အဏုမြူ လက်နက်: တည်းဖြတ်မှု မူကွဲများ

အရေးမကြီးNo edit summary
အရေးမကြီးNo edit summary
စာကြောင်း ၅ -
သမားရိုးကျဗုံးများထက် အရွယ်အစား၊ အလေးချိန်အားဖြင့် သေးငယ်ပေါ့ပါးသည့် အဏုမြူဗုံးများသည် မြို့ကြီးတမြို့လုံးကို ဖျက်ဆီးပစ်နိုင်စွမ်းရှိသည်။ ထို့ကြောင့် ကမ္ဘာ့နိုင်ငံသီးသီးက အဏုမြူလက်နက်အား [[ဖျက်အားပျင်းလက်နက်]] (Weapons of Mass Destruction, WMD) အဖြစ် သတ်မှတ်ကာ အဏုမြူလက်နက် မပျံ့ပွားရေးသည်လည်း အပြည်ပြည်ဆိုင်ရာ ဆက်ဆံရေးတွင် အာရုံစူးစိုက်နေသည့် အရေးကြီးသည့် အကြောင်းအရာ တရပ်ဖြစ်သည်။
 
ကမ္ဘာ့သမိုင်းတွင် တိုက်ခိုက်သည့်အဏုမြူလက်နက်များအား ရည်ရွယ်ချက်ဖြင့်တိုက်ခိုက်ရေး အဏုမြူဗုံးလက်နက်အဖြစ် နှစ်လုံးကိုသာနှစ်ကြိမ်သာ အသုံးပြုခဲ့သည်။ [[ဒုတိယ ကမ္ဘာစစ်]]ကြီး ပြီးခါနီးတွင် ကြဲချခဲ့သည်။ ပြီးခါနီး ၁၉၄၅ ခုနှစ် ဩဂုတ်လ ၆ ရက် မနက်တွင် [[အမေရိကန်ပြည်ထောင်စု|အမေရိကန်]]တို့က [[ဂျပန်နိုင်ငံ]] [[ဟီရိုရှီးမားမြို့]]အားလည်းကောင်း၊ ၃ ရက်ကြာပြီးနောက် နာဂါစာကီမြို့အားလည်းကောင်း အက်တောမစ်ဗုံးဖြင့် တိုက်ခိုက်ခဲ့သည်။ ဤဗုံးနှစ်လုံးပေါက်ကွဲအားနှင့် ရေဒီယိုသတ္တိကြွ ပစ္စည်းများကြောင့် အများစုမှာ အရပ်သားများ ဖြစ်ကြသည့် လူပေါင်း ၁၂၀,၀၀၀ ခန့် အသက်ဆုံးရှုံးခဲ့သည်။ ရေဒီယိုသတ္တိကြွ ပစ္စည်းများ၏ နောက်အကျိုးဆက်များကြောင့်လည်း လူပေါင်းများစွာ သေကြေပျက်စီးခဲ့ရသည်။
 
ဟီရိုရှီးမားနှင့် နာဂါစာကီ ဗုံးကြဲတိုက်ခိုက်မှုပြီးနောက် အစမ်းသဘောဖြင့်သော်လည်းကောင်း၊ အင်အားပြသသည့် အနေဖြင့်သော်လည်းကောင်း အဏုမြူလက်နက်များကို အကြိမ်ပေါင်း ၂၀၀၀ ကျော် စမ်းသပ်ဖောက်ခွဲခဲ့သည်။ ယနေ့အထိ အမေရိကန် ပြည်ထောင်စု၊ ရုရှား၊ ယူကေ၊ ပြင်သစ်၊ တရုတ်၊​ အိန္ဒိယ၊​ ပါကစ္စတန်နှင့် မြောက်ကိုးရီးယား စသည့် နိုင်ငံများသည် အဏုမြူလက်နက်များကို ပိုင်ဆိုင်ကြသည်။ အစ္စရေးတို့တွင်လည်း အဏုမြူ လက်နက်များ ရှိနိုင်သည်ဟု အများက ယုံကြည်ကြသည်။