ဆေးတံ: တည်းဖြတ်မှု မူကွဲများ

No edit summary
စာတွဲများ: မိုဘိုင်းလ် တည်းဖြတ် မိုဘိုင်းလ် app တည်းဖြတ်
စာကြောင်း ၃ -
[[File:A-Peterson-pipe.jpg|thumb|တစ်လက်ကိုင် ဆေးတံ]]
==ဆေးတံပုံစံများ==
မြန်မာ့ဆေးတံကို ရွှေ၊ ငွေ၊ ကြေးနီ၊ ကြေးဝါ သတ္တုအမျိုးမျိုး၊ သစ်သား၊ ဝါးမြစ်၊ ရွှံ့စေး၊ မြေဖြူ ပါမကျန် ပစ္စည်းမျိုးစုံနှင့် လုပ်သည်။ ကျေးလက်သုံး ရှေးခေတ် ဆေးတံတို့သည် အများအားဖြင့် ရွှံ့စေးကောင်းကောင်းကို ညှပ်ပုံသွင်းပြီး မီးဖုတ်ထားသည့် မြေဆေးတံများဖြစ်သည်။ မီးဖုတ်မြေဆေးတံတွေမှာ အသေးစိတ် အလှအပ ခြယ်မှုန်းထားသည်များ ကွာခြားသော်လည်း အခြေခံပုံစံမှာ ဆင်တူကြသည်။ အများအားဖြင့် ဆေးအိုး၏ ပတ်ပတ်လည်တွင် ရွဲလုံး၊ ကြာမှောက်၊ ကြာလှန် ပုံစံများဖြစ်သည်။ အတွေ့ရနည်းသည့် ဆေးတံပုံစံများတွင် ချိုးငှက်၊ ကျေးငှက်နှင့် ပန်းပုံစံများ ပါတတ်သည်။ ဝါး၊ သစ်သား၊ ငွေ၊ ကြေးနီ၊ ကြေးဝါ၊ ဆင်စွယ်၊ ကနုကမာ တမျိုးမျိုးနှင့်လုပ်ထားသည့် စွပ်တံကို ဆေးတံရိုးတွင်တပ်လိုက်သည့်အခါ ပါးစောင်တွင်သွင်းဟုပါးစောင်တွင်သွင်း၍ အံသွားနှင့် ကိုက်ခဲထားနိုင်သည်။ ဆေးတံရိုး စွပ်တံများကို ကြိုက်နှစ်သက်သလို အတို အရှည် အရွယ်အမျိုးစုံအရွယ်မျိုးစုံ တပ်ဆင်ထားကြသည်။
 
ဆေးတံအိုး၏ပုံစံက မြန်မာ့ရိုးရာ မောင်းထောင်းသည့် မောင်း၏ ဆုံခွက်၊ ငရုတ်သီးထောင်းသည့် ‘ငရုတ်ဆုံ’ ၏ ဆုံခွက်နှင့် ဆင်တူသည်။ မြန်မာ့ဇာတိ ဆေးရွက်ပြားကြီး၊ ဂေါ်လျှင်ဂျီဆေးရွက်ချွန်းဂေါ်ရင်ဂျီဆေးရွက်ချွန်း (ခေါ်) ဘင်္ဂလားဆေးရွက်ကြီး တမျိုးမျိုးနှင့်လုပ်ထားသည့် ဆေးတံသောက်ဆေးဖြစ်ဖြစ်၊ သံဗူးနှင့်လာသည့် နိုင်ငံခြားဖြစ် ဆေးတံသောက်ဆေးဖြစ်ဖြစ် ဆေးတံအိုးထဲတွင် အပြည့်ဖြည့်ထားလျှင် ‘ဆေးတစ်အိုး’ ဟုခေါ်သည်ထက် ‘ဆေးတစ်ဆုံ’ ဟုခေါ်သည်က ပိုပြီးအသုံးတွင်ကျယ်သည်။
 
==ထုတ်လုပ်ပုံ==