်း]]
တာ့ဂျ်မဟာရ်တွင် ပါရှန်းနှင့် အစောပိုင်းမဂိုဗိသုကာပညာတို့ကို ပေါင်းစပ်ရုံသာမက ဆန်းသစ်တီထွင်မှုပြုထားသည်။ စိတ်ကူးစိတ်သန်းများမှာ အောင်မြင်ကျော်ကြားသော တီမူရစ်(Timurid) နှင့် မူဂယ်အဆောက်အဦးများဖြစ်သောမဂိုအဆောက်အဦးများဖြစ်သော ဂါအီအေမီရာ (Gur-e Amir) (ဆာမာခန် (Samarkand) ရှိ မဂိုမင်းဆက်ကိုဆက်ခံသူတစ်ဦးဖြစ်သော တီမူအာ(Timur) ၏ ဂူသင်္ချိုင်း)၊ ဟူမာရန်၏ ဂူသင်္ချိုင်း၊ အစ်တမတ်-အုဒ်-ဒါအုလာ(Itmad-Ud-Daulah) ၏ ဂူသင်္ချိုင်း (တစ်ခါတစ်ရံတွင် တာ့ဂျ်မဟာရ်အငယ်စားဟု ညွှန်းဆိုကြသည်။) နှင့် ရှားဂျာဟန်တည်ဆောက်ခဲ့သော ဒေလီရှိ ဂျမားမတ်စ်ဂျစ် (Jama Masjid) ဗလီတို့ကို အတုယူထားသည်။ အစောပိုင်းမူဂယ်အဆောက်အဦးများမျာအစောပိုင်းမဂိုအဆောက်အဦးများမျာ အနီရောင်သဲကျောက်တုန်းများဖြင့် တည်ဆောက်ခဲ့သော်လည်း ရှားဂျာဟန်ကစတင်၍ အဖြူရောင် စကျင်ကျောက်အောက်ခံနှင့် တန်ဖိုးနည်းသော ရတနာကျောက်တို့ကို အသုံးပြုခဲ့သည်။ သူ၏အုပ်ချုပ်မှုအောက်တွင် ရှိသော အဆောက်အဦးတို့မှာ အဆင့်အတန်းတစ်ခုအထိ ပြင်ဆင်မွမ်းမံခြင်းရှိခဲ့သည်။
 
== ဗိသုကာပညာ ==
စာကြောင်း ၆၈ -
 
=== ဂူသင်္ချိုင်း ===
တာ့ဂျ်မဟာ၏ အဓိကနေရာမှာ ကျောက်ဖြူသားအုတ်ဂူဖြစ်သည်။ ခုံးနေသော တံခါးပေါက်ပါရှိသည့် နှစ်ဖက်ညီအချိုးစားကျ အဆောက်အဦးပေါ်တွင်တည်ရှိပြီး အပေါ်မှ ကြီးမားသောအမိုးလုံးကြီးဖြင့် ဖုံးအုပ်ထားသည်။ အခြားသော မူဂယ်ဂူသင်္ချိုင်းမဂိုဂူသင်္ချိုင်း များကဲ့သို့ပင် အဆောက်အဦး၏ အခြေခံအစိတ်အပိုင်းများမှာ ပါရှန်းမှဆင်းသက်လာသော ပုံစံဖြစ်သည်။
 
==== ပြင်ပမွမ်းမံမှု ====