ဗိသုကာပညာ: တည်းဖြတ်မှု မူကွဲများ

No edit summary
အရေးမကြီး Reverted 1 edit by 77.158.55.44 (talk) to last revision by Dr Lotus Black. (TW)
စာကြောင်း ၁ -
coolလူတို့၏လူတို့၏ ခိုလှုံမှုအတွက် [[အဆောက်အအုံ]]များ [[ဆောက်လုပ်ရေး]] ၌ အဆောက်အအုံပစ္စည်းများနှင့် [[ရာသီဥတု]] ကာကွယ်မှုများ၊ နေရေး၊ စားရေး၊ အိပ်ရေး စသည်များကို မိမိတို့၏ [[ဘာသာ]]အယူဝါဒနှင့် လူမျိုးရိုးရာ ထုံးတမ်းစဉ်လာအရ ဦးစီး၍ တည်ဆောက်သူကို '''ဗိသုကာ''' ဟု ခေါ်ကြ၍ ယင်းသို့ တည်ဆောက်မှုပညာကို''' ဗိသုကာပညာ''' ဟုခေါ်သည်။
 
လူတို့ခိုလှုံမှုများတွင် အရေးအကြီးဆုံး [[အဆောက်အအုံ]] မှာ နေအိမ်များဖြစ်ကြ၏ ။ လူတို့သည် အရိုင်းဘဝ၌ သဘာဝအလျောက် ဖြစ်ပေါ်နေသော ကျောက်ဂူကြီးများကို ရှာ ဖွေ နေထိုင်ခဲ့ကြသည် ။ အသိဉာဏ် တစတစ တိုးပွားလာသောအခါ၊ သားရဲတိရစ္ဆာန်တို့၏ ဘေးအန္တရာယ်မှ လုံခြုံရန်၎င်း ၊ နေ၏ အပူရှိန်၊ မိုးပေါက်နှင်းခဲတို့၏ အအေးဒဏ်တို့ ညှဉ်းပန်းနှိပ်စက်ခြင်းမှ ကာကွယ်ရန်၎င်း သူတို့၏ ဉာဏ်စွမ်းဖြင့် နေအိမ်များကို ကြံစည်ဆောက်လုပ်ခဲ့ရာမှ အစပြု၍ ဗိသုကာပညာပေါ်ထွန်းလာခဲ့သည် ။ လူတို့သည် ဂူများတွင် ခိုအောင်းနေထိုင်စဉ် အခါမှစ၍ မိမိတို့၏ ဂူများတွင် အနုပညာရပ်များကို ဖော်ပြခဲ့ကြလေရာ ယခုတိုင် ကျောက်ဂူနံရံများတွင် တွေ့ရှိနိုင်သည် ။ ''ဤကား ဗိသုကာပညာဖြင့် စတင် အမွှမ်းတင်ခြင်းဖြစ်သည် ။''