Death growl: တည်းဖြတ်မှု မူကွဲများ

အရေးမကြီး →‎Heavy metal ၏မှုရင်း
အရေးမကြီးNo edit summary
စာကြောင်း ၃၂ -
 
growl သည် ယနေ့အသုံးပြုသော death metal မှ တဖြည်းဖြည်းတိုးတက်လာသော ကြမ်းတမ်းမှုများနှင့် တိုက်ဆိုင်သည်။ နည်းပညာတီထွင်သူများကဲ့သို့ သီးခြားအတိအကျဖော်ထုတ်ရန် ခက်ခဲသည်။ ပုံစံကိုတည်ဆောက်ခဲ့သည်မှာ အချိန်ကြာခဲ့သကဲ့သို့ အဆိုရှင်များလည်း ခြားနားလာခဲ့သည်။ Death တီးဝိုင်းမှ အဆိုရှင်နှစ်ယောက်ဖြစ်သော အစောပိုင်း Kam Lee နှင့် နောက်ပိုင်း Chuck Schuldiner ကိုးကားခဲ့သူများအနက် ပထမဆုံးဖြစ်သည်။ Possessed တီးဝိုင်းသည်လည်း growl ပုံစံကို အသုံးပြုခဲ့သည့် အစောပိုင်းတီးဝိုင်းများမှ တစ်ခုဖြစ်သည်။ Necrophagia နှင့် Master တို့လည်းပါ၀င်သည်။ ထိုတစ်ချိန်တည်းတွင် Hellhammer နှင့် Massacre တို့သည် growl အပြောင်းအလဲကို အသုံးပြုထားသည်။ Nic Bullen, Lee Dorrian နှင့် Mark “Barney” Greenway တို့သည် ၁၉၈၀နောက်ပိုင်းတွင် ထိုပုံစံကို အကျိုးပြုထောက်ပံပေးခဲ့သည်။ ရန်မူသော၊ နက်ရှိုင်းသော လည်ချောင်းသံများကို ပေါင်းထည့်ခဲ့သည်။ growl အသံကို နက်ရှိုင်းအောင် တဖြည်းဖြည်း အသုံးပြုခဲ့သော အခြားအဆိုရှင်တစ်ဦးမှာ death metal နှင့် grindcore အဆိုရှင် Chris Barnes ဖြစ်ပြီး Cannibal Corpse တီးဝိုင်းမှ မှုရင်းအဆိုရှင်ဖြစ်သည်။ တီးဝိိုင်း၏ အတ္ထုပတ္ထိ ဗီဒီယိုတွင် သူဖော်ပြခဲ့သည်မှာ သူသည် Rob Halford ကဲ့သို့ သီဆိုချင်ခဲ့သော်လည်း သူ၏အသံမှာ အလွန်နိမ့်နေသည်။ သူသည် အခြားတူရိယာများနှင့် အတူ ရောစပ်သီဆိုရန်ကြိုးစားခဲ့သည်။ နက်ရှိုင်းသော လည်ချောင်းသံများသည် သူ၏အမှတ်လက္ခဏာတစ်ခု ဖြစ်လာခဲ့သည်။
[[Category:ဂီတအမျိုးအစားများ]]
"https://my.wikipedia.org/wiki/Death_growl" မှ ရယူရန်