အိုလံပစ် အားကစားပွဲတော်: တည်းဖြတ်မှု မူကွဲများ

အရေးမကြီး robot Adding: en:Olympic Games
အရေးမကြီး robot Modifying: ko:올림픽; cosmetic changes
စာကြောင်း ၁ -
[[ImageFile:olympic logo.png|thumb| အိုလံပစ်အထိမ်းအမှတ် တံဆိပ်]]
'''အိုလံပစ် အားကစားပွဲတော်'''သည် အပြည်ဆိုင်ဆိုင်ရာမှ ဝင်ရောက်ယှဉ်ပြိုင်သည့် အားကစားနည်း မျိုးစုံပါဝင်သည့်
ကစားပွဲကြီးတစ်ခုဖြစ်သည်။ အိုလံပစ်အားကစားပွဲအား ကာလအပိုင်းအခြား နှစ်ခုဖြင့်ရှုမြင်နိုင်သည်။ ၎င်းတို့မှာ ဂရိလူမျိုးတို့၏ မူလပထမရှေးဟောင်း အိုလံပစ်ပွဲနှင့် ဒုတိယတစ်မျိုးမှာ ယခုနိုင်ငံတကာမှ ဝင်ရောက်ယှဉ်ပြိုင်ကြသည့် ခေတ်ပေါ်အိုလံပစ် အားကစားပွဲတို့ ဖြစ်ကြသည်။ ပထမဆုံးခေတ်သစ် အိုလံပစ်ပွဲအား ၁၈၉၆ တွင်ဂရိနိုင်ငံ အေသင်မြို့တွင် စတင်ကျင်းပခဲ့သည်။ ခေတ်သစ် အိုလံပစ်အားကစားပွဲတွင် နွေရာသီအိုလံပစ်ပွဲတော် နှင့် ဆောင်းရာသီအိုလံပစ် ပွဲတော်တို့ ပါဝင်သည်။ ပါရာလံပစ် (paralympic) နှင့် လူငယ်အိုလံပစ်ပြိုင်ပွဲများသည်လည်း ခေတ်သစ်အိုလံပစ်ပြိုင်ပွဲများ၏ တစိတ်တဒေသ အဖြစ်ကျင်းပကြသည်။
 
[[အပြည်ပြည်ဆိုင်ရာ အိုလံပစ်ကော်မတီ]] (I.O.C) အား ၁၈၉၄ တွင်ပြင်သစ်လူမျိုး ဗဲရွန်ဘွဲ့ရ ပီယဲကူဗာတင်(Baron de Coubertin)
က စတင်တည်ထောင်ခဲ့သည်။ သူ၏ အမြင်မှာ ကမ္ဘာတစ်ဝှမ်းရှိ အပျော်တမ်း အားကစားသမားများအား ပြိုင်ပွဲအမျိုးမျိုးတွင် ဝင်ရောက် ယှဉ်ပြိုင်ကြစေရန်ဖြစ်သည်။ အပျော်တမ်း အားကစားသမားများအား ယှဉ်ပြိုင်စေခြင်းမှာ စပွန်ဆာများ၏ ဖိအားမှ ကင်းလွတ်၍လည်းကောင်း နိုင်ငံရေးဖိအားများမှ ကင်းလွတ်၍ သန့်ရှင်းသောအားကစားနည်းများ ပိုမိုတိုးတက် လာစေရန်ဖြစ်သည်။
 
ကမ္ဘာ့နိုင်ငံအသီးသီးမှ အားကစားနည်းများအားလည်း ထည့်သွင်းကျင်းပလာခြင်းဖြင့် အားကစားနည်းများစွာလည်း ပါဝင်လာသည်။
အိုလံပစ်ပွဲတော်ကြီးသည် နိုင်ငံရေးဆန္ဒပြမှုများ၊ တားမြစ်ဆေးသုံးစွဲမှုများ၊ အကြမ်းဖက်ခြင်းများ စသည့်စိန်ခေါ်မှုများစွာအား
ရင်ဆိုင်ခဲ့ရသည်။ သို့သော် ကူဗာတင်၏ လက်ထက်မှစ၍ ထိုစိန်ခေါ်မှုများအား အရှုံးမပေးပဲ ဖြေရှင်းလာကာ ယခုအချိန်ထိ
အိုလံပစ်ကော်မတီသည် ရှင်သန်ဖွံ့ဖြိုးနေဆဲဖြစ်သည်။ ၁၉ ရာစုနှောင်းပိုင်းနှင့် ၂၀ ရာစုအစမှ စတင်ကာ အားကစားနည်း
ကိုယ်စားပြု သင်္ကေတများနှင့် ဆောင်ပုဒ်၊ စာတန်းများအား ထည့်သွင်းအသုံးပြုလာခဲ့ကြသည်။ ရိုးရာယဉ်ကျေးမှုများအားလည်း ဖွင့်ပွဲနှင့် ပိတ်ပွဲ အခမ်းအနားများတွင် ပွဲတော်ကျင်းပသည့် အိမ်ရှင်နိုင်ငံများမှ ဖော်ထုတ်တင်ဆက်ကြသည်။ အိုလံပစ်ပွဲတော်၏
အဓိကဆောင်ပုဒ်မှာ
* citius(ပို၍မြန်သော)
* Altius (ပို၍မြင့်သော)
* Fortius(ပို၍သန်သော) ဟူ၍ဖြစ်သည်။<ref>[http://en.wikipedia.org/wiki/Olympic_Games အင်္ဂလိပ်ဝီကီ]</ref>
 
== ခေတ်သစ်အိုလံပစ်ပွဲတော်၏ လက္ခဏာရပ်များ ==
နှစ်ပေါင်း ၁၅၀ဝ ကျော် တိမ်မြုပ်နေသော အိုလံပစ်ပွဲတော်အား ပြင်သစ်လူမျိုး ပီယဲကူဗာတင်၏ ကြိုးစားစွမ်းဆောင်မှုဖြင့် ပြန်လည်ဖေါ်ထုတ်နိုင်ခဲ့သည်။ ၁၈၉၄ ခုနှစ် ဇွန်လ ၂၃ ရက်နေ့တွင် အပြည်ပြည်ဆိုင်ရာ အိုလံပစ်ကော်မတီကို
စတင်တည်ထောင်နိုင်ခဲ့ပြီး ခေတ်သစ်အိုလံပစ် စည်းမျဉ်းများအား ပြဋ္ဌာန်းခဲ့သည်။ ထိုစဉ်ကချမှတ်ခဲ့သော စည်းမျဉ်းများမှာ အောက်ပါအတိုင်းဖြစ်သည်။
 
=== အိုလံပစ်စည်းမျဉ်းများ ===
# အိုလံပစ်ပွဲတော်ကို လေးနှစ်တစ်ကြိမ်ကျ ကျင်းပပြုလုပ်ရမည်။ ပါဝင်ယှဉ်ပြိုင်သော အားကစားသမားများသည် ကြေးတန်းစားများ မဖြစ်စေရ၊ ဝါသနာအလျောက် အပျော်တမ်း ယှဉ်ပြိုင်သူများသာ ဖြစ်ရမည်။ လူမျိုးမရွေးယှဉ်ပြိုင်နိုင်ခွင့် ရှိရမည်။
# အိုလံပစ်ပွဲတော်တိုင်းကို အပြည်ပြည်ဆိုင်ရာ အိုလံပစ်ကော်မတီက ကြီးမှုးကျင်းပရမည်။
# အပြည်ပြည်ဆိုင်ရာ အိုလံပစ်ကော်မတီကို မြို့တော်တစ်ခုခုတွင် မြို့တော်တရားသူကြီးချုပ် သို့မဟုတ် မြူနီစီပယ်ဥက္ကဌ၏ တောင်းဆိုချက်အရ အပြည်ပြည်ဆိုင်ရာ အိုလံပစ်ကော်မတီက ရွေးချယ်ရမည်။
# အားကစားပွဲတော်ကို ရာသီအလိုက်ကျင်းပပြုလုပ်ပေးရမည်။
# နိုင်ငံတိုင်းတွင် အမျိုးသားအိုလံပစ်အသင်းမှ ဦစီး၍ ပြိုင်ပွဲများကျင်းပပေးရမည်။ နိုင်ငံ၏အားကစား စိတ်ဓါတ်ကို တိုးမြှင့်ပေးရမည်။
# ယှဉ်ပြိုင်သူသည် မိမိဇာတိနိုင်ငံကိုသာ ကိုယ်စားပြုရမည်။
 
=== အိုလံပစ်အလံ ===
အိုလံပစ်အလံမှာ အဖြူခံဖြစ်သည်။ အဖြူခံပေါ်တွင် ကွင်းချင်းဆက်နေသော စက်ဝိုင်းငါးဝိုင်းရှိရမည်။ စက်ဝိုင်းကွင်းများ၏ အရောင်သည် အပြာ၊ အဝါ၊ အနက်၊ အစိမ်းနှင့် အနီရောင်တို့ဖြစ်ရမည်။ စက်ဝိုင်းငါးဝိုင်းဆက်နေသည့် သဘောမှာ uမ္ဘာ့တိုက်ကြီးများကို ရည်ရွယ်ပြီး တိုက်ကြီးငါးတိုက် စည်းလုံးညီညွတ်ခြင်းကို ပြသခြင်းလည်းဖြစ်သည်။
 
=== အိုလံပစ် မီးရှူးတိုင် ===
အိုလံပစ်ပွဲတော်မကျင်းပမှီ မူလပွဲတော်ကျင်းပရာ ဂရိနိုင်ငံ အေသင်မြို့ရှိ အိုလံပီယာ တောင်ကုန်းတွင် အဆက်မပြတ် တောက်လောင်နေသော မီးရှူးတိုင်မှ ထွန်းညှိကူးယူရသည်။ အိုလံပစ် မီးရှူးတိုင်အား ကျင်းပရာဒေသသို့ လက်ဆင့်ကမ်း သယ်ဆောင်၍ ပွဲတော်ကျင်းပရာ အဓိကအားကစားကွင်းအတွင်း တွင်ပွဲမပြီးမချင်း ထွန်းညှိထားရမည်ဖြစ်သည်။ မီးငြိမ်း မသွားစေရန် အထူးစောင့်မတ် ထိန်းသိမ်းရမည်ဖြစ်သည်။
 
=== အိုလံပစ် သစ္စာအဓိဌာန် ===
အိုလံပစ် သစ္စာအဓိဌာန်အား အောက်ပါအတိုင်းရေးသားထားသည်။
 
ကျွန်ုပ်တို့သည် အိုလံပစ်ပွဲတော်ကြီးတွင် အားကစားစိတ်ဓါတ်အပြည့်ဖြင့် ပါဝင်ယှဉ်ပြိုင်ပါမည်။ အိုလံပစ်ကော်မတီမှ ချမှတ်ထားသော စည်းမျဉ်းများအား လိုက်နာပါမည်။ အားကစားသမား တစ်ဦးအနေဖြင့် ရှိသင့်ရှိထိုက်သော အားကစား စိတ်ဓါတ်ဖြင့် တိုင်းပြည်၏ ဂုဏ်သိက္ခာနှင့် အောင်မြင်မူ့တို့ကို စွမ်းဆောင်မြှင့်တင်ပါ့မည်ဟူ၍ ဖြစ်သည်။
 
== အိုင်စီအိုနှင့် ခေတ်သစ်အိုလံပစ်ပြိုင်ပွဲများ ==
[[File:Baron Pierre de Coubertin.jpg|thumb|right|ဗဲရွန်ဘွဲ့ရ ပီယဲကူဗာတင်]]
ပြင်သစ်နိုင်ငံက သမိုင်းပညာရှင် `ပီရာရီကော်ဘာတင်´၏ ဦးဆောင်မှုဖြင့် အပြည်ပြည်ဆိုင်ရာ အိုလံပစ်ကော်မတီကို ၁၈၉၄ တွင် ဖွဲ့စည်းပြီး အိုလံပစ်ပြိုင်ပွဲများ ပြန်လည်ကျင်းပရန် ပြင်ဆင်ခဲ့ကြပါသည်။ သို့ဖြင့် ၁၈၉၆ တွင်နိုင်ငံပေါင်း ၁၄ နိုင်ငံက ကစားသမားပေါင်း ၂၀ဝ ကျော် ပါဝင်ယှဉ်ပြိုင်သော ပထမဆုံး ခေတ်သစ်အိုလံပစ်ပြိုင်ပွဲကြီးကို အိုလံပစ်ပြိုင်ပွဲများ၏ သန္ဓေတည်ရာ မူလအစဖြစ်သည့် အေသင်မြို့တွင် ကျင်းပနိုင်ခဲ့ပါသည်။ ပါဝင်သောအားကစား အမျိုးအစားမှာ ၉ မျိုးသာရှိခဲ့ပါသည်။ ထိုမှအစပြုကာ အိုလံပစ်ပြိုင်ပွဲများကို တစ်စတစ်စ တိုးချဲ့ကျင်းပလာရာ ယခုဆိုလျှင် အားကစားနည်းပေါင်း ၂၈ မျိုး၊ အားကစားအမျိုးအစားပေါင်း ၃၀၂ ခု တိတိ ရှိသည်အထိ ကျယ်ပြန့်လာခဲ့ပြီဖြစ်ပါသည်။ [[ဒုတိယ ကမ္ဘာစစ်]]ဖြစ်ခါနီး အာဏာရှင်[[ဟစ်တလာ]]၏ နာဇီအလံအောက်တွင် ကျင်းပခဲ့ရသော မြူးနစ်အိုလံပစ်၊ နောက် ၁၉၇၂ မြူးနစ်အိုလံပစ်တွင် ဖြစ်ပွားခဲ့သော ပါလက်စတိုင်း အကြမ်းဖက်သမားများက အစ္စရေး ကစားသမား ၁၁ ယောက်အား သတ်ဖြတ်ခဲ့သည့်အဖြစ်၊ ၁၉၇၀ နောက်ပိုင်းကာလများတွင် နိုင်ငံအချို့က ဆန့်ကျင်ခဲ့သည့် အဖြစ်မျိုးများ အပါအဝင် ဖြေရှင်းမပြီးနိုင် ဖြစ်နေရသော တားမြစ်ဆေး ပြဿနာများမှလွဲလျှင် အောင်မြင်သည့် အတိုင်းအတာမှာ ရှိနေမြဲပင်။ နောက် အိုလံပစ်ပြိုင်ပွဲများကို နွေရာသီအိုလံပစ်ပြိုင်ပွဲနှင့် ဆောင်းရာသီအိုလံပစ်ပြိုင်ပွဲ ဟူ၍နှစ်မျိုးခွဲ ကျင်းပကြပါသည်။ ပို၍အဓိကကျသည့် ပြိုင်ပွဲကတော့ အားလုံးသိကြသော နွေရာသီ အိုလံပစ်ပြိုင်ပွဲ ဖြစ်ပါသည်။ ဆောင်းရာသီ အိုလံပစ်ပြိုင်ပွဲတွင်မူ အားကစားနည်း ၇ မျိုးသာ ပါဝင်ပါသည်။
 
== သင်္ကတနဲ့အဓိပ္ပါယ် ==
အိုလံပစ်၏ သင်္ကတ အမှတ်လက္ခဏာမှာ အရောင်တစ်မျိုးစီရှိပြီး ချိတ်ဆက်ထားသည့် ကွင်း ၅ ကွင်း ဖြစ်ပါသည်။ ကွင်း ၅ ကွင်း၏ အဓိပ္ပါယ်မှာ ကမ္ဘာ့တိုက်ကြီး ၅ တိုက်ကို ကိုယ်စားပြုခြင်းဖြစ်ပြီး၊ အနီ၊ အဝါ၊ အပြာ၊ အစိမ်းနှင့် အနက် ဟူသည့် အရောင် ၅ မျိုးမှာ နိုင်ငံတိုင်း၏ အလံတွင် တစ်ရောင်မဟုတ်တစ်ရောင် ပါဝင်သောကြောင့် ရွေးချယ်ထားဖြင်းဖြစ်ပါသည်။ ဤသင်္ကတကို စတင်ဖော်ထုတ်ခဲ့သူမှာ `ကော်ဘာတင်´ ဖြစ်ပါသည်။ အဆိုပါပုဂ္ဂိုလ်မှာ `အိုလံပစ်ပြိုင်ပွဲမှာ အရေးကြီးဆုံးအရာမှာ အနိုင်ယူရန်မဟုတ်။ အနိုင်ယူခြင်းမှာ ပြိုင်ပွဲ၏ အစိတ်အပိုင်းတစ်ခုသာဖြစ်သည်။ အရေးကြီးဆုံးမှာ အောင်ပွဲရရန်မဟုတ်ဘဲ ရင်ဆိုင်ရုန်းကန်နိုင်ရန်သာဖြစ်ပြီး အောင်နိုင်ရန်ထက် ကောင်းစွာယှဉ်ပြိုင်ခြင်းသည်သာ အဓိကဖြစ်သည်။´ ဟုဆိုခဲ့ပါသည်။
 
== ဒဏ္ဍာရီများ ==
အိုလံပစ်ဟူသော အမည်သည် ရှေးနှစ်ပေါင်း ၂၇၀ဝ ကျော်လောက်က ဂရိနိုင်ငံ အိုလံပီယာမြို့တွင် ဂရိလူမျိုးတို့ လေးနှစ်တစ်ကြိမ် ကျင်းပပြုလုပ်ရာမှ အစပြု၍ ပေါ်ပေါက်လာခြင်းဖြစ်သည်ဟု ဆိုကြသည်။ ဇုနတ်ဘုရားကြီးအား ပူဇော်ပသရန်အတွက်လည်းကောင်း၊ နတ်များအား ပူဇော်ပသပွဲများတွင်လည်းကောင်၊ စားသောက်ပွဲကြီးများတွင်လည်းကောင်း ကစားခုန်စားပွဲများ ကျင်းပခဲ့ကြပြီး ထိုပွဲများသည် အိုလံပစ်ပွဲတော်၏ သမိုင်းအစလည်းဖြစ်ကြသည်။ ရှေးဟောင်းအိုလံပစ်ပွဲတော်များသည် နှစ်ပေါင်းများစွာ ကြာမြင့်ပြီဖြစ်သောကြောင့် မည်သည့်အချိန်တွင် မည်သည့်အကြောင်းကြောင့် ကျင်းပခဲ့ကြမှန်း အတိအကျ မသိရချေ။ သို့သော် အိုလံပစ်ပွဲတော်နှင့် ပတ်သတ်၍ ဂရိလူမျိုးတို့တွင် ရှေးဟောင်းဒဏ္ဍာရီ ကလေးများရှိကြသည်။
 
အိုလံပစ်အားကစားပြိုင်ပွဲများသည် ဂရိနိုင်ငံက အစပြုခဲ့သည့် ပြိုင်ပွဲဖြစ်သောကြောင့်လည်း ဂရိတို့၏ နတ်ဘုရားပုံပြင်ဆန်ဆန် သမိုင်းကြောင်းများနှင့် ဆက်နွယ်နေပါသည်။ ပုံပြင်တွေအများကြီးထဲတွင်မှ အများစုမှ လက်ခံသဘောတူသော သမိုင်းကြောင်းမှာ `ဇု´နတ်မင်းကြီး၏ သားတော် `ဟီရာကလိစ်´အမည်ရှိ သူရဲကောင်းသည် ဖခင်၏ အောင်မြင်မှုများကို ဂုဏ်ပြုသောအားဖြင့် အားကစားပြိုင်ကွင်းကြီး တစ်ခုကို ကိုယ်တိုင်တည်ဆောက်ပြီး အားကစားပြိုင်ပွဲများကို ကျင်းပစေခဲ့ပါသည်။ `ဟီရာကလိစ်´သည် သူကိုယ်တိုင် လမ်းလျှောက်ပြီး အားကစားကွင်း၏ အလျားကို ခြေလှမ်း ၄၀ဝ သတ်မှတ်ခဲ့ပြီး ထိုအကွာအဝေး သတ်မှတ်ချက်မှာ နောင်တစ်ချိန် သင်္ချာပညာတွင် အကွာအဝေးယူနစ်တစ်ခုလည်း ဖြစ်လာသည်ဟု ဆိုပါသည်။ အချိန်ကာလအားဖြင့် ဘီစီ ၅ ရာစုနှင့် ၆ ရာစုအတွင်း ကျင်းပခဲ့ကြပြီး အနိုင်ရသူများသည် ကဗျာစပ်ဆိုပြီး ဂုဏ်ပြုခံရခြင်း၊ ကျောက်သားတွင် ထွင်းထုမှတ်တမ်းတင် ဂုဏ်ပြုခံရခြင်း အစရှိသည်ဖြင့် ဂုဏ်ပြုခံခဲ့ရပါသည်။ သို့သော် သမိုင်းမှတ်တမ်းများအရ အိုလံပစ်ပြိုင်ပွဲများကို ဂရိနိုင်ငံများတွင် စတင်ကျင်းပခဲ့သည့် အချိန်မှာ ဘီစီ ၇၇၆ ခုနှစ်ဖြစ်ပါသည်။ သံလွင်ခက် သရဖူသည် အိုလံပစ်ပြိုင်ပွဲ၏ ထင်ရှားသော အမှတ်အသားဖြစ်ပြီး အနိုင်ရသူများကို ငြိမ်းချမ်းခြင်း အထိမ်းအမှတ်အဖြစ် ထိုသံလွင်ခက်သရဖူဖြင့် ဂုဏ်ပြုသည့် အလေ့အထလည်းရှိပါသည်။
 
ဒဏ္ဍာရီတစ်ခု၏ အဆိုအရ အဲလစ်ပြည့်ရှင် အိုနိုးမော့က သူ၏လှပချောမောသော သမီးတော် ဟစ်ပိုဒေးမီးယားအား လာရောက် တောင်းရမ်းသူများအား မိမိနှင့်မြင်းလှည်းပြိုင်ပွဲများ ဆင်နွှဲစေသည်။ ဟစ်ပိုဒေးမီးယား၏ မြင်းများမှာ ဂရိတစ်ပြည်လုံးတွင် အသန်ဆုံး၊ အမြန်ဆုံး ဖြစ်သောကြောင့် ပြိုင်ပွဲဝင်များမှာ ဘုရင်ကြီးကို မနိုင်ပဲ ဇီဝိန်ကြွေရသည်သာ များလေသည်။ ထိုအခါ သမီးတော်ကို ကြိုက်သောကြောင့် ပီးလော့ဆိုသော လူငယ်သည် ဘုရင်ကြီးနှင့် ယှဉ်ပြိုင်ရန်အတွက် တောင်းဆိုလေသည်။ ဘုရင်အိုနိုးမော့က မိမိအားနိုင်လျင် သမီးတော်နှင့်ပေးစားမည်ဟု ဆိုသောအခါ ပီးလော့သည် ဘုရင့်ကိုနိုင်ရန်အတွက် ဉာဏ်ဆင်တော့လေသည်။
 
ဘုရင်၏ ရထားထိန်း မားတီးလပ်အား ချည်းကပ်ကာ ဘုရင်ကြီး၏ လှည်းဘီးရှိ ဆို့များကို ဖယောင်းနှင့် လုပ်ထားသော ဆို့များဖြင့်
လဲလည်တပ်ဆင်ရန် ဖြားယောင်းသွေးဆောင်လေသည်။ မာတီးလပ်အား မိမိဘုရင်ဖြစ်လျင် တိုင်းပြည်တစ်ဝက်ကို ပေးမည်ဟုဆိုသဖြင့် မာတီးလပ်လည်း ပီးလော့အလိုကျ လိုက်လုပ်လေသည်။ ပြိုင်ပွဲသို့ရောက်သော် ဖယောင်းဆို့များ အရည်ပျော်ကုန်ပြီး လှည်းမှောက်သဖြင့် ဘုရင် အိုနိုးမော့ နတ်ရွာစံခဲ့သည်။ သမီးတော်ကိုရပြီး ဘုရင်ဖြစ်လာသော ပီးလော့သည် မာတီးလပ်အား တိုင်းပြည်တဝက်မပေးပဲ ရထားလုံးပေါ်မှ ချောက်ထဲတွန်းချခဲ့သည်။ ထို့နောက် အောင်မြင်မှု သရဖူကို ဆောင်းနိုင်သော အထိမ်းအမှတ်အဖြစ် ပီးလော့သည် ပထမဆုံးအိုလံပစ်ပွဲတော်ကို စတင်ကျင်းပခဲ့သည်ဟု ဆိုကြသည်။ ထိုပွဲတော်ကျင်းပသည့်နှစ်သည် ဘီစီ ၈၈၄ ခုနှစ်ဖြစ်သည်ဟု အဆိုပါ ဒဏ္ဍာရီတွင် ပါရှိသည်။
 
အခြား ဒဏ္ဍာရီ တစ်ခုအနေဖြင့် အိုလံပစ်ပွဲတော်သည် နတ်မင်းကြီးဇု၏ သားတော် ဟာကြူလီနှင့် ဆက်စပ်နေသည်ဟု ပြောကြသည်။ ဟာကြူလီသည် အဲလစ်ဘုရင်များနှင့် ယှဉ်ပြိုင်အနိုင်ရရှိခဲ့သည့် စစ်ပွဲကြီးတစ်ပွဲပြီးဆုံးခဲ့သောအခါ သူ၏ စစ်တပ်အတွက် အောင်ပွဲကြီး ကျင်းပခဲ့လေသည်။ အိုလံပီယာ တောင်ကြားသည် အားကစားပွဲအတွက် အကောင်းဆုံးဟု ဟာကြူလီကိုယ်တိုင် ရွေးချယ်သတ်မှတ်ခဲ့သည်ဟု ဆိုသည်။ ဟာကြူလီသည် ပြိုင်ပွဲအားလုံးတွင် အနိုင်ရရှိခဲ့ပြီး နောက်ဆုံးကစားနည်းဖြစ်သော နပန်းသတ်ပွဲသာ ကျန်တော့သည်။ ဟာကြူလီက သူရဲကောင်းများနှင့် စစ်သားများအား စိန်ခေါ်သော်လည်း ဟာကြူလီနှင့် နပန်းသတ်ရန် မည်သူမျှ မထွက်လာခဲ့ပေ။
 
ပြိုင်ပွဲကို ရုပ်သိမ်းရန် ဆုံးဖြတ်ခါနီးမှ လူတစ်ယောက်ထွက်လာပြီး ဟာကြူလီနှင့် နပန်းသတ်မည်ဟုပြောသည်။ နှစ်ယောက်သား အချိန်ကြာသည်အထိ ကစားခဲ့ကြသောလည်း မည်သူမှအနိုင်မရရှိသဖြင့် ဒိုင်လူကြီးများက သရေပွဲအဖြစ် သတ်မှတ်လိုက်ကြသည်။ ထိုအခါမှ ထိုလူသည် မိမိသည်တစ်ခြားသူမဟုတ် ဇုနတ်မင်းကြီးကိုယ်တိုင်ဖြစ်သည်ဟု ဆိုသည်။ လူအများလည်း ဇုနတ်မင်းကြီးကိုယ်တိုင် အိုလံပစ်အားကစားပွဲကို ဆင်နွှဲသဖြင့် အလွန်ရွှင်လန်း ဝမ်းမြောက်ကြလေသည်။ ထိုအချိန်မှ စကာ သူတို့၏ ဇုနတ်မင်းကြီးကိုယ်တိုင် ဆင်နွှဲခဲ့သော အိုလံပစ် အားကစားပွဲအား နတ်မင်းကြီးအား ဂုဏ်ပြုသည့် အနေဖြင့် လေးနှစ်တစ်ကြိမ် အိုလံပီယာတွင် ကျင်းပရန် ဆုံးဖြတ်ခဲ့ကြသည်ဟု ဆိုကြသည်။
 
နောက်ဒဏ္ဍာရီ အရ ဟာရေကလိဆိုသူသည် အဲလစ်ပြည့်ရှင် အောဂျီးအတ်အား အစတုံးသတ်ဖြတ်ပစ်လိုက်ပြီးနောက် ဘုရင် ပိုင်ဆိုင်သော ပစ္စည်းဥစ္စာများအား သိမ်းယူလိုက်သည်ဟု ဆိုသည်။ ဟာရေကလိသည် မမျှော်လင့်ပဲ ရလိုက်သော အောင်မြင်မှု အတွက်လည်းကောင်း၊ ရရှိခဲ့သော ဓနဥစ္စာများအတွက် လည်းကောင်း၊ ပြုလုပ်ခဲ့သော ဒုစရိုက်အတွက် ညစ်ညမ်းသော စိတ်ပြေပျောက်စေရန်လည်းကောင်း ပထမအကြိမ် အိုလံပစ်ပွဲတော်ကြီးကို ဘီစီ ၁၂၅၃ တွင် ကျင်းပခဲ့သည်ဟု ဆိုကြသည်။
မည်သို့ပင်ဆိုကြစေ ဘီစီ ၇၇၆ ခုနှစ်တွင် မှတ်တမ်းများ စနစ်တကျ တင်ထားသော ပထမဆုံးအိုလံပစ်ပွဲတော် ကျင်းပခဲ့သည်ဟု သုတေသီများက တညီတညွတ်တည်း သဘောတူလက်ခံထားကြသည်။<ref>အိုလံပစ်၊
ရေးသားသူ-ဗဟိုသိမ်းဆောင်၊၁၉၇၀ စာပေဗိမာန်တိုက်ထုတ်</ref>
 
== အကိုးအကား ==
<References/>
 
မှတ်ချက်။ ။မူရင်းအချက်အလက်များနှင့် ရေးသားသူများမှာ www.wikimyanmar.org မှ Phargyi၊ Exiter၊ Okisan နှင့် လဂွန်းအိန် တို့ဖြစ်ပါသည်။ --[[User:လဂွန်းအိန်|လဂွန်းအိန်]] ၁၃:၃၈၊ ၂၂ ဧ​ပြီ​ ၂၀၀၉ (UTC)
 
[[Category:အားကစား]]
စာကြောင်း ၁၁၈ -
[[km:កីឡាអូឡាំពិក]]
[[kn:ಒಲಂಪಿಕ್ ಕ್ರೀಡಾಕೂಟ]]
[[ko:국제 올림픽 경기 대회]]
[[la:Olympica (certamina)]]
[[lb:Olympesch Spiller]]