"အာဇာနည် ခေါင်းဆောင်ကြီးများ" ၏ တည်းဖြတ်မှု မူကွဲများ

အရေးမကြီး
The file Image:1.jpg has been removed, as it has been deleted by commons:User:The Evil IP address: ''numbers only filenames titleblacklisted now''. ''Translate me!''
(စာမျက်နှာအသစ်: ၁၉၄၇ ခုနှစ် ဇူလိုင်လ ၁၉ ရက်နေ့တွင် မြန်မာ နိုင်ငံ၊ [[ရန်က...)
 
အရေးမကြီး (The file Image:1.jpg has been removed, as it has been deleted by commons:User:The Evil IP address: ''numbers only filenames titleblacklisted now''. ''Translate me!'')
== ဗိုလ်ချုပ် အောင်ဆန်း (၁၉၁၅ - ၁၉၄၇) ==
{{main | ဗိုလ်ချုပ် အောင်ဆန်း}}
 
[[image:1.jpg|thumb]]
၁၉၁၅ ခု၊ ဖေဖော်ဝါရီလ ၁၃ ရက်နေ့တွင် မကွေးတိုင်း၊ တောင်တွင်းကြီး ခရိုင်၊ နတ်မောက်မြို့၌ အမိန့်တော်ရ ရှေ့နေ ဦးဖာ - ဒေါ်စု တို့မှ နောင်တခေတ်တွင် ဗိုလ်ချုပ် အောင်ဆန်း ဟူ၍ မြန်မာ နိုင်ငံ သမိုင်း၌ တွင်စေမည့် သားရတနာကို ဖွားမြင် ခဲ့သည်။ ဇာတာ အမည်မှာ မောင်ထိန်လင်း ဖြစ်သော်လည်း ငယ်စဉ် ကပင် မောင်အောင်ဆန်းဟု တွင််သည်။ ငယ်စဉ်က နတ်မောက်မြို့ ဆရာတော် ဦးသောဘိတ ကျောင်း၌ နေခဲ့သည်။ ၁၉၂၈ ခုတွင် ရေနံချောင်း အမျိုးသား အထက်တန်း ကျောင်းသို့ ပြောင်းရွှေ့ ပညာ သင်ယူ ခဲ့ပြီး၊ ယင်းကျောင်းမှ မြန်မာ၊ ပါဠိ ၂ ဘာသာ ဂုဏ်ထူးဖြင့် ၁ဝ တန်း အောင်မြင် ခဲ့သည်။ ပညာ ထူးချွန်သူ ဖြစ်၍ အထက်တန်း စကောလားရှစ်နှင့် ဦးရွှေခိုဆု ရရှိခဲ့ ဖူးသည်။ ထိုနောက် ရန်ကုန် တက္ကသိုလ်သို့ တက်ရောက်ပြီး ဆက်လက် ပညာ ဆည်းပူး ခဲ့သည်။ ၁၉၃၅ - ၃၆ ပညာ သင်နှစ်မှ စ၍ ရန်ကုန် တက္ကသိုလ် ကျောင်းသား သမဂ္ဂ အမှုဆောင် အဖွဲ့ဝင် ဖြစ်လာ ခဲ့ပြီး၊ သမဂ္ဂ၏ အာဘော် အိုးဝေ မဂ္ဂဇင်း အယ်ဒီတာလည်း လာခဲ့သည်။ ကိုအောင်ဆန်း အယ်ဒီတာ အဖြစ် ဆောင်ရွက်သော အိုးဝေ မဂ္ဂဇင်းတွင် ယမမင်း အမည် အိုးဝေ ညိုမြ ရေးသားသော “ငရဲခွေးကြီး လွတ်ပြီး သရမ်း နေသည် (The Hell Hound At Large)” ခေါင်းစဉ်ဖြင့် ပေးစာ တစောင် ဖော်ပြခဲ့ မှုသည်လည်း ၁၉၃၆ ဒုတိယ ကျောင်းသား သပိတ် ဖြစ်ပွား စေခဲ့သော အဓိက အကြောင်းရင်း တချက် ဖြစ်သည်။ ၁၉၃၆ ဒုတိယ ကျောင်းသား သပိတ်၏ သပိတ်မှောက် ကောင်စီ အဖွဲ့ဝင် တဦးလည်း ဖြစ်ခဲ့သည်။
 
၁၇၄၅

တည်းဖြတ်မှုများ