ဗသိန်းတင်၊ သခင်: တည်းဖြတ်မှု မူကွဲများ

Reverted to revision 321241 by Thethtar Batheintin (talk): Rv test edits. (TW)
စာကြောင်း ၁ -
{{refimprove}}
<gallery>
<gallery>
</gallery>
 
 
<gallery>
 
 
<gallery>
 
</gallery>
 
{{cleanup}}
'''သခင်ဗသိန်းတင်''' သည် [[ဗမာပြည်ကွန်မြူနစ်ပါတီ]]ကို ဦးဆောင်ခဲ့သော နောက်ဆုံးဥက္ကဋ္ဌ ဖြစ်သည်။
Line ၅၆ ⟶ ၄၄:
 
ထို့နောက် ၁၉၆၈ ခုနှစ်တွင် သခင်ဗသိန်းတင်ခေါင်းဆောင်သောဗကပများသည် မြန်မာပြည်အရှေ့မြောက်ဒေသ ပန်ဆိုင်းတွင် အခြေစိုက် ဌာနချုပ် ဖွင့်လှစ်ခဲ့သည်။ ထိုစဉ်အတွင်း ၁၉၆၈ ခုနှစ်၊ စက်တင်ဘာလ ၂၄ ရက်နေ့တွင် ဗမာပြည်ကွန်မြူနစ်ပါတီဥက္ကဋ္ဌ သခင်သန်းထွန်း လုပ်ကြံခံရ၍ သေဆုံးသွားသောကြောင့် ဗကပဥက္ကဋ္ဌအဖြစ် သခင်ဇင်နှင့် အတွင်းရေးမှူးအဖြစ် သခင်ချစ်တို့ဖြစ်လာခဲ့သည်။ ၁၉၇၅ ခုနှစ်၊ မတ်လ ၁၅ ရက်နေ့တွင် ပဲခူးရိုးမတွင် တပ်မတော်နှင့် တိုက်ပွဲဖြစ်ပွားစဉ် ဗကပဥက္ကဋ္ဌ သခင်ဇင်နှင့် အတွင်းရေးမှူး သခင်ချစ်တို့ သေဆုံးသွားခဲ့ရာ အဝေးရောက်ဗဟိုကော်မတီအစား ဗဟိုကော်မတီအသစ်ကို အရှေ့မြောက်နယ်စပ်၌ ဖွဲ့စည်းခဲ့သည်။ ယင်းကော်မတီသစ် တွင် သခင်ဗသိန်းတင်သည် ပါတီဥက္ကဋ္ဌဖြစ်လာခဲ့သည်။ ယင်းနောက် ၁၉၈၁ ခုနှစ် ဒီဇင်ဘာလတွင် သခင်ဗသိန်းတင်နှင့် သမ္မတ ဦးစန်းယု ခေါင်းဆောင်သော အဖွဲ့တို့ တွေ့ဆုံဆွေးနွေးခဲ့သော်လည်း တရုတ်-မြန်မာနယ်စပ်ရှိ ဗကပလွတ်မြောက်နယ်မြေကို အစိုးရက အသိအမှတ်ပြုရမည်၊ ဗကပတို့၏ တပ်မတော်တည်ရှိမှုကို အသိအမှတ်ပြုရ မည်ဟူသော အချက်တို့နှင့်ပတ်သက်၍ သဘောကွဲလွဲကာ ဆွေးနွေးပွဲပျက်ခဲ့ရပြန်သည်။
 
 
 
၁၉၈၅ ခုနှစ် စက်တင်ဘာလ ၉ ရက်မှ အောက်တိုဘာလ ၂ ရက်နေ့အထိ ပါတီ၏တတိယအကြိမ်ကွန်ဂရက်ကို အရှေ့မြောက်ဒေသ ပန် ဆန်းတွင် ပါတီဥက္ကဋ္ဌ သခင်ဗသိန်းတင်ဦးဆောင်၍ ခမ်းနားစွာကျင်းပခဲ့သည်။ ထို့နောက် တတိယပါတီကွန်ဂရက်က တင်မြှောက်လိုက်သော အရန်ဗဟိုကော်မတီဝင်နှင့် "ဝ" မြောက်ခရိုင် တပ်မဟာ (၁၂) တပ်မှူး ရဲ ဘော်ကျောက်ညီလိုင်နှင့် အလယ်ပိုင်းဗျူရို ဒုတပ်ရင်းမှူး ရဲဘော်ပေါက်ယူချန်ဦးစီးသည့် "ဝ" မြောက်ပိုင်းခရိုင် ခွင်ဖားမြို့နယ်တပ်နှင့် အခြား မြို့နယ်တို့မှ ပုန်ကန်တပ်များက ပန်ဆန်းမှ "ဝ" တပ်မှူးတပ်သားများဆက်သွယ်ကာ သွေးထွက်သံယိုမှုမရှိဘဲ ပန်ဆန်းရှိ ဗကပဗဟိုကို ၁၉ ၈၉ ခုနှစ် ဧပြီလ ၁၇ ရက်နေ့၌ အာဏာသိမ်းပိုက်လိုက်ကြသည်။ အာဏာသိမ်းပိုက်စဉ်က "ဝ" ခေါင်းဆောင် ကျောက်ညီလိုင်က ပူးပေါင်းရန် ပြောဆိုသော်လည်း သခင်ဗသိန်းတင်သည် ငြင်းပယ်ခဲ့သဖြင့် သေနတ်ကိုသိမ်းပြီး သခင်ဗသိန်းတင်ကို ထမ်းစင်ဖြင့် တရုတ်ပြည်ဘက်ကမ်းသို့ ပို့လိုက်လေသည်။ ဤသို့ သခင်ဗသိန်းတင်သည် တရုတ်ကွန်မြူနစ်ပါတီအား ပန်ဆန်းနှင့်အနီး မုံးလီတွင် နေထိုင်ခွင့်တောင်းရာ ခွင့်မပြုသဖြင့် မုံးလီနှင့် ၆၆ ကီ လိုမီတာဝေးသော မုန်းလျှန်တွင်သာ နေထိုင်ခဲ့ရသည်။