သခင်သန်းထွန်း: တည်းဖြတ်မှု မူကွဲများ

needs cleanup
အရေးမကြီးNo edit summary
စာကြောင်း ၁၃၅ -
ထိုရေအိုင်ရှိ ကုန်းမြင့်ကလေးတွင် ခေတ်ဆန်သော တိုက်တတိုက်သည် မြွတ်ကြားနေ၏။ ခရမ်းပွင့်များ တွဲလွဲ ခိုနေသော ဆင်ဝင်ရှေ့တွင် အမြောက်ကလေး နှစ်လက် ဆင်ထား၏။ အိမ်ရှေ့ မျက်နှာစာရှိ မြက်ခင်းကား အနီ အဝါ အဖြူ စသော ပန်းမာလာတို့ဖြင့် ပြောက်ကျားနေသည်။
 
ဂျပန်ခေတ်က ထိုနေရာ တဝိုက်တွင် ဘီအိုင်အေ သခင်များ နေထိုင်ကြ၏။ ဗိုလ်စကြာ၊ ကိုလှမောင်(ယခု သံအမတ်)၊ ဗိုလ်လက်ျာ၊ သခင်တင်၊ ကိုကျော်ငြိမ်း၊ သခင်ချစ်၊ ဗိုလ်ဇေယျ၊ သခင်လင်း၊ သခင် ကိုယ်တော်မှိုင်း စသူတို့သည် ဤ ပတ်ဝန်းကျင်တွင် တိုက်များနှင့် နေကြ၏။ ထို အမြောက်နှင့် အိမ်တွင် ပထမ ဗိုလ်ချုပ် အောင်ဆန်း နေ၏။ နောက် ဗိုလ်ချုပ် အောင်ဆန်း ဒေါ်ခင်ကြည်နှင့် လက်ထပ်၍ [[ပြည်လမ်း]] ပြောင်းသွားသော အခါ သခင် သန်းထွန်း လာနေ၏။ သခင် သန်းထွန်းမှာ ထိုအခါက လူပျို ဖြစ်လေသည်။
 
ယခင်က အင်္ဂလိပ် အထက်တန်း အရာရှိကြီးများ နေသော တိုက်ဖြစ်၍ ခမ်းနား ထည်ဝါသော ဓနရှင် အဆောင်အယောင်များဖြင့် တောက်ပလျက် ရှိသည်။ ဖက်ဖူးရောင်ခံတွင် သရက်ထည်ပွင့် ပန်းနွယ် ပန်းခက်တို့ဖြင့် ယှက်လိန်သော ဆိုဖာများသည် အဝါနု နံရံနှင့် အသွေးခြင်း အပြန်အလှန် တုံ့ပြန်နေကြ၏။