သန်းငြိမ်း: တည်းဖြတ်မှု မူကွဲများ

အရေးမကြီး re-cat
No edit summary
စာကြောင်း ၁ -
[[File:Dr. Than Nyein.jpg|thumb|ဒေါက်တာ သန်းငြိမ်း]]
ဒေါက်တာသန်းငြိမ်းကို (၅-၈-၁၉၃၈ ) ရက်နေ့တွင် [[ရန်ကုန်တိုင်း]]၊ [[ကျောက်တန်းမြို့|ကျောက်တန်းမြို့နယ်]]၊ [[ခနောင်အရှေ့ ]]ကျေးရွာတွင် အဖ ဦးတင်ညွှန့်၊ အမိ ဒေါ်ခင်ညွန့်တို့မှ မွေးဖွားသည်။ ၁၉၅၄ ခုတွင် [[ရန်ကုန်မြို့]] [[မြို့မ အထက်တန်းကျောင်း]] တွင် တက္ကသိုလ်ဝင်တန်းအောင်သည်အထိ ပညာသင်ကြားခဲ့သည်။ [[ဆေးတက္ကသိုလ်(၁) ရန်ကုန်|ရန်ကုန်ဆေးတက္ကသိုလ်]]မှ ဆရာဝန်ဘွဲ့ကို ၁၉၆၃ ခုနှစ်တွင် ရရှိခဲ့သည်။ တက္ကသိုလ်တက်နေစဉ်အတွင်း ကျောင်းသားလှုပ်ရှားမှုများနှင့် ရန်ကုန်ဆေးတက္ကသိုလ်ကျောင်းသားသမဂ္ဂတွင် ပါဝင်ခဲ့သည်။ [[တောင်ငူခရိုင်]]နှင့်[[မြင်းခြံခရိုင်]]တွင် [[အနာကြီးရောဂါ]] တိုက်ဖျက်ရေးအဖွဲ့ ခေါင်းဆောင်အဖြစ်လည်းကောင်၊ မြင်းခြံဆေးရုံတွင် လက်ထောက်ဆရာဝန်အဖြစ်လည်းကောင်း၊ မြို့နယ်ဆရာဝန်အဖြစ် [[ကျောက်ကြီး]]၊ [[ရေကြည်]]နှင့် [[ရှမ်းပြည်]]၊ [[ဖယ်ခုံမြို့နယ်]]တွင် လည်းကောင်း၊ ကုလသမဂ္ဂစေတနာ့ဝန်ထမ်းဆရာဝန်အဖြစ် သိရိလင်္ကာနိုင်ငံတွင် (၁၉၈၄-၈၆အထိ) လည်းကောင်း၊ ဆောင်ရွက်ခဲ့သည်။
၁၉၈၈အရေးတော်ပုံတွင် ပါဝင်မှုဖြင့် ဖယ်ခုံရဲစခန်းတွင် အချုပ်ခံရပြီးနောက် ပင်စင်အပေးခံခဲ့ရသည်။ ကျောက်တန်းမြို့နယ်တွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်သို့[[အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်]]သို့ ပါတီဝင်တစ်ဦးအဖြစ် ဝင်ရောက်ခဲ့ပြီး မြို့နယ်ဥက္ကဌတာဝန်ကို ထမ်းဆောင်ခဲ့သည်။ ၁၉၉၀ ရွေးကောက်ပွဲတွင် ကျောက်တန်းမြို့နယ်မဲဆန္ဒနယ်မြေမှ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်အဖြစ် တင်မြှောက်ခံရသည်။
 
၁၉၉၆ ခုနှစ်တွင် ရန်ကုန်တိုင်းစည်းရုံးရေးကော်မတီတွင် ဒု-ဥက္ကဌအဖြစ် တာဝန်ပေးခံရသည်။ ၁၉၉၇ခုနှစ်တွင် ဆေးခန်းဖွင့်သည့်ကိစ္စဖြင့် တရားစွဲခံရပြီး ဆမလက်မှတ် သိမ်းဆည်းခံခဲ့ရသည်။ ၁၉၉၇ ခုနှစ် အောက်တိုဘာလတွင် မရမ်းကုန်းမြို့နယ် လူငယ်ဖွဲ့စည်းရေးကိစ္စဆောင်ရွက်မှုဖြင့် ဒေါ်မေဝင်းမြင့်တို့နှင့်အတူ ဖမ်းဆီးခံရပြီး ထောင်ဒဏ်(၇)နှစ် ချမှတ်ခံခဲ့ရသည်။ ရန်ကုန်ထောင်၊ ပြည်ထောင်၊ ပေါင်းတည်ထောင်များတွင် နေခဲ့ရသည် ။ လွတ်ရက်စေ့သော်လည်း ပုဒ်မ ၁၀(က)ဖြင့် တစ်နှစ်စီတိုးပြီး သုံးကြိမ်တိုင်တိုင် ဆက်လက်ချုပ်နှောင်ခံခဲ့ရသည်။ ၂၀ဝ၈ခုနှစ် ၊ စက်တင်ဘာလတွင် အကျဉ်းထောင်မှ ပြန်လည်လွတ်မြောက်ခဲ့သည်။
 
 
ထောင်မှလွတ်ပြီး NLD ရန်ကုန်တိုင်း ဒု-ဥက္ကဌ တာဝန်ကို ဆက်လက်ထမ်းဆောင်ခဲ့သည်။ ၂၀ဝ၉ခုနှစ်တွင် ဗဟိုအလုပ်အမှုဆောင်ကော်မတီ အထောက်အကူပြုအဖွဲ့ဝင်အဖြစ် တာဝန်ပေးအပ်ခံရသည်။ [[ရွှေဂုံတိုင်စာတမ်း]]ကို ပြုစုသောအဖွဲ့တွင် တစ်ဦးအပါအဝင် ဖြစ်သည်။ ၂၀၁၀ခုနှစ်တွင် ဗဟိုအလုပ်အမှုဆောင်ကော်မတီဝင် အဖြစ် တာဝန်ပေးအပ်ခံရသည်။ ၂၀၁၀ ခုနှစ်၊ မတ်လတွင် NLD ပါတီကို ထပ်မံမှတ်ပုံတင်ရန်နှင့် ရွေးကောက်ပွဲဝင်သင့်ကြောင်းကို ဦးဆောင်ဆွေးနွေးခဲ့သည်။ NLD ပါတီ တရားဝင်သက်တမ်းကုန်သည့်နေ့ (၆-၅-၂၀၁၀)ရက်နေ့အထိ ပါတီနှင့်အတူ ရှိနေခဲ့သည်။ ရွေးကောက်ပွဲလမ်းကြောင်းမှတဆင့် ဒီမိုကရေစီစနစ်သို့ သွားရောက်နိုင်ရန်အတွက် နိုင်ငံရေးပါတီတစ်ခု တည်ရှိရန် လိုအပ်ခြင်းနှင့် မပြီးဆုံးသေးသော တာဝန်များကို ဆက်လက်ထမ်းရွက်နိုင်ရန်အတွက် အမျိုးသား ဒီမိုကရေစီအင်အားစု (National Democratic Force, NDF) ပါတီကို ဇွန်လတွင် ထူထောင်ခဲ့သူများတွင် တစ်ဦး အပါအဝင်ဖြစ်သည်။ ပါတီတရားဝင် မှတ်ပုံတင်ကျပြီးနောက် ဗဟိုအလုပ်အမှုဆောင်ကော်မတီ ဥက္ကဌအဖြစ် တာဝန်ယူဆောင်ရွက်ခဲ့သည်။
Line ၁၂ ⟶ ၁၁:
အတွင်းရေးမှူး (၁) ဝန်ကြီးချုပ် ဗိုလ်ချုပ်ကြီး [[ခင်ညွန့်]]၏ ဇနီး ဒေါက်တာ ဒေါ်ခင်ဝင်းရွှေ နှင့် ဒေါက်တာ သန်းငြိမ်း မှာမောင်နှမ အရင်း ဖြစ်ပါသည်။
ဇနီးသည်မှာ ဒေါ်ခင်အေး ဖြစ်သည်။
 
==ဘဝနိဂုံး==
ဆရာကြီး ဒေါက်တာသန်းငြိမ်း သည် အသက် ၇၆ နှစ်အရွယ်တွင် ၂၀၁၄ ခုနှစ် မေလ ၂၁ ရက်နေ့ တွင် ရန်ကုန် ပင်လုံဆေးရုံကြီးတွင် ကွယ်လွန်သွားသည်။<ref>http://www.elevenmyanmar.com/index.php?option=com_content&view=article&id=6211:ndf-leader-dr-than-nyein-dies-of-lung-cancer&catid=44:national&Itemid=384</ref>