Folk punk: တည်းဖြတ်မှု မူကွဲများ

No edit summary
အရေးမကြီး →‎၁၉၈၀
စာကြောင်း ၁၂ -
 
Violent Femmes သည် ၁၉၈၀တွင် အမေရိကန်နိုင်ငံ Milwaukee မြို့တွင် ဖွဲ့စည်းခဲ့ပြီး သူတို့သည် velvet underground မှ အစောပိုင်း art rock အနုပညာရှင်များလွှမ်းမိုးခဲ့သော်လည်း punkနှင့် folk တို့ကို ရောစပ်၍ စီးပွားရေးအရ အောင်မြင်ခဲ့သော တီးဝိုင်းများမှတစ်ခုဖြစ်သည်။
၁၉၈၀အတောအတွင်းတွင်၁၉၈၀ အတောအတွင်းတွင် အခြား punkနှင့် hardcore တီးဝိုင်းများသည် folk သံစဉ်များကို အစားထိုးခဲ့သည်။ The Dead Milkmen, Husker Du နှင့် Articles of Faith စသောတီးဝိုင်းများသည် အမှတ်ရစရာတီးဝိုင်းများဖြစ်သည်။ hardcore တီးဝိုင်း The Meat Puppets သည် ၁၉၈၄တွင် punk ကို folk-country ပုံစံပြောင်းလဲထားသည်။ “Meat Puppets 2” album ကို ဖြန့်ချီခဲ့သည်။
UK တွင် လန်ဒန်အခြေစိုက် အိုင်ရစ်တီးဝိုင်း The Pogues တီးဝိုင်းသည် ၁၉၈၂ တွင် ဖွဲ့စည်းခဲ့ပြီး folk and punk ကို ရောနှော၍ တီထွင်ခဲ့သည်။ folk အဆိုတော်များ၏ ပြန်ဆိုတေးများနှင့် မှုရင်းသီချင်းများကို punk ပုံစံဖြင့် ဖျော်ဖြေခဲ့ကြသည်။ UK မှ top ten album တွင် ပါ၀င်ခဲ့သည်။ ၁၉၈ရတွင် အမျိုးသမီးအဆိုရှင် Kirsly McColl နှင့်အတူ Fairytale of New York သီချင်းဖန်တီးခဲ့သည်။ The Pogues မှ ဦးဆောင်အဆိုရှင် Shane Mc Gowan သည် လန်ဒန်မှ punk တီးဝိုင်း The Nips တွင် သီဆိုခဲ့သည်။ The Nipple Erectors ဟုလည်း အသိများသည်။
ဖန်တီးသူများထဲမှ ထင်ရှားသောတီးဝိုင်းမှာ The Men They Couldn’t Hang ဖြစ်ပြီး ၁၉၈၄ တွင် ဖွဲ့စည်းခဲ့သည်။ အခြားအရေးပါသော တီးဝိုင်းတစ်ခုမှာ Oyster band ဖြစ်ပြီး ၁၉၈၆ ၀န်းကျင်မှ မြန်၍ ခက်ခဲ့သော rock သံစဉ်များကို Ceilidh ဂီတနှင့် ပေါင်းစပ်ခဲ့သည်။ The Levellers တီးဝိုင်းသည် ၁၉၈၈တွင် ဖွဲ့စည်းခဲ့ပြီး ရိုးရာတေးသွားများအသုံးနည်းသော်လည်း အကူစတစ်(စ်) တူရိယာများနှင့် တယောများကို အသုံးပြုခဲ့သည်။ ၁၉၈၀အင်္ဂလိပ် punk ဖြစ်ရပ်မှ ထင်ရှားသော အဖွဲ့ဝင်များသည် folk လွှမ်းမိုးမှုများကို စမ်းသပ်လေ့လာခဲ့သည်။ ဗြိတိန်တီးဝိုင်း Chumbawaba သည် အကော်ဒီယံနှင့် တံပို်းများကို အသုံးပြုခဲ့သည်။ Attila The Stockbroker ဂီတသမားသည် ၁၉၈၆တွင် မယ်ဒလင်ဖြင့် စတင်ဖျော်ဖြေခဲ့သည်။ ယနေ့တိုင်ဖျော်ဖြေခဲ့သည်။ ၁၉၈၀တွင် အင်္ဂလိပ် folk punk နှင့်ဆက်စပ်၍ အောင်မြင်ခဲ့သော အနုပညာရှင်တစ်ဦးမှာ Bill Bragg ဖြစ်ပြီး ထင်ရှားစွာ လွှမ်းမိုုးခဲ့သည့် folk punk အနုပညာရှင်တစ်ဦးဖြစ်သည်။
"https://my.wikipedia.org/wiki/Folk_punk" မှ ရယူရန်