နန်ကျင်းစာချုပ်: တည်းဖြတ်မှု မူကွဲများ

အရေးမကြီးNo edit summary
No edit summary
စာကြောင်း ၂၃ -
== အကျိုးဆက် ==
=== နိုင်ငံရေး ===
နိုင်ငံရေးအားဖြင့်တွက်လျှင် တရုတ်တို့မှာ အားနည်းသည်ထက် အားနည်းသွားရပြီး ဗြိတိသျှတို့အနေဖြင့် တရုတ်မြေပေါ်တွင် အခြားသော ဥရောပပြိုင်ဖက်များထက် စောစီးစွာ လက်ဦးမှုရယူနိုင်ခဲ့သည်ဟု ဆိုရပေမည်။ ထိုအခြေအနေကြောင့် အခြားသော ဥရောပနိုင်ငံများနှင့် အာရှအင်အားကြီး ဂျပန်နိုင်ငံတို့သည် တရုတ်နိုင်ငံ၏ အချက်အခြာကျသည့်၊ အရေးပါသည့် မြို့ကြီးများအား အုပ်စီးမိရန် အပြိုင်အဆိုင်ပင် ကြိုးပမ်းလာတော့သည်။ တရုတ်တို့၏ မန်ချူးအစိုးရ အနေဖြင့်လည်း အင်အားကြီးသည့် ပြည်ပရန်များကို ကောင်းစွာမဟန့်တားနိုင်သဖြင့် များစွာသိက္ခာညိုးငယ်ရလေသည်။
 
=== စီးပွားရေး ===
စီးပွားရေးအရကြည့်လျှင်လည်း တရုတ်တို့မှာ အဓိကကျသည့် ရေကြောင်းကုန်သွယ်ရေး အခွန်အတုပ်တို့ကို အနှိမ့်ဆုံးအဆင့်သို့ လျှော့ချပေးလိုက်ရသဖြင့် ကုန်သွယ်ရေးအခြေအနေမှာ တစ်ဖက်စောင်းနှင်းဖြစ်ကာ ဗြိတိသျှတို့အနေဖြင့် အကျိုးအမြတ် များစွာရလိုက်သည်။ တရုတ်လူမျိုးတို့မှာ နည်းပါးသော ဝင်ငွေကြောင့်လည်းကောင်း၊ ဗြိတိသျှတို့ တင်သွင်းလာသည့် ဘိန်းစွဲလမ်းသည်ကြောင့်တစ်ပိုင်း အလွန်အမင်း ဆင်းရဲကျပ်တည်း လာခဲ့ရရှာသည်။ ထို့အပြင် ကြီးလေးသည့် စစ်လျှော်ကြေးငွေမှာလည်း တိုင်းပြည်အတွက် လေးလံသော ဝန်ထုပ်ဝန်ပိုး ဖြစ်စေခဲ့သည်။
=== ယဉ်​ကျေးမှု ===
 
=== ယဥ်​ကျေးမှု ===
တရုတ်တို့အတွက် အခြားကြီးမားသည့် ထိုးနှက်ချက်မှာ ယဥ်ကျေးမှုအပိုင်းမှ ဖြစ်သည်။ နိုင်ငံခြားသားတို့အနေဖြင့် မြို့ကြီးများတွင် အခြေချကာ အဆင့်မြင့်စွာ နေထိုင်လာကြသည်။ အကျိုးဆက်အဖြစ် အနောက်တိုင်း ယဥ်ကျေးမှုပျံ့နှံ့လာပြီး တရုတ်လူမျိုးများအနေဖြင့် ယဥ်ကျေးမှု၊ အမျိုးသားရေး၊ လူမျိုးရေးတို့တွင် မထီမဲ့မြင်ပြုမှုများ၊ စော်ကားမှုများကို ခံခဲ့ရသည်။ သို့သော် အချို့ချမ်းသာသည့် တရုတ်လူမျိုးများမှာမူ ထိုသို့မဟုတ်ဘဲ အခွင့်အရေးများစွာ ရရှိခဲ့သည်။
 
=== နိုင်ငံခြားဆက်ဆံရေး ===
ထိုစဉ်က မန်ချူးတရုတ်သည် ဤဘိန်းစစ်ပွဲကို အလေးအနက်ထားခြင်း ပြန်ပြောင်းသုံးသပ်ခြင်း မရှိခဲ့ပေ။ ဘိန်းစစ်ပွဲပြီးနောက် တရုတ်ပြည်သည် ကမ္ဘာတွင် အင်အားအကြီးဆုံးနိုင်ငံဟု မိမိကိုယ်ကို ယူဆနေဆဲဖြစ်သည်။ ချင်းမင်းဆက်ခေတ်တွင် တရုတ်သည် အခြားတိုင်းပြည်များနှင့် ဆက်ဆံရေး မကောင်းလှသည့်အပြင် ဘိန်းစစ်ပွဲတွင် စစ်ရှုံးခဲ့သဖြင့် ဩဇာအာဏာ မှေးမှိန်လာသလို စစ်အင်အားနှင့် နည်းပညာ အပိုင်းက အားနည်းချက်များ မဖုံးနိုင် မကွယ်နိုင် ဖြစ်လာသည်။ နန်ကျင်းစာချုပ် ချုပ်ဆိုပြီးနောက်တွင် အနောက်တိုင်း အင်အားကြီးနိုင်ငံများက မတန်တဆ တောင်းဆိုလာကြသဖြင့် တရုတ်သည် မတရားသည့် စာချုပ်များကို ဆက်လက် ချုပ်ဆိုခဲ့ရသည်။