ဗသိန်းတင်၊ သခင်: တည်းဖြတ်မှု မူကွဲများ

No edit summary
စာကြောင်း ၄၇ -
၁၉၈၅ ခုနှစ် စက်တင်ဘာလ ၉ ရက်မှ အောက်တိုဘာလ ၂ ရက်နေ့အထိ ပါတီ၏တတိယအကြိမ်ကွန်ဂရက်ကို အရှေ့မြောက်ဒေသ ပန် ဆန်းတွင် ပါတီဥက္ကဋ္ဌ သခင်ဗသိန်းတင်ဦးဆောင်၍ ခမ်းနားစွာကျင်းပခဲ့သည်။ ထို့နောက် တတိယပါတီကွန်ဂရက်က တင်မြှောက်လိုက်သော အရန်ဗဟိုကော်မတီဝင်နှင့် "ဝ" မြောက်ခရိုင် တပ်မဟာ (၁၂) တပ်မှူး ရဲ ဘော်ကျောက်ညီလိုင်နှင့် အလယ်ပိုင်းဗျူရို ဒုတပ်ရင်းမှူး ရဲဘော်ပေါက်ယူချန်ဦးစီးသည့် "ဝ" မြောက်ပိုင်းခရိုင် ခွင်ဖားမြို့နယ်တပ်နှင့် အခြား မြို့နယ်တို့မှ ပုန်ကန်တပ်များက ပန်ဆန်းမှ "ဝ" တပ်မှူးတပ်သားများဆက်သွယ်ကာ သွေးထွက်သံယိုမှုမရှိဘဲ ပန်ဆန်းရှိ ဗကပဗဟိုကို ၁၉ ၈၉ ခုနှစ် ဧပြီလ ၁၇ ရက်နေ့၌ အာဏာသိမ်းပိုက်လိုက်ကြသည်။ အာဏာသိမ်းပိုက်စဉ်က "ဝ" ခေါင်းဆောင် ကျောက်ညီလိုင်က ပူးပေါင်းရန် ပြောဆိုသော်လည်း သခင်ဗသိန်းတင်သည် ငြင်းပယ်ခဲ့သဖြင့် သေနတ်ကိုသိမ်းပြီး သခင်ဗသိန်းတင်ကို ထမ်းစင်ဖြင့် တရုတ်ပြည်ဘက်ကမ်းသို့ ပို့လိုက်လေသည်။ ဤသို့ သခင်ဗသိန်းတင်သည် တရုတ်ကွန်မြူနစ်ပါတီအား ပန်ဆန်းနှင့်အနီး မုံးလီတွင် နေထိုင်ခွင့်တောင်းရာ ခွင့်မပြုသဖြင့် မုံးလီနှင့် ၆၆ ကီ လိုမီတာဝေးသော မုန်းလျှန်တွင်သာ နေထိုင်ခဲ့ရသည်။
 
ယင်းနောက် တော်လှန်ရေးဆက်လုပ်လိုသူအနည်းစုကို သခင်ဗသိန်းတင်ခေါင်းဆောင်၍ ရဲဘော်ကျော်မြင့်၊ ရဲဘော်ခင်မောင်ကြီး၊ ဗိုလ်မှူး ချုပ်ဟောင်းကျော်ဇော၊ ရဲဘော်ရဲထွန်းတို့သည် ကား ၃၃ စီးဖြင့် မိသားစုများနှင့်အတူ ၁၀၁ တပ်ဖွဲ့ ပန်းဝါသို့ထွက်ခွာသွားလေသည်။ ပန်းဝါ တွင်နေထိုင်စဉ်အတွင်း သခင်ဗသိန်းတင် မျက်စိယောင်လာသဖြင့် ၁၉၈၉ ခုနှစ် အောက်တိုဘာလ ၁၇ ရက်နေ့တွင် ပေါက်ရှန်မြို့မှတဆင့် ပီကင်းသို့သွား ရောက်ဆေးကုသရင်း ပီကင်းတွင်နေထိုင်လျှက်ရှိသည်။သူသည်၁၉၉၇ပီကင်းတွင်နေထိုင်လျှက်ရှိသည်။

ဘဝနိဂုံး
သူသည်၁၉၉၇ ခုနှစ်ဒီဇင်ဘာလ ( ၂၃ )ရက်ညနေ(၃)နာရီအချိ န်တွင်တရုတ်နိုင်ငံ ဟူနန်ပြည်နယ် ချန်ရှား
မြို့တွင်ကွယ်လွန်ခဲ့ပါသည်။သူ၏အရိုးပြာကိုမြစ်ထဲသို့မျှောခဲ့ပါသည်ဟုသိရှိရသော်လည်း အမှန်မှာ တရုတ်နိုင်ငံ၏နေရာတစ်ခုတွင်မြှပ်နှံခဲ့သည်ဟုလည်းသိရှိရပါသည်။