ပန်းစွာရွာ: တည်းဖြတ်မှု မူကွဲများ

စာမျက်နှာအသစ်: ==တည်နေရာ== ကျေးရွာ တစ်ခုရဲ့အမည်ဖြစ်ပါသည်။ ပန်းစွာကျေးရွ...
(ကွဲပြားမှု မရှိ)

၀၃:၄၀၊ ၁၇ နိုဝင်ဘာ ၂၀၀၉ ရက်နေ့က မူ

တည်နေရာ

ကျေးရွာ တစ်ခုရဲ့အမည်ဖြစ်ပါသည်။ ပန်းစွာကျေးရွာဟာ မကွေးတိုင်း၊ မြိုင်မြို့နယ် မြောက်ပိုင်း တွင် တည်ရှိပါသည်။ တည်နေရာ အတိအကျကတော့ 21°48'43.62"N,95° 0'14.45"E ဖြစ်ပါတယ်။

အကျယ်အဝန်း

အရှေအနှင့်အနောက် ရဲ့အရှည်မှာ ၃၁၀၀ ပေဝန်းကျင် ရှိပြီး တောင်နှင့်မြောက်ရဲ့အရှည်မှာ ၂၃၀၀ ပေခန့်ရှိပါသည်။ အိမ်ခြေ ၅၀၀ ကျော်ရှိပါသည်။ လူဦးရေမှာ (၂၀၀၅) ကျား ၁၆၁၇ နှစ်ယောက်နှင့် မ ၁၈၉၃ ယောက်ရှိပါသည်။

ကိုးကွယ်မှု့

ကျေးရွာတစ်ရွာလုံးက ဗုဒ္ဓဘာသာကို ကိုးကွယ်ကြပါသည်။ ထင်ရှားသော စေတီပုထိုးများမှာ - သုံးပန်လှ ဘုရား၊ လေးမျက်နာ ဘုရား၊ ရှစ်မျက်နာ ဘုရား၊ ကိုးနဝန်းဘုရား ၊ သိမ်ဘုရား၊ ပြသိုလ်လ ဘုရာ၊ ထုံးကြီးဘုရား တို့ဖြစ်ပြီး ရွာ၏ အရှေမြောက်ဖက် ၂ မိုင်ခန့်တွင် တန်ခိုးကြီး ရွှေမုဓော ဘုရားရှိပါသည်။

ရွှေမုဓော ဘုရားပွဲကို နှစ်စဉ် ဝါဆိုလပြည့်နေ့တွင် ကျင်းပကြပါသည်။ ဝါထပ်တဲ့နှစ်ဆိုရင် ပထမဝါဆိုလပြည့်တွင် ကျင့်ပကြပါသည်။ ထိုဘုရားပွဲကို ရွာရဲ့ ဆွေးမျိုးများ၊ မြို့ရောက်နေသော သူများ လာရောက်ကြပါသည်။ ဘုရား၏ ပတ်ဝန်းကျင် ၁၀ ရွာမှလည်း လာရောက်ကြပါသည်။

ပညာရေး

ကျေးရွာတွင် မူလွန်ကျောင်းတစ်ကျောင်းရှိပါသည်။ မကြာသောကာလတွင် အလက ခွဲအဖြစ် ရရှိအောင် ကြိုးစာဆောင်ရွက်နေကြပါသည်။ ကျောင်းသာမျာမှာ မူလတန်းတွင် ၃၀၀ ကျောင်နှင့် မူလွန်တွင် ၁၂၀ ခန့်ရှိပါသည်။

ကျေးရွာမှာ ဗုဒ္ဓစာပေကို သင်ကြားသော ဘုန်းကြီးကျောင်း ၅ ကျောင်းရှိပါသည်။ ထိုကျောင်းများမှာ ကကုဓာရာမကျောင်း၊ အောင်မြေဘုံသာကျောင်း၊ ဘုရားကြီးကျောင်း၊ မင်္ဂလာရာမကျောင်း၊ ကျောင်းကြီးကျောင်း တို့ဖြစ်ပါသည်။ ကျောင်းများတွင် ပုမှန်ကျောင်းသားများမှာ ၃၀၀ ဝန်းကျင် နှင့် ကိုရင် ၁၂၀၊ ဘုန်ကြီး ၈ ပါးရှိပါသည်။

ကျန်းမာရေး

ကျေးလက်ကျန်းမာရေးဆေးပေးခန်တစ်ခုရှိပါသည်။ ထိုဆေးခန်းကို သားဖွားဆရာမက အမြဲတာဝန်ယူထားပါသည်။ ၅ မိုင် ၆ ခန်အကွာ (ကျားတတ် နှင့် လက်ယက်မ) တို့တွင် တိုက်နယ်ဆေးရုံများလည်ရှိပါသည်။

စီးပွားရေး

အဓိက စီးပွားရေးမှာ စိုက်ပျိုးရေးဖြစ်ပါသည်။ အဓိကစိုက်ပျိုးရေမှာ ဆန်စပါး၊ မြေပဲ၊ နှမ်း၊ ပြောင်း၊ ကြက်သွန် တို့ဖြစ်ပါသည်။ ဆန်စပါးကို ရေတွင်းများတူး၍ သုံးသီးစားအဖြစ်စိုက်ပျိုးကြပါသည်။ ဒုတိယမှာ ထန်းလုပ်သားများနှင့် အိုးလုပ်ခြင်း,ဖုတ်ခြင်း တို့ဖြစ်ပါသည်။ အိုးလုပ်ခြင်းခြင်းသည် ရွာ၏ ပတ်ပတ်လည် မိုင် ၄၀ တွင် အလွန်ထင်းရှားပါသည်။ ပြုလုပ်သောအိုးများမှာ ထန်ရေအိုး၊ သောက်ရေ သုံးရေအိုး၊ အင်တုံ တိုဖြစ်ပါသည်။