အဏုမြူ လက်နက်: တည်းဖြတ်မှု မူကွဲများ

အရေးမကြီးNo edit summary
အရေးမကြီးNo edit summary
စာကြောင်း ၃ -
'''အဏုမြူလက်နက်'''သည် နျူကလီးယား ကွဲထွက်ခြင်းနှင့် ပေါင်းစပ်ခြင်း အပါအဝင် ဓာတ်ပြုမှု တသီတတန်းကြီးကို အစွဲပြုပြီး ပေါက်ကွဲစေသည့် လက်နက်ပစ္စည်း တစ်မျိုးဖြစ်သည်။ ဓာတ်ပြုမှု နှစ်မျိုးစလုံးတွင် အလွန်အမင်း သေးငယ်သည့် ဒြပ်ထုမှ အဆမတန် ကြီးမားသည့် စွမ်းအင်များကို ထုတ်လွှတ်နိုင်သည်။ <ref>Specifically the US [[B83 nuclear bomb]], with a yield of up to 1.2 [[TNT equivalent|Megatons]].</ref>
 
သမားရိုးကျဗုံးများထက် အရွယ်အစား၊ အလေးချိန်အားဖြင့် သေးငယ်ပေါ့ပါးသည့် အဏုမြူဗုံးများသည် မြို့ကြီးတမြို့လုံးကို ဖျက်ဆီးပစ်နိုင်စွမ်းရှိသည်။ ထို့ကြောင့် ကမ္ဘာ့နိုင်ငံသီးသီးက အဏုမြူလက်နက်အား [[ဖျက်အားပျင်းလက်နက်]] (Weapons of Mass Destruction, WMD) အဖြစ် သတ်မှတ်ကာ [[အဏုမြူလက်နက် မပျံ့ပွားရေးသည်လည်းမပျံ့ပွားရေး စာချုပ်|အဏုမြူလက်နက် မပျံ့ပွားရေး]]သည်လည်း အပြည်ပြည်ဆိုင်ရာ ဆက်ဆံရေးတွင် အာရုံစူးစိုက်နေသည့် အရေးကြီးသည့် အကြောင်းအရာ တရပ်ဖြစ်သည်။
 
ကမ္ဘာ့သမိုင်းတွင် အဏုမြူလက်နက်များအား တိုက်ခိုက်ရေး လက်နက်အဖြစ် နှစ်ကြိမ်သာ အသုံးပြုခဲ့သည်။ [[ဒုတိယ ကမ္ဘာစစ်]]ကြီး ပြီးခါနီး ၁၉၄၅ ခုနှစ် ဩဂုတ်လ ၆ ရက် မနက်တွင် [[အမေရိကန်ပြည်ထောင်စု|အမေရိကန်]]တို့က [[ဂျပန်နိုင်ငံ]] [[ဟီရိုရှီးမားမြို့]]အားလည်းကောင်း၊ ၃ ရက်ကြာပြီးနောက် နာဂါစာကီမြို့အားလည်းကောင်း အက်တောမစ်ဗုံးဖြင့် တိုက်ခိုက်ခဲ့သည်။ ဤဗုံးနှစ်လုံးပေါက်ကွဲအားနှင့် ရေဒီယိုသတ္တိကြွ ပစ္စည်းများကြောင့် အများစုမှာ အရပ်သားများ ဖြစ်ကြသည့် လူပေါင်း ၁၂၀,၀၀၀ ခန့် အသက်ဆုံးရှုံးခဲ့သည်။ ရေဒီယိုသတ္တိကြွ ပစ္စည်းများ၏ နောက်အကျိုးဆက်များကြောင့်လည်း လူပေါင်းများစွာ သေကြေပျက်စီးခဲ့ရသည်။