Death growl: တည်းဖြတ်မှု မူကွဲများ

No edit summary
အရေးမကြီးNo edit summary
စာကြောင်း ၁၈ -
growl တွင် အမျိုးမျိုးသော အသံအကျိုးသက်ရောက်မှုများပါရှိသည်။ သို့သော် သက်ရောက်မှုများသည် ဖန်တီးမှုထက် အတော်အသင့် အသံတိုးမြှင့်လေ့ရှိသည်။ သို့သော ကြုံတောင့် ကြုံခဲဖြစ်သည်။ အသံနည်းပြများသည် ထူးခြားသော နည်းပညာကို သင်ပြကြသည်။ ထိုနည်းပညာများသည် အန္တရာယ်များလျော့နည်းစေရန် သတ်မှတ်ထားသည်။ မည်သို့ပင်ဆိုစေ အဆိုရှင်များစွာ ပြသပြီးဖြစ်သည်။ (ဥပမာ - Christian Alvestan ) ထိုနည်းပညာများတွင် ရင်ဝမ်းခြားကြွက်သားနှင့်လေဖိအားကို အသုံးပြု၍ လည်ချောင်းဆီသို့ အသံထွက်စေရန် အသုံးပြုခြင်းများပါ၀င်သည်။ overtone singing ပုံစံများပါ၀င်သည်။ လူပုဂ္ဂိုလ်သည် သူတို့၏ လည်ချောင်းကိုကြိုးစားဖျစ်ညစ်သကဲ့သို့ အသံသည် ကြီးမားမှု လျော့နည်းလာသည်။ (မြင့်မားသော မာန်ဖီသံ/ စူးစူးဝါးဝါးအော်သံများကို ကော့ဒ်များတွင်း တင်းအားလျော့နည်းစေရန် အသုံးပြုထားသည်) တစ်ချို့ အဆိုရှင်များ(ဥပမာ Danny Worsnop, Oliver Sykes ) ဖိအားများကို လည်ချောင်းထဲတွင် အသုံးပြုထားသည်။ ၂၀၀ရဇွန်လတွင် နယ်သာလွန်မှ Radboud University Nijmegen Medical Centre မှတင်ပြထားသည်မှာ growl ၏ ကျော်ကြားလာမှုကြောင့် ပြုစုကုသရသော လူနာအများအပြားရှိလာသည်။ တင်ဆက်ပြသရာတွင် နည်းပညာများ မမှန်ကန်မှုကြောင့် အဆိုအားစိုက်ခြင်းကြောင့် ဖောယောင်ခြင်းများ အဖြစ်များသည်။
 
===သမိုင်းကြောင်းနှင့် အပြောင်းအလဲ===
===အစောပိုင်း အစဉ်အလာများ===
growl အဆိုသည် viking ဂီတ၏ အပိုင်းတစ်ခုဖြစ်ခဲ့သည်။ ၁၀ ရာစုတွင် အာရပ်ကုန်သည် Abraham Ben Jacob သည် ဒိန်းမတ်နိုင်ငံတွင် လည်ပတ်ခဲ့ပြီး ဒေသခံဂီတကို ထင်မြင်ချက်ပေးခဲ့
သည်မှာ “ Slesvig မှ viking ဂီတကို မကြားခင်က အကျဉ်းတန်သော သီချင်းများကို ဘယ်တုန်းကမှ မကြားခဲ့ဖူးပါဘူး၊ သူတို့၏ လည်ချောင်းသံမှလာသော မာန်ဖီသံများသည် ၀ံပုလွေအူသံများကို အမှတ်ရစေခဲ့ပါတယ်” ဟုဆိုသည်။ ၁၂ ရာစုမှ Hildegand of Bingen သည် ကိုယ်ကျင့်တရားကို ဖော်ဆောင်သော Ordo Virtutum ကိုရေးဖွဲ့ခဲ့သည်။ မာလ်နတ်၏ ဇတ်ကောင်များသည် ပြိုင်ဘက်ကင်းသော တေးသွားသီဆိုပုံများကို အသုံးမပြုခဲ့ပေ။ နည်းဟန်များဖြင့် ဖျော်ဖြေခဲ့ကြသည်။
စာကြောင်း ၂၉ -
၁၉၆၉နှင့် ၁၉၇၀ အစောပိုင်းမှ King Crimoson တီးဝိုင်း၏ “ 21 Century Schizoid Man” သီချင်းသည် Greg Lake ၏ သိပ်သည်းသောအဆိုပုံစံကြောင့် သတိပြုမိခဲ့သည်။ Black Sabbath ၏ Iron Man နှင့် Pink Floyd ၏ One of these Days သီချင်းတို့တွင် တိုတောင်းသော မာန်ဖီသံ၊ အသံနိမ့်သော အဆိုများပါ၀င်ပြီး rock ၏ ကြီးမားသော နောက်ခံကို ဆန့်ကျင်ထားသည်။ အခြားဥပမာများမှာ Roger Waters ၏ စူးစူးဝါးဝါးအော်သံများပါရှိသည်။ Pink Floyd ၏ သီချင်းများဖြစ်သည့် Take Up The Stethoscope and Walk (၁၉၆၇)၊ Careful with That Axe၊ Fgenre (၁၉၆၈) နှင့် Punk rock တီးဝို်င်းများဖြစ်သော The Clash နှင့် Stiff Little Fingers တို့တွင် ကြမ်းတမ်းသော အဆိုသံများပါ၀င်သည်။ မည်သို့ပင်ဆိုစေ death growl ကဲ့သို့ metal ဂီတနှင့်အများဆုံးသက်ဆိုင်သော ပုံစံများမရှိပေ။
 
===Heavy metal ၏မှုရင်း===
 
growl သည် ယနေ့အသုံးပြုသော death metal မှ တဖြည်းဖြည်းတိုးတက်လာသော ကြမ်းတမ်းမှုများနှင့် တိုက်ဆိုင်သည်။ နည်းပညာတီထွင်သူများကဲ့သို့ သီးခြားအတိအကျဖော်ထုတ်ရန် ခက်ခဲသည်။ ပုံစံကိုတည်ဆောက်ခဲ့သည်မှာ အချိန်ကြာခဲ့သကဲ့သို့ အဆိုရှင်များလည်း ခြားနားလာခဲ့သည်။ Death တီးဝိုင်းမှ အဆိုရှင်နှစ်ယောက်ဖြစ်သော အစောပိုင်း Kam Lee နှင့် နောက်ပိုင်း Chuck Schuldiner ကိုးကားခဲ့သူများအနက် ပထမဆုံးဖြစ်သည်။ Possessed တီးဝိုင်းသည်လည်း growl ပုံစံကို အသုံးပြုခဲ့သည့် အစောပိုင်းတီးဝိုင်းများမှ တစ်ခုဖြစ်သည်။ Necrophagia နှင့် Master တို့လည်းပါ၀င်သည်။ ထိုတစ်ချိန်တည်းတွင် Hellhammer နှင့် Massacre တို့သည် growl အပြောင်းအလဲကို အသုံးပြုထားသည်။ Nic Bullen, Lee Dorrian နှင့် Mark “Barney” Greenway တို့သည် ၁၉၈၀နောက်ပိုင်းတွင် ထိုပုံစံကို အကျိုးပြုထောက်ပံပေးခဲ့သည်။ ရန်မူသော၊ နက်ရှိုင်းသော လည်ချောင်းသံများကို ပေါင်းထည့်ခဲ့သည်။ growl အသံကို နက်ရှိုင်းအောင် တဖြည်းဖြည်း အသုံးပြုခဲ့သော အခြားအဆိုရှင်တစ်ဦးမှာ death metal နှင့် grindcore အဆိုရှင် Chris Barnes ဖြစ်ပြီး Cannibal Corpse တီးဝိုင်းမှ မှုရင်းအဆိုရှင်ဖြစ်သည်။ တီးဝိိုင်း၏ အတ္ထုပတ္ထိ ဗီဒီယိုတွင် သူဖော်ပြခဲ့သည်မှာ သူသည် Rob Halford ကဲ့သို့ သီဆိုချင်ခဲ့သော်လည်း သူ၏အသံမှာ အလွန်နိမ့်နေသည်။ သူသည် အခြားတူရိယာများနှင့် အတူ ရောစပ်သီဆိုရန်ကြိုးစားခဲ့သည်။ နက်ရှိုင်းသော လည်ချောင်းသံများသည်သူ၏ အမှတ်လက္ခဏာတစ်ခုဖြစ်လာခဲ့သည်။
"https://my.wikipedia.org/wiki/Death_growl" မှ ရယူရန်