ကကုသန်: တည်းဖြတ်မှု မူကွဲများ

No edit summary
အရေးမကြီး robot Adding: en:Kakusandha, zh:拘留孫佛
စာကြောင်း ၄ -
 
ခေမံပြည်မှ အဂ္ဂိဒတ္ထပုဏ္ဏားနှင့် ဝိသာခါပု​​​ေဏ္ဏးမတို့၏သားဖြစ်။ အရွယ်ရောက်သော် သင့်မြတ်သော သတို့သမီးနှင့် လက်ထပ်ထိမ်းမြား၏၊ သားတော်ဥတ္တရကို ဖွားမြင်ပြီးနောက် လောကီ စည်းစိမ်ကို စွန့်ပယ်ကာ တောထွက်တော်မူသည်။ ရှစ်လ-ကာမ~ ဒုက္ကရစရိယာ ကျင့်တော်မူပြီးနောက် ကိုက္ကို့ဗောဓိပင်ရင်းဝယ် သဗ္ဗညုတဉာဏ်တော်ကို ရရှိ၍ ဘုရားဖြစ်တော်မူသည်။ ထိုမြတ်စွာဘုရား၏ အဂ္ဂသာဝက တပည့်နှစ်ပါးကား ရှင်ဝိဓူရနှင့် ရှင်သိဉ္စီဝတို့ဖြစ်သည်။ အလုပ် အကြွေး (တပည့်)ကား ရှင်ဗဒ္ဓိဇော ဖြစ်သည်။ ထိုမြတ်စွာဘုရား၏ ဉာဏ်တော်အမြင့်သည် အတောင် လေးဆယ် ဖြစ်၏၊ သက်တော် အနှစ်သုံးသောင်း နှစ်ထောင်တွင် ခေမာရုံတွင် ပရိနိဗ္ဗာန်စံတော်မူရာ ကြွင်းသောဓာတ်တော်အစုကို ဌာပနာ၍ တစ်ဂါဝုတ်မြင့်သော စေတီတော်ကို တည်ထားကိုးကွယ်ကြသည်။ ထိုခေတ်ထိုအခါက လူတို့၏သက်တမ်းမှာ နှစ်ပေါင်း ၄ သောင်းဖြစ်သည်။
 
[[en:Kakusandha]]
[[zh:拘留孫佛]]