စစ်တွေမြို့: တည်းဖြတ်မှု မူကွဲများ

အရေးမကြီး clean up, replaced: Burma → မြန်မာနိုင်ငံ (2) using AWB
စာကြောင်း ၄ -
|other_name =
|pushpin_label_position = bottom
|pushpin_map = Burmaမြန်မာနိုင်ငံ
|pushpin_map_caption = မြို့တည်နေရာပြ မြန်မာနိုင်ငံမြေပုံ
|seat = [[စစ်တွေမြို့]]
|seat_type = မြို့နယ်ရုံးစိုက်ရာမြို့
|settlement_type = [[မြန်မာနိုင်ငံရှိ မြို့များ]]
စာကြောင်း ၄၄ -
==တည်နေရာနှင့် အကျယ်အဝန်း==
စစ်တွေမြို့သည် [[ရခိုင်ပြည်နယ်]]၏ မြို့တော်ဖြစ်သည်။ အုပ်ချုပ်ရေး၊ စီးပွားရေးအချက်အချာကျသည့်မြို့ဖြစ်သည်။ ရခိုင်ပြည်နယ်နှင့် [[စစ်တွေခရိုင်]]ရုံးစိုက်ရာမြို့လည်းဖြစ်သည်။ စစ်တွေမြို့သည် မြောက်လတ္တီတွဒ် ၂ဝံ ၈' အရှေ့လောင်ဂျီတွဒ် မှ ၉၂ံ ၅၄' အကြားတည်ရှိသည်။ မြို့နယ်အကျယ်အဝန်းမှာ (၈၉.၄၂) စတုရန်းမိုင်၊ (၅၇၂၂၈) ဧကရှိသည်။ ရပ်ကွက် (၃၂)ခု၊ ကျေးရွာ အုပ်စု(၃၀)နှင့် ကျေးရွာငယ် (၈၉)ရွာရှိသည်။ စစ်တွေမြို့၏ အရှေ့ဘက်တွင် [[ပေါက်တောမြို့နယ်]]နှင့် [[ကုလားတန်မြစ်]]၊ တောင်ဘက်တွင် [[ဘင်္ဂလားပင်လယ်အော်]]၊ အနောက်ဘက်တွင် ဘင်္ဂလားပင်လယ်အော်နှင့် [[ရသေ့တောင်မြို့နယ်]]၊ မြောက်ဘက်တွင် ကြွီတဲမြစ်၊ [[ပုဏ္ဏားကျွန်းမြို့နယ်]]နှင့် ရသေ့တောင်မြို့နယ်ရှိကြသည်။ ၂၀၀၆ ခုနှစ်တွင် လူဦးရေ(၁၈၁၀၀၀) ရှိနေပြီဖြစ်သည်။ ပင်လယ်ရေမျက်နှာပြင်ထက် ပျမ်းမျှ (၁၅)ပေမြင့်သည်။ စစ်တွေမြို့တွင် [[ရခိုင်လူမျိုး|ရခိုင်]]၊ [[မရမာကြီးလူမျိုး|မရမာကြီး]]၊ [[ကမန်လူမျိုး|ကမန်]]၊ [[ဟိန္ဒူလူမျိုး|ဟိန္ဒူ]]၊ [[ဗမာလူမျိုး|ဗမာ]]နှင့် [[ဘင်္ဂလီ]]လူမျိုးများနေထိုင်လျက် ရှိသည်။
<ref> မောင်ကောက်စံ - ရခိုင်ပြည်နယ်လူမှုစီးပွားပထဝီဝင် ၂၀၀၈ </ref>
 
== သမိုင်းအကျဉ်း==
ရခိုင်ဘုရင်များလက်ထက်က စစ်တွေကျွန်းမှာ ဘုရင့်ရေတပ်မတော်မှ စစ်သည်များ၊ စစ်ကဲများ စခန်းချသည့်နေရာဖြစ်ခဲ့သည်။ ဗြိတိသျှတို့သည် (၁၈၂၆) ခုနှစ်တွင် ရခိုင်ဒေသကို သိမ်းပိုက် ပြီးနောက် မြောက်ဦးမြို့တွင် အုပ်ချုပ်ရေးအခြေပြုခဲ့ရာ ရာသီဥတုမညီမျှ၍ ရေမြေကောင်းမွန်ပြီး စစ်ရေးစစ်ရာအချက်အချာကျသော ကုလားတန်မြစ်ဝနေရာသို့ ပြောင်းရွေ့အခြေစိုက်ခဲ့ခြင်း ဖြစ်သည်။ <ref> စွယ်စုံကျမ်း အတွဲ (၄)၊ အပိုင်း(က) </ref> ယခင်ဘုရင်များလက်ထက်က စစ်တပ်များချခဲ့ရာအရပ်ဖြစ်၍ မူလစစ်တဲဆိုသောဝေါဟာရမှ စစ်တေး၊ ထိုမှ စစ်တွေဟုပြောင်းလဲလာခြင်းဖြစ်ကြောင်းဆိုကြသည်။ တဖန် စစ်တွေမြို့၏ အနောက်ဘက် (၂)မိုင်ခန့်အကွာတွင် အံတော်ဓါတ်ကိန်းဝပ်သည့် စေတီတော်ရှိသည်။ အံတော်ဓါတ်စေတီကို အစွဲပြု၍ အံကျိန်းမှ အာကျိတ်၊ အာကျိတ်မှ အာကျပ်ဟု ပြောင်းလဲလာသည်ဟုဆိုကြသည်။ အင်္ဂလိပ်တို့က စစ်တွေမြို့ကို (Akyab) အာကျပ်ဟုခေါ်ခဲ့ကြသည်။ ရခိုင်တို့ကမူ စစ်တွေမြို့ဟုသာခေါ်ကြသည်။
 
==မြေမျက်နှာသွင်ပြင်နှင့်ရာသီဥတု==
စာကြောင်း ၆၇ -
 
==ပညာရေး==
စစ်တွေမြို့တွင် အခြေခံပညာရေး အထက်တန်း၊ အလယ်တန်း၊ မူလတန်းကျောင်းများ တည်ရှိပြီး၊ အဆင့်မြင့်ပညာရေး အနေဖြင့် [[စစ်တွေတက္ကသိုလ်]]၊ အဝေးသင်တက္ကသိုလ်၊ [[စစ်တွေနည်းပညာတက္ကသိုလ်]]၊ [[ကွန်ပျူတာတက္ကသိုလ်(စစ်တွေ)|စစ်တွေကွန်ပျူတာတက္ကသိုလ်]] တို့တည်ရှိသည်။ ထို့ပြင် လက်မှုပညာသင်တန်းကျောင်း၊ သူနာပြုသင်တန်းကျောင်းနှင့် အိမ်တွင်းမှုရက္ကန်းကျောင်းများလည်းရှိ သည်။ <ref> ကြေးမုံသတင်းစာ </ref>
 
== စစ်တွေမြို့၏ အထင်ကရနေရာများ ==