စာပေဗိမာန်: တည်းဖြတ်မှု မူကွဲများ

အရေးမကြီး cleanup
အရေးမကြီးNo edit summary
စာကြောင်း ၃ -
 
==သမိုင်းကြောင်း==
[[File:Sarpay Beikman 01 .jpg|thumbnail|စာပေဗိမာန်အဖွဲ့၏ မူလအစ ရန်ကုန်မြို့ [[ပြည်လမ်း]] ဟံသာဝတီအဝိုင်းအနီးရှိ ဆိုရန်တိုဗီလာ အဆောက်အအုံ]]
မြန်မာနိုင်ငံလွတ်လပ်ရေး ရရှိရန်နှင့် ဒုတိယကမ္ဘာစစ်ဒဏ်မှ ပြန်လည်ထူထောင်ရန်အတွက် ၁၉၄၇-ခုနစ်တွင် ဆိုရန်တိုဗီလာစီမံကိန်း ရေးဆွဲရေးအစည်းအဝေး ကျင်းပခဲ့သည်။ အစည်းဝေးတွင် တိုင်းသူပြည်သားများအတွက် အသုံးကျမည့် ပြည်ပနိုင်ငံထုတ် စာအုပ်များကို ဘာသာပြန်ရန်နှင့် ပုံနှိပ်ထုတ်ဝေရန် ဘာသာပြန်စာပေဌာနကြီး တစ်ခုထူထောင်ရန် [[ဗိုလ်ချုပ်အောင်ဆန်း]]က ပြောကြားခဲ့သည်။ ဗိုလ်ချုပ် မိန့်ကြားခဲ့သည်မှာ ၁၉၄၇-ခုနှစ်၊ ဩဂုတ်လ(၂၆)ရက်နေ့တွင် [[မြန်မာနိုင်ငံဘာသာပြန်စာပေအသင်း|မြန်မာနိုင်ငံဘာသာပြန်စာပေအသင်းကြီး]] စတင်ပေါ်ပေါက်လာခဲ့သည်။ ထိုအသင်းကြီးကို ၁၉၄၈-ခုနှစ်၊ မေလတွင် စာပေဗိမာန်ဟု ခေါ်တွင်စေခဲ့သည်။ စာပေဗိမာန်အဖွဲ့သည်မူလက [[ပြည်လမ်း]] ဟံသာဝတီအဝိုင်းအနီးရှိ ဆိုရန်တိုဗီလာ အဆောက်အအုံတွင် တည်ရှိခဲ့သည်။ ၁၉၅၅-ခုနှစ်၊ မေလတွင် (၅၂၉-၅၃၁)ကုန်သည်လမ်း (လက်ရှိနေရာ)သို့ ပြောင်းရွှေ့ခဲ့သည်။ ၁၉၆၀-ပြည့်နှစ်၊ ဇူလိုင်လတွင် စာပေဗိမာန် စာအုပ်အသင်းကို စတင်တည်ထောင်ခဲ့သည်။ ၁၉၆၅-ခုနှစ်တွင် စာပေဗိမာန်အုပ်ချုပ်ရေးအဖွဲ့ ဥပဒေကိုပြဌာန်းခဲ့သည်။ ၁၉၇၂-ခုနှစ် မတ်လတွင် စနစ်သစ်အုပ်ချုပ်ရေးအရ ဗဟိုပုံနှိပ်တိုက်နှင့် ပေါင်းပြီး စာပေဗိမာန်သည်ပြန်ကြားရေးဝန်ကြီးဌာန၊ ပုံနှိပ်ရေးနှင့် စာအုပ်ထုတ်ဝေရေး လုပ်ငန်း၏လက်အောက်ခံဌာနခွဲတစ်ခု ဖြစ်လာခဲ့သည်။ ထိုအချိန်မှစ၍ စာပေဗိမာန်သည် ပြန်ကြားရေး ဝန်ကြီးဌာန၏မီဒီယာလုပ်ငန်းများတွင် ပုံနှိပ်မီဒီယာလက်ရုံးတစ်ခု ဖြစ်လာခဲ့သည်။ <ref>http://www.sarpaybeikman.gov.mm</ref>
 
==ရည်ရွယ်ချက် နှင့် ဖွဲ့စည်းပုံ==
စာကြောင်း ၁၅ -
အစရှိသော(၁၄)ချက်ပါဝင်သည့်အသင်းဖွဲ့စည်းအုပ်ချုပ်ပုံအခြေခံဥပဒေတစ်ရပ်ကို ရေးဆွဲအတည်ပြုပြီးနောက် အုပ်ချုပ်မှုကောင်စီ အဖွဲ့ဝင် လူကြီး (၁၂) ဦးကို ရွေးချယ် တင်မြှောက်ရာတွင် ဝန်ကြီးချုပ် [[ဦးနု]] မှာ ဥက္ကဋ္ဌ အဖြစ် ပါဝင်ခဲ့လေသည်။
 
၁၉၄၈ ခု၊ မေလတွင် ရန်ကုန်မြို့ ပြည်လမ်းရှိ[[ပြည်လမ်း]]ရှိ ဆိုရန်တိုဗီလာ အဆောက်အအုံကို အသင်းတည်ရာ အဖြစ် သတ်မှတ်ပြီး ထို အဆောက်အအုံကို ‘စာပေဗိမာန် အဖြစ် အမည်ပေးခဲ့သည်။ အသင်း၏ ဆောင်ပုဒ်မှာ '''အမှောင်ခွင်း၍ အလင်းဆောင်အံ့''' ဟူ၍ပင် ဖြစ်သည်။ အသင်းကို တည်ထောင်စဉ်က အသင်းသားများ စည်းရုံးရန်ဟူသော ရည်ရွယ်ချက်ဖြင့် ဝင်ကြေး နှစ်စဉ်ကြေးများ သတ်မှတ်ပြီး အသင်းသားများ စည်းရုံးခဲ့သေး၏။ နောင်တွင် အသင်းသားစနစ်ကို ဖျက်ခဲ့၏။ဘာသာပြန်စာပေအသင်းဟု အမည်ခံထားစေကာမူ ဖွဲ့စည်းပုံမှာ အသင်းအဖွဲ့ပုံစံမဟုတ်။ ဘာသာပြန်လုပ်ငန်းမှာလည်း ထိုဌာန၏ တစ်စိတ်တစ်ဒေသ ဖြစ်ခဲ့သည်။
 
စတင်တည်ထောင်ကာစက လူထုအလင်းစာစဉ်၊ လူထုအိတ်ဆောင်စာစဉ်၊ လူထုတက္ကသိုလ်စာစဉ် ဟူသော စာစဉ်အမည်များဖြင့် စာအုပ်များ စတင်ထုတ်ဝေခဲ့သည်။ ကျောင်းများနှင့် တက္ကသိုလ်များတွင် ဆိုင်ရာဘာသာရပ်များကို မြန်မာစာဖြင့် သင်ကြားရန်အတွက် ကျောင်းသုံးစာအုပ်များ ဘာသာပြန် ပြုစုရေး လုပ်ငန်းများကိုလည်း ဆောင်ရွက်ခဲ့၏။ ထိုစာအုပ်များ ပြုစုတည်းဖြတ်ရေး အတွက် ဝိဇ္ဇာဌာနနှင့် သိပ္ပံဌာန ဟူ၍ ခွဲထားခဲ့သည်။