ဆူးလေစေတီတော်: တည်းဖြတ်မှု မူကွဲများ

အရေးမကြီး →‎ကိုးကား
အရေးမကြီးNo edit summary
စာကြောင်း ၁၆ -
{{Designation list|right|designation1=Yangon}}
==ဆူးလေဘုရား==
မြန်မာနိုင်ငံရှိ ထင်ရှားသော စေတီပုထိုးတို့တွင် ဆူးလေဘုရားသည် အပါအဝင်ဖြစ်၍၊ ရန်ကုန်မြို့၏ အလယ်ဗဟိုတွင် တည်ရှိသည်။ ထိုစေတီတော်ကို မဏ္ဍိုင်ပြု၍ အရှေ့ဘက်မှ အနောက်ဘက်သို့ မဟာဗန္ဓုလလမ်းသည်၎င်း၊[[မဟာဗန္ဓုလလမ်း]]သည်၎င်း၊ တောင်ဘက်မှ မြောက်ဘက်သို့ စေတီတော်၏ဘွဲ့မည်ကို အစွဲပြု၍ ခေါ်တွင်သော ဆူးလေဘုရားလမ်းဟူ၍၎င်း အသီးအသီး ဖြတ်သန်းတည်ရှိသည်။ ဆူလေဘုရား၏ အရှေ့မြောက်ထောင့်၌ မြို့တော်ခန်းမ ရှိ၍၊ အရှေ့တောင်ထောင့်တွင်မူ လွတ်လပ်ရေးကျောက်တိုင် စိုက်ထူထားရှိသော ဗန္ဓုလပန်းခြံနှင့် တရားလွှတ်တော်ချုပ် စသည်တို့ တည်ရှိသည်။ ဆူးလေဘုရားသည် ရွှေတိဂုံဘုရားမှ ၉၂၇၅ ပေခန့် ကွာဝေး၍၊ ဗိုလ်တစ်ထောင်ဘုရားမှမူ ၅၁ဝ၂ ပေခန့် ကွာဝေးသည်။ ဉာဏ်တော် ၁၅၁-ပေ ရှိသည်။
== သမိုင်းကြောင်း ==
ဆူးလေဘုရားသမိုင်းနှင့် စပ်လျဉ်း၍၎င်း၊ ဘွဲ့အမည်နှင့် စပ်လျဉ်း၍၎င်း အယူအဆ အမျိုးမျိုး ကွဲပြားလျက်ရှိသည်။ အများနားလည်ယူဆထားကြသော ဘုရားသမိုင်းမှာ [[ရွှေတိဂုံ စေတီတော်]] ဘုရားသမိုင်းများတွင် ထည့်သွင်းဖော်ပြထားသည့်အတိုင်းဖြစ်၏။ ဘီစီ(၅၈၈) လွန်ခဲ့သောနှစ်ပေါင်း၂၆၀ဝ ကျော် မဟာသက္ကရာဇ်(၁၀၃)ခု တွင် 'တဖုဿနှင့် ဘလ္လိကညီနောင်တို့သည် မြတ်စွာဘုရားပေးသနားတော်မူလိုက်သော ဆံတော်ရှစ်ဆူကို ဥက္ကလာပမင်းကြီး ထံယူဆောင်လာ၍ စေတီတည်ထားကိုးကွယ်ရန် ဘူမိနက်သံမြေ ဖြစ်သော သိင်္ဂုတ္တရကုန်းကို ရှာဖွေကြသည်။ ရုတ်တစ်ရက် မတွေ့နိုင်သဖြင့် သိကြားမင်း မနေနိုင်သောကြောင့် ဝိသကြုံ နတ်သားကို စေလွှတ်၍ တောရှင်းစေသည်တွင် သိင်္ဂုတ္တရကုန်းမြေကို တွေ့ရှိကြ၏။ သို့သော်လည်း အခြားသော ဘုရားရှင်သုံးဆူတို့၏ ပရိဘောဂတော်များ တည်ရှိရာတွင်
စာကြောင်း ၅၀ -
 
ဆူးလေဘုရားတွင် ထင်ရှားသော မဟာဗောဓိနှင့် ဆူးလေနတ်ကြီးရုပ်တုတို့ရှိ၏။ ဆူးလေနတ်ကြီးမှာ စင်စစ်သော်ကား စေတီတော်စောင့်နတ်မျှသာ ဖြစ်၏။ အချို့ကမူ ရွှေတိဂုံစေတီကို
တည်ရန် မြေနေရာရှာစဉ်က ဆူးလေနတ်ကြီးအပါအဝင် နတ်ကြီးလေးပါးက ညွှန်ပြခဲ့သည်ဟူသော အကြောင်းနှင့်ဆက်စပ်၍ ထိုစဉ်က ဆူးလေနတ်ကြီးကို ယခုထုလုပ်ထားရှိသော ဆူးလေ နတ်ကြီးအမှတ်နှင့် ရောနှောယုံကြည်နေကြသည်။ သမိုင်း အစောင်စောင်တွင် ထိုနတ်ကြီးလေးပါး၏ အမည်ကိုဖေါ်ပြကြရာ တစ်ခုနှင့် တစ်ခုမညီညွှတ်ကြချေ။ မွန်သမိုင်းများတွင်လည်း ဆူးလေနတ်ကြီးအကြောင်းကို လုံးဝမတွေ့ရချေ။ မည်သို့ ပင်ဖြစ်စေကာမူ ဆူးလေနတ်ကြီးသည် လောကီရေးများတွင် စောင်မကူညီနိုင်သည်ဟု အယူရှိကာ အထူးပူဇော်ပသ နေကြသည်။ စစ်မဖြစ်မီခေတ်က 'ပဲခူးမယ်ကြော့ကိုရယင်၊ ပုဆိုးနှစ်ထည်နဲ့ ကန်တော့ပါ့မယ်၊ အောင်မယ်မင်း ဆူးလေ နတ်ကြီးရဲ့ မတော်မူလိုက်ပါ'ဟူသော တေးတစ်ပုဒ်ပင်လျှင် ခေတ် စားခဲ့ဘူးသည်။ ဆူးလေနတ်ကြီး၏ ရုပ်တုမှာ နှုတ်ခမ်းမွေးနှင့် အဘိုးအိုအရွယ် လူစင်စစ်ကဲ့သို့ပင် ထုလုပ်ထားသည်။ ဗြိတိသျှတို့ အောက်မြန်မာနိုင်ငံကို သိမ်းယူပြီးသည့်နောက်တွင် ဆူးလေနတ်ကြီးရုပ်တုသည် ယခုကဲ့သို့ ရင်ပြင်တော်ပေါ်၌ မရှိသေးချေ။ ဆူးလေဘုရားလမ်းနှင့် မဟာဗန္ဓုလလမ်း၏[[မဟာဗန္ဓုလလမ်း]]၏ အနောက်
မြောက်ထောင့် ယခုဗလီကြီး ရှိရာနေရာ၌ နေရသည်ဟု မှော်ဘီဆရာသိန်း၏ ရန်ကုန်မြို့ဟောင်း ဆောင်းပါးတွင် ဖော်ပြထား၏။ ၁၉၁ဝ ခုနှစ်တွင်ကား နတ်ရုပ်တု ရှိနေသေးသည်ဟုလည်း သိရ၏။ ထို့နောက်ပိုင်းတွင်မှ ဆူးလေရင်ပြင်ပေါ်သို့ ရောက်ရှိ လာ၍၊ ထင်ရှားလာသည်ဟု ယူဆရပေသည်။<ref>မြန်မာ့စွယ်စုံကျမ်း၊ အတွဲ(၄)</ref>