အဏုမြူ လက်နက်: တည်းဖြတ်မှု မူကွဲများ
Content deleted Content added
စာမျက်နှာအသစ်: thumb|200px|1945 ခုနှစ် ဂျပန်နိုင်ငံ [[နာဂါစာကီမြို့အား အက... |
အရေးမကြီးNo edit summary |
||
စာကြောင်း ၅ -
သမားရိုးကျဗုံးများထက် အရွယ်အစား၊ အလေးချိန်အားဖြင့် သေးငယ်ပေါ့ပါးသည့် အဏုမြူဗုံးများသည် မြို့ကြီးတမြို့လုံးကို ဖျက်ဆီးပစ်နိုင်စွမ်းရှိသည်။ ထို့ကြောင့် ကမ္ဘာ့နိုင်ငံသီးသီးက အဏုမြူလက်နက်အား [[ဖျက်အားပျင်းလက်နက်]] (Weapons of Mass Destruction, WMD) အဖြစ် သတ်မှတ်ကာ အဏုမြူလက်နက် မပျံ့ပွားရေးသည်လည်း အပြည်ပြည်ဆိုင်ရာ ဆက်ဆံရေးတွင် အာရုံစူးစိုက်နေသည့် အရေးကြီးသည့် အကြောင်းအရာ တရပ်ဖြစ်သည်။
ကမ္ဘာ့သမိုင်းတွင် တိုက်ခိုက်သည့် ရည်ရွယ်ချက်ဖြင့် အဏုမြူဗုံး နှစ်လုံးကိုသာ [[ဒုတိယ ကမ္ဘာစစ်]]ကြီး ပြီးခါနီးတွင် ကြဲချခဲ့သည်။
ဟီရိုရှီးမားနှင့် နာဂါစာကီ ဗုံးကြဲတိုက်ခိုက်မှုပြီးနောက် အစမ်းသဘောဖြင့်သော်လည်းကောင်း၊ အင်အားပြသသည့် အနေဖြင့်သော်လည်းကောင်း အဏုမြူလက်နက်များကို အကြိမ်ပေါင်း ၂၀၀၀ ကျော် စမ်းသပ်ဖောက်ခွဲခဲ့သည်။ ယနေ့အထိ အမေရိကန် ပြည်ထောင်စု၊ ရုရှား၊ ယူကေ၊ ပြင်သစ်၊ တရုတ်၊ အိန္ဒိယ၊ ပါကစ္စတန်နှင့် မြောက်ကိုးရီးယား စသည့် နိုင်ငံများသည် အဏုမြူလက်နက်များကို ပိုင်ဆိုင်ကြသည်။ အစ္စရေးတို့တွင်လည်း အဏုမြူ လက်နက်များ ရှိနိုင်သည်ဟု အများက ယုံကြည်ကြသည်။
|