ဂျိုးဆက် ဝေဇမ်ဘောင်း: တည်းဖြတ်မှု မူကွဲများ

စာမျက်နှာအသစ်: Joseph Weizenbaumကို၁၉၂၃ခုနှစ၊်ဇန်နဝါရီလ၈ရက်မှာဘာလင်မြို့တွင်မွ...
(ကွဲပြားမှု မရှိ)

၀၈:၁၁၊ ၁၃ အောက်တိုဘာ ၂၀၀၉ ရက်နေ့က မူ

Joseph Weizenbaumကို၁၉၂၃ခုနှစ၊်ဇန်နဝါရီလ၈ရက်မှာဘာလင်မြို့တွင်မွေးဖွားခဲ့ပါတယ်။သူဟာ ဂျာမန် အမေရိကန်လူမျိုးဖြစ်ပြီးတော့MITမှာရှိတဲ့ကွန်ပျူတာသိပ္ပံကပရော်ဖက်ဆာနဲ့စာရေးဆရာဖြစ်ပါတယ်။ သူဟာဂျူးမိသားစုများကဖွားခဲ့သူဖြစ်ပြီး၁၉၃၅ခုနှစ်မှာနာဇီဂျာမနီတို့ရဲ့လက်အတွင်းက လွတ်မြောက်ခဲ့ပြီးသူ့ ရဲ့မိသားစုဟာအမေရိကန်နိုင်ငံကိုပြောင်းရွှေ့ခဲ့ကြပါတယ်။သူဟာအမေရိကန်နိုင်ငံမှာ ၁၉၄၁ခုနှစ်ကစတင်လို့ သင်္ချာ ပညာရပ်ကိုစတင်လေ့လာခဲ့ပါတယ်။ဒါပေမယ့်သူ့ရဲ့လေ့လာမှုဟာစစ်ပွဲကြောင့်ရပ်ခဲ့ရပြီးအဲဒီအတောအ တွင်းသူဟာစစ်ပွဲမှာတာဝန်ထမ်းဆောင်ခဲ့ရပါတယ်။၁၉၅၂ခုနှစ်တွေအတွင်းမှာသူဟာကွန်ပျူတာတွေနဲ့ လုပ် ကိုင်ခဲ့ရပြီးWayneပြည်နယ်တက္ကသိုလ်အတွက်ဒီဂျစ်တယ်ကွန်ပျူတာကို သူကတီထွင်ပေးပြီးကူညီမှုပြုခဲ့ပါ တယ်။ ၁၉၅၆ခုနှစ်မှာ သူဟာဘဏ်စနစ်အတွက် ပထမဆုံးကွန်ပျူတာကိုသုံးစွဲပြီးတော့ General Electric မှာ လုပ်ကိုင်ပေးခဲ့ပါတယ်။၁၉၆၄ခုနှစ်မှာMIT မှာဝင်ရောက်ပြီးတာဝန်ထမ်းဆောင်ခဲ့ပါတယ်။ ၁၉၆၂ခုနှစ်မှာ သူ ကELIZA လို့ခေါ်တဲ့ရိုးရှင်းတဲ့ပရိုဂရမ်ကို ထုတ်ခဲ့ပါတယ်။ဒီပရိုဂရမ်ဟာ ယခုသုံးစွဲနေတဲ့ chatter bots လို့ခေါ် တဲ့ပရိုဂရမ်ပါ။သူ့ရဲ့၁၉၇၆ခုနှစ်မှာထုတ်တဲ့Computer Powerနဲ့ Human Reason စာအုပ်ဟာလွှမ်းမိုးမှုရှိတဲ့ စာအုပ်တစ်ခုပါ။သူဟာကွန်ပျူတာတွေကိုအရေးပါတဲ့ဆုံးဖြတ်ချက်တွေချခိုင်းဖို့ခွင့်မပြုပါဘူး။ဘာကြောင့်လဲ ဆိုတော့ ကွန်ပျူတာတွေဟာ လူသားတွေမှာရှိတဲ့အရည်အသွေးတွေဖြစ်တဲ့ ဉာဏ်ပညာနဲ့ဆက်စပ်တွေးခေါ် ပေါင်းစည်းယူမှုတွေမ လုပ်နိုင်တဲ့အတွက်ကြောင့် ဖြစ်ပါတယ်။ Weizanbaum က SLIPပရိုဂရမ်ဘာသာရပ် ကို ဖန်တီးခဲ့ပါတယ်။ ၁၉၉၆မှာ Weizanbaum ကဘာလင်ကိုရွှေ့ပြောင်းခဲ့ပြီး သူ့မိဘတွေ နေခဲ့တဲ့နေရာမှာ ပြန်ပြီးနေထိုင်ခဲ့ပါတယ်။Weizanbaum ရဲ့အတ္ထုပ္ပတ္တိကို ၂၀ဝ၇ခုနှစ်မှာ ရုပ်ရှင်အဖြစ်ရိုက်ကူးခဲ့ပါတယ်။အဲဒီ ရုပ်ရှင်ကိုဂျာမနီမှာဖြန့်ချိခဲ့သလို အင်္ဂလိပ်လိုပါထုတ်ဝေပေးခဲ့ပါတယ်။ သူဟာသေဆုံးတဲ့အထိဘာလင်မှာရှိ တဲ့ အီလက်ထရောနစ်စီးပွားရေးလုပ်ငန်းInstitute မှာ သိပ္ပံကောင်စီရဲ့ဥက္ကဋ္ဌအဖြစ် တာဝန်ထမ်းဆောင်ခဲ့ပါ တယ်။ Weizanbaum ဟာMITမှာလုပ်ကိုင်သလိုပဲ ဟားဗတ်၊စတန်းဖို့လ်နဲ့ ဘာလင်တက္ကသိုလ်အပြင် အခြား သောတက္ကသိုလ်တွေအတွက်လည်း ပညာရေးဆိုင်ရာလုပ်ငန်းတွေအတွက်ဝိုင်းဝန်းကူညီလုပ်ကိုင်ပေးခဲ့ပါ တယ်။ Weizanbaumဟာ၂၀ဝ၈ခုနှစ်မတ်လ၅ရက်နေ့မှကွယ်လွန်ခဲ့ပြီးဘာလင်မြို့ရှိ ဂျူးသုသာန်မှာမြေမြှုပ် ခဲ့ပါတယ်။ အများပြည်သူအမှတ်တရနေ့အဖြစ် ဘာလင်မြို့မှာ ၂၀ဝ၈ခုနှစ် မတ်လ၁၈ရက်နေ့ကိုသတ်မှတ် ပေးခဲ့ပါတယ်