ဗသိန်းတင်၊ သခင်: တည်းဖြတ်မှု မူကွဲများ

No edit summary
No edit summary
စာကြောင်း ၂၈ -
ထိုအချိန်လောက်မှာပင် ပျဉ်းမနားရှိ သခင်ဗသိန်းတင်၏ဇနီး မမိ (နဂါးနီ ဦးထွန်းအေး၏အမ) သည် မိန်းမရောဂါဖြင့် ကွယ်လွန်သွားခဲ့သည်။ ကျန်ရစ်သူသမီးသုံးယောက်ကို သခင်သန်းထွန်းက ထားဝယ်ရှိ မမမိ ဆွေမျိုးများထံ ပို့ပေးလိုက်သည်။ သမီးသုံးဦးမှာ တင်မြမူ၊ တင်စောမူ နှင့် တင်ထွေးမူတို့ဖြစ်ကြပြီး ကွယ်လွန်ခဲ့ကြပြီးဖြစ်သည်။ သခင်ဗသိန်းတင်၏သမီး(၃)ဦးအနက် အငယ်ဆုံးဖြစ်သူ ဒေါ်တင်ထွေးမူသည် တရားလွှတ်တော်ချုပ် ရှေ့နေတစ်ဦးဖြစ်ပြီး ၁၉၈၈ခုနှစ် အရေးအခင်းကာလတွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၏တနင်္သာရီတိုင်း စည်းရုံးရေးမှူးအဖြစ် တာဝန်ယူဆောင်ရွက်ခဲ့သည်။ ၁၉၉၀ တွင် စစ်ခုံရုံးမှ နိုင်ငံရေးပုဒ်မများဖြင့် အရေးယူခြင်းခံခဲ့ရသည်။ (၆.၁.၂၀၁၂) တွင် နိုင်ငံတကာ လူ့အခွင့်အရေးဆိုင်ရာ ကော်မတီများနှင့် The Law Society of Upper Canada မှ နိုင်ငံတော်သမ္မတနှင့် ရှေ့နေချုပ်တို့ထံ ပေးစာများကြောင့် ရှေ့နေလိုင်စင် ပြန်လည်ရရှိခဲ့သော်လည်း လျှောက်ထားထုတ်ယူခြင်းမပြုခဲ့ပေ။ (၁၈.၅.၂၀၁၅)တွင်ရန်ကုန်မြို့ SSCအထူးကုဆေးရုံတွင် နာတာရှည် လေဖြတ်ရောဂါဖြင့် ကွယ်လွန်ခဲ့သည်။
ဒေါ်တင်ထွေးမူတွင်သမီး(၃)ဦးရှိပြီး
သမီးလတ်သက်ထားဗသိန်းတင်(မေသက်ထားထက်)နှင့်သမီးငယ်မြရတနာထက်တို့မှာအဖိုးဖြစ်သူနှင့်မိခင်တို့ကဲ့သို့ပင်ပါနှင့်သမီးငယ်မြရတနာထက်တို့မှာအဖိုးဖြစ်သူနှင့်မိခင်တို့ကဲ့သို့ပင် နိုင်ငံရေးတွင်ပါ
ဝင်ပါတ်သက်၍ဆောင်ရွက်ခဲ့ကြရာမြရတနာထက်သည်အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၏တနသာၤရီတိုင်းပြန်ကြားရေးတာဝန်ခံအဖြစ်တာဝန်ထမ်းဆောင်ဆဲဖြစ်ပါသည်။