ဘုရင့်နောင်: တည်းဖြတ်မှု မူကွဲများ

→‎တရုတ်စော်ဘွားများခိုဝင်လာခြင်း: စာလုံးပေါင်း ပြင်ခဲ့သည်, သဒ္ဒါပြင်ခဲ့သည်
စာတွဲ: မိုဘိုင်းလ် app တည်းဖြတ်
စာကြောင်း ၁၄၁ -
 
ထိုသို့ ရှမ်းပြည်တလွှားတွင် မငြိမ်မသက်ရှိစဉ် မင်းတရားကြီးလည်း ရှမ်းပြည်ကိုလက်နက်နိုင်ငံအတွင်း သွပ်သွင်းရန်အတွက် စစ်တပ်ကြီးဖွဲ့ကာ စစ်ကြောင်းသုံးကြောင်းခွဲပြီး ချီလေသည်။
* "ကင်းတားရွာငံကြောင်း"ချီတပ်တွင် ညီတော်တောင်ငူမင်းခေါင် နှင့် သားတော်မဟာဥပရာဇာတို့ကို ဦးစီးစေစည်။ဦးစီးစေသည်။ မြင်း ၅ တပ် နှင့် ဆင် ၁၁ တပ်ပါဝင်ပြီး စုစုပေါင်းအင်အားမှာ ဆင် ၃၀ဝ၊ မြင်း ၆၀ဝ၀ နှင့် သူရဲ ၁၂၀ဝ၀ဝ ဖြစ်သည်။ ဟံသာဝတီမှ ကေတုမတီ (တောင်ငူ)၊ ထိုမှတစ်ဆင့် လှိုင်းတက်ကို တိုက်ကာ ကင်းတားရွာငံကြောင်းချီသည်။
* "အင်းဝ-ဆင်ခေါင်းကြောင်း"ချီတပ်ကို အင်းဝဘုရင်ခံ သတိုးမင်းစော ဦးဆောင်သည်။ မြင်း ၅ တပ် နှင့် ဆင် ၁၁ တပ်ပါဝင်ပြီး စုစုပေါင်းအင်အားမှာ ဆင် ၃၀ဝ၊ မြင်း ၆၀ဝ၀ နှင့် သူရဲ ၁၂၀ဝ၀ဝ ဖြစ်ကာ "ကင်းတားရွာငံကြောင်း"ချီတပ်နှင့် အတူတူပင်ဖြစ်သည်။ အင်းဝမှ ဆင်ခေါင်း၊ ထိုမှ အုန်းဘောင်သို့ ချီတက်သည်။
* "ရေကြောင်းချီတပ်တော်"တွင် မင်းတရားကြီးကိုယ်တိုင် ဦးစီးကာ ချီသည်။ ရှေ့ချီတပ် ၁၅ တပ်ထားကာ အလယ်တွင် မင်းတရားကြီး၏ တပ်မကြီး လိုက်သည်။ နောက်တွင် ပြည်ဘုရင်ခံ သတိုးဓမ္မရာဇာဦးစီးသည့် ၆ တပ်လိုက်ရသည်။ တပ် ၂၂ ပေါင်း အင်အားမှာ ရဲလှေပေါင်း ၁၅၀ဝ၊ လှော်ကားသံလှေ ၃၀ဝ၊ ရိက္ခာတင်လှေ ၁၀ဝ၀ နှင့် စစ်သူရဲ ၁၂၀ဝ၀၀ ပါဝင်သည်။
 
* ရေကြောင်းချီတပ်မကြီး ပုဂံ အရောက်တွင် ကုသိုလ်ကောင်းမှုပြုပြီး တလုပ်မြို့သို့ ဆက်လက်ချီတက်သည်။ တလုပ်အရောက်တွင် မိုးညှင်းစားယောက်ဖဖြစ်သူ ပခန်းကြီးစားနှင့် ဗဒုံစားတို့လာရောက်ခစားပြီး မိုးညှင်းစားအား အရဖမ်းကာ ဆက်သမည့်အကြောင်း လျှောက်တင်သည်။ ထိုမှဆက်လက်ထွက်ခွာလာပြီး အင်းဝတောင်ဘက် တောင်ဘီလူး အရောက်တွင် တပ်ချကာနေစဉ် သုံးဆယ်စော်ဘွားက ဆင်နှစ်စီး နှင့်သမီးတော် ကိုလည်းကောင်း၊ မှိုင်းလုံစော်ဘွား (အုန်းဘောင်စော်ဘွားကြီး၏မြေး) က လက်ဆောင်များနှင့် သမီးတော်ကို လည်းကောင်း အသီးသီးဆက်သလာသည်။
* ကင်းတားရွာငံကြောင်းချီတပ်မကို ရှေ့သို့တိုးကာရှေ့သို့တိုး၍ သုံးဆယ်မှ မိုးညှင်း၊ မိုးမိတ် တို့ကိုတိုက်ရန်အမိန့်ပေးကာ သုံးဆယ်စော်ဘွားနှင့်
မှိုင်းလုံစော်ဘွား တို့ကိုပါ ထိုတပ်နှင့်အတူလိုက်ပါချီတက်စေသည်။
* နောက် မင်းတရားကြီးသည် အင်းဝမှ ဖောင်တော်ဖြင့် အညာသီဟတော တိုင်ချီသည်။ ဘယနန်သူ နှင့် ဒေဝကူမ္မာ တို့ကိုမူ ဆင်၁၅၀၊ မြင်း ၁၀ဝ၀ ပါ ကြည်းတပ်ဖြင့် ဧရာဝတီမြစ်ကြောင်းအတိုင်း စမ္ပာယ်နဂိုရ်သို့ ချီတက်စေသည်။ မင်းတရားကြီး သီဟတော အရောက်တွင် ကုသိုလ်ကောင်းမှုပြုအပြီး စမ္ပါယ်နဂိုရ် တစ်ဖက်ကမ်းရှိ မလည်အရပ်တွင် တပ်ချရပ်နားကာနေသည်။ နောက်တပ်ကို ကြည်း၊ ရေ ပြန်ဖွဲ့စည်းပြီးမှ မိုးမိတ်သို့ချီတက်သည်။
စာကြောင်း ၁၆၁ -
* နောက်ဆုံးတွင်မှ တောင်ငူမင်းခေါင်ကို တပ် ၁၀ တပ်ဖြင့် နောက်ချန်တပ်အဖြစ် အသီးသီးချီတက်စေသည်။
 
မိုးကောင်း၊ မိုးညှင်းစားတို့လည်း မင်းတရားကြီး ချီတက်လာသည်ကိုကြားလျှင် မြို့မှထွက်ကာ နွယ်ပတ်ပုတော တွင် တပ်ချကာ အခိုင်အလုံနေသည်။ ထိုအကြောင်းကို ရှေ့မှချီသည့်တပ်ရှေ့မှချီသည့် တပ် ၃ တပ်ကြားလျှင် အောင်ပွဲယူရန် အပြိုင်အဆိုင်ချီတက်ရာ အင်းဝသတိုးမင်းစော ဦးစွာရောက်ပြီးတိုက်ခိုက်အောင်မြင်သည်။ သားတော်မဟာဥပရာဇာတပ်နောက်မှရောက်ပြီး လူသူသုံ့ပန်းများ ဖမ်းဆီးသည်။
 
ထိုအခါ မိုးကောင်းစားလည်း လက်နက်ချ အညံ့ခံသည့်အနေဖြင့်အအညံ့ခံသည့်အနေဖြင့် သက်မှလွတ်ရန်မိုးညှင်းစားကိုအသက်မှလွတ်ရန် မိုးညှင်းစားကို ဖမ်းပြီးဆက်သလာကာ တောင်းပန်သဖြင့် သစ္စာပေးကာ စားမြဲအတိုင်း မိုးကောင်းကို ဆက်စားစေသည်။ မိုးညှင်းကိုမူ သစ္စာခံသူ ဒီပဲယင်းစားအား ပေးစားပြီး "ဇလုံ" ဟူသောဘွဲ့နှင့် စော်ဘွားကြီးအရာကိုလည်းပေးသည်။မိုးညှင်းစော်ဘွား၏သားကိုမူ "မိုးလုံ"ဘွဲ့ဖြင့် ဒီပဲယင်းကိုစားစေသည်။ သို့ဖြင့် ရန်အပေါင်းကုန်စင်လျှင် မင်းတရားကြီးသည်သက္ကရာဇ် ၉၁၉၊ ကဆုန်လဆန်း ၂ ရက် တွင် မိုးကောင်းမှ အင်းဝသို့ ပြန်ပြီး ကဆုန်လပြည့်ကျော် ၁၄ ရက်နေ့တွင် ရောက်သည်။ အင်းဝတွင် အောင်ပွဲရမှုးမတ်များအား ဘွဲ့ထူး၊ ဂုဏ်ထူးများ ချီးမြင့်ပြီး ဝါဆိုလဆန်း ၆ ရက်တွင် အင်းဝမှထွက်ပြီး ဟံသာဝတီသို့ ဝါခေါင်လဆန်း ၁၃ ရက်တွင်ရောက်လေသည်။
 
အထက်ရှမ်းပြည်တလွှားကို လက်နက်နိုင်ငံအဖြစ်သိမ်းသွင်းအပြီးတွင် ယခင်ကတည်းက သစ္စာခံဖြစ်ခဲ့သည့် မိုးနဲစားမှာ ထောင်ထားခြားနားကာ သီပေါကိုတိုက်ခိုက်ပြီး သီပေါစော်ဘွားကိုသတ်လေသည်။ နောက် သုံးဆယ်စော်ဘွားပိုင်နက်တိုင် ကျူးကျော်လေသည်။