ခွံစပ်တစ်စေ့သီး: တည်းဖြတ်မှု မူကွဲများ
Created by translating the page "Caryopsis" စာတွဲများ: မိုဘိုင်းလ် တည်းဖြတ် မိုဘိုင်းလ် ဝက်ဘ် တည်းဖြတ် ContentTranslation |
(ကွဲပြားမှု မရှိ)
|
၁၂:၀၃၊ ၂၃ မေ ၂၀၁၆ ရက်နေ့က မူ
ရုက္ခဗေဒတွင် ခွံစပ်တစ်စေ့သီးဆိုသည်မှာ ရိုးရိုးအသီးခြောက်အမျိုးအစားတစ်ခု ဖြစ်သည်။ အသီးခြောက်သည် မအင်္ဂါတစ်ခုလာ( မအင်္ဂါတစ်ခုတည်းမှ ဖြစ်တည်လာ) ပြီး မအက်ကွဲသီး ( မှည့်သည့်အချိန်တွင် အခွံမကွဲ) [၁] လည်း ဖြစ်ကာ အသီးခွံသည် အစေ့ခွံပါးနှင့် ပေါင်းစပ်နေသည်မှလွဲ၍ ကျန်သည်မှာ ဒေါက်ယားသီးနှင့် ဆင်တူသည်။
ခွံစပ်တစ်စေ့သီးကို အစေ့အဆံဟု လူသိများကာ ခေါ်ဝေါ်လျက် ရှိကြပြီး ဂျုံ၊ စပါးနှင့် ပြောင်းဖူးတို့ ပါဝင်သည့် မြက် (ပိုအေစီအီး- Poaceae သို့မဟုတ် ဂရာမီနီအီး-Gramineae) မျိုးရင်းတွင် ပါဝင်သော ပုံမှန်အသီးတစ်မျိုး ဖြစ်သည်။.[၂]
အစေ့အဆံဟူသော ဝေါဟာရကို များသောအားဖြင့် ကောက်နှံများနှင့် အဓိပ္ပာယ်ဆင်တူသော အနေဖြင့်လည်း သုံးကြပါသေးသည်။ အသီးနံရံ(အသီးခွံ)နှင့် အစေ့တို့သည် တစ်လွှာတည်းအဖြစ် နက်နက်ရှိုင်းရှိုင်းပေါင်းစပ်နေပြီး ခွံစပ်တစ်စေ့သီး သို့မဟုတ် ကောက်နှံ(အစေ့အဆံ)သည် အသီးခြောက်ဖြစ်သည်ဟု ယူဆမည်ဆိုလျှင် အဆိုပါ အပင်ဖွဲ့စည်းတည်ဆောက်ပုံများတွင် "အသီး"နှင့်"အစေ့"ကို တိတိကျကျခွဲခြားပြရန်မှာ စဉ်းစားစရာကိစ္စ ဖြစ်လာမည်။ အစေ့အဆံတော်တော်များများတွင် အစေ့ခွံများသည် အစေ့ခွံမဖြစ်သေးသောအချိန်တွင် ပွင့်ခံရွက်များ ဖြစ်ကြပေသည်။