အောင်ဇေ (တော်ဘုရားလေး): တည်းဖြတ်မှု မူကွဲများ

No edit summary
No edit summary
စာကြောင်း ၄ -
သီပေါမင်းတရားကြီးနှင့် မိဖုရားခေါင်ကြီး [[စုဖုရားလတ်]]တို့၏ မြေးတော် တစ်ဦးဖြစ်သော တော်ဖုရားလေး (ဦး) အောင်ဇေကို ၁၉၂၆ ခုနှစ်၊ ဇွန်လ ၃ဝ ရက်နေ့တွင် အဖ ဦးကိုကိုနိုင်၊ အမိ အရှင်ထိပ်စုမြတ်ဖုရားလေးတို့မှ [[ရန်ကုန်မြို့]] ၌ မွေးဖွားခဲ့သည်။
 
၁၉၄၈ မှ ၁၉၆၂ ခုနှစ်များအတွင်း သီပေါရောင်းဝယ်ရေးဆင်ဒီကိတ် တည်ထောင်ပြီး ဒါရိုက်တာအဖြစ် ဆောင်ရွက်ကာ တိုကျိုနှင့်[[တိုကျိုမြို့|တိုကျို]]နှင့် အိုဆာကာတို့တွင် ရုံးခွဲများ ဖွင့်လှစ်ခဲ့သည်။ ၁၉၅ဝ ပြည့်နှစ်တွင် ပြည်ထောင်စုမြန်မာနိုင်ငံတော် ထွက်ကုန် ကုန်သည်များအသင်းချုပ်ကို တည်ထောင်ခဲ့ကာ အထွေထွေအတွင်းရေးမှူးအဖြစ် လုပ်ကိုင်ဆောင်ရွက်ခဲ့သည်။ ၁၉၅၃ ခုနှစ်တွင် ပြည်ထောင်စုမြန်မာနိုင်ငံတော် ထုတ်ကုန် ကုန်သည်များ အရှေ့ဖျားကော်ပိုရေးရှင်းကို ဖွဲ့စည်းပြီး ဒါရိုက်တာအဖြစ် တာဝန်ယူ ဆောင်ရွက်ရင်း ကိုယ်ပိုင်စီးပွားရေး လုပ်ငန်းများ လုပ်ကိုင်ခဲ့သည်။ [[ထိုင်း]]၊ [[ဟောင်ကောင်]]၊ [[အိန္ဒိယ]]၊ [[ဂျပန်]]တို့သို့လည်း သွားရောက်ခဲ့သည်။ ၁၉၆ဝ ပြည့်နှစ်တွင် တရုတ်နိုင်ငံ၊ မြောက်ကိုရီးယား၊ ၁၉၆၁ ခုနှစ်တွင် တရုတ်နိုင်ငံတို့သို့ မြန်မာအစိုးရ စီးပွားရေးမစ်ရှင်ဖြင့် သွားရောက်ခဲ့သည်။
 
၁၉၅၅ - ၅၈ ခုနှစ်တွင် ကုန်သွယ်ရေးသမဂ္ဂကွန်ဂရက်တွင် ဗဟိုစည်းရုံးရေးမှူးအဖြစ် တာဝန်ယူခဲ့သည်။ ၁၉၅၇ - ၆၄ ခုနှစ်တွင် ပြည်တွင်းငြိမ်းချမ်းရေးအဖွဲ့ ဌာနချုပ်၊ ကမ္ဘာ့ငြိမ်းချမ်းရေးကွန်ဂရက် (မြန်မာနိုင်ငံ)၊ အာရှ-အာဖရိကသွေးစည်းညီညွတ်ရေးအဖွဲ့တွင် ဗဟိုအလုပ်အမှုဆောင် အဖွဲ့ဝင်၊ တရုတ်ဖြူကျူးကျော်မှုနှင့် နယ်ချဲ့ ဆန့်ကျင်ရေး အမျိုးသားကော်မတီဌာနချုပ် ဘဏ္ဍာရေးမှူး၊ ၁၉၆၁ ခုနှစ်တွင် မြန်မာ-ကိုးရီးယား မိတ်ဆွေဖြစ်အသင်း၊ ၁၉၆၄ ခုနှစ်တွင် Myanmar Export and Import Corporation (မြန်မာ့ထုတ်ကုန်သွင်းကုန်ကော်ပိုရေးရှင်း) ရုံးချုပ် အုပ်ချုပ်ရေး မန်နေဂျာတို့အဖြစ် ပါဝင် လုပ်ကိုင် ဆောင်ရွက်ခဲ့ပြီး ၁၉၆၅ ခုနှစ်တွင် တာဝန်မှ အနားပေးခြင်း ခံခဲ့ရသည်။
စာကြောင်း ၁၂ -
အင်္ဂလိပ်စာ နည်းပြဆရာအဖြစ် နှစ်ပေါင်း ၃ဝ ကျော် လုပ်ကိုင်ခဲ့ပြီး၊ သမိုင်းသုတေသနစာတမ်း ရေးသားမှုများ ပြုလုပ်ခဲ့ကာ စာပေနယ်ဘက်တွင်လည်း ဆောင်းပါး အမြောက်အများနှင့် စာအုပ်များ ရေးသား ထုတ်ဝေခဲ့သည်။ မကွယ်လွန်မီအထိ စာပေရေးသားမှုများ ပြုလုပ်ခဲ့ပြီး အမှတ် ၁၅၉/က၊ ရွှေတိဂုံ ဘုရာလမ်း၊ ဒဂုံမြို့နယ်တွင် နေထိုင်ခဲ့သည်။
 
== စာပေရေးသားမှု ==
== စာပေးရေးသားမှု ==
သမိုင်းနှင့် ပတ်သက်သည့် စာအုပ်များဖြစ်သော ပြည်သူချစ်တဲ့ မျိုးဆက်သစ်၊ လန်ဒန်ရောက် ပတ္တမြား ငမောက်၊ ရတနာပုံမှ ရတနာဂီရိသို့ စသည့် စာအုပ်များကို ရေးသားခဲ့သည်။
 
၂၀၀၈ ခုနှစ်တွင် တော်ဖုရားကလေးထံမှ လူထုဒေါ်အမာမွေးနေ့များတွင် ချီးမြှင့်ပေးပို့ခဲ့သော ကဗျာများကို အမေရိကန်နိုင်ငံအခြေစိုက် ဓူဝံစပေမှဓူဝံစာပေမှ "The Grand Old Lady"<ref>[http://duwun.com/product.sc;jsessionid=787EE3B450721F63AA98CFFC3D3CE767.qscstrfrnt05?productId=1&categoryId=1 The Grand Old Lady] ISBN 978-0-9788396-3-5 </ref>ခေါင်းစဉ်ဖြင့် စုစည်း ထုတ်ဝေခဲ့သည်။
 
== ဘဝနိဂုံး ==