ကျောက်ကပ်ရောင်ရောဂါ: တည်းဖြတ်မှု မူကွဲများ

အရေးမကြီး ref style
စာကြောင်း ၄၂ -
 
=== ဓာတ်မှန်ရိုက် စမ်းသပ်ခြင်း ===
ကျောက်ကပ်တွင် ဆီးကျောက်တည်ခြင်းအား သံသရှိပါက (ဥပမာ။ on the basis of characteristic colicky pain or the presence of a disproportionate amount of blood in the urine) ကျေက်ကပ်၊ ကျောက်ကပ်ဆီးလမ်းကြောင်းနှင့် ဆီးအိမ်ဓာတ်မှန် (KUB ဓာတ်မှန်) ရိုက်ခြင်းဖြင့် ဓာတ်မှန်ဖြင့်ရှာတွေ့နိုင်သော ကျောက်များအား တွေ့ကောင်းတွေ့နိုင်ပါသည်။<ref name="Ramakrishnan2005"/> ဆီးကျောက်တည်သည်ဟု သံသယရှိပါက ဆေးမထိုးရသော ကွန်ပျူတာဓာတ်မှန် (၅ မီလီမီတာတိုင်းတွင် တစ်ချပ်) ရိုက်ခြင်းကို ရောဂါရှာဖွေမှုစံအဖြစ် သတ်မှတ်ထားသည်။<ref name="Pearle2007"/><ref name="SmithCentennial2000"/><ref name="Fang2009"/> ရှားရှားပါးပါး ဆီးထဲတွင်စွန့်ပစ်သောဆေးများနှင့် ဖွဲ့စည်းဖြစ်ပေါ်သော ဆီးကျောက်မျိုးမှလွဲ၍ ဆီးကျောက်တိုင်းကို ကွန်ပျူတာဓာတ်မှန်ဖြင့် စမ်းသပ်ဖော်ထုတ်နိုင်ပါသည်။<ref name="Pietrow2006"/> အထက်သို့ဆန်တက်သော ဆီးလမ်းကြောင်းပိုးဝင်ခြင်းရောဂါကို မကြာခဏ (ထပ်ခါထပ်ခါ) ခံစားရပါက ကိုယ်ခန္ဓာပိုင်းဆိုင်ရာ မူမမှန်မှုများကို ရှာဖွေစစ်ဆေးရန်လိုအပ်ပါသည် {ဥပမာ။ vesicoureteral reflux၊ ကျောက်ကပ်တွင် ရေအိပ်များစွာတည်ခြင်းရောဂါ (polycystic kidney disease)}၊ အဆိုပါ အခြေအနေတွင် ကျောက်ကပ်အား အသံလှိုင်းဓာတ်မှန်/အာထြွာဆောင်း (ultrasonography) ရိုက်ခြင်း (သို့) ဆီးလမ်းကြောင်းမှတဆင့် ဆီးလမ်းကြောင်းတလျှောက်နှင့် ဆီးအိမ်တွင်းသို့ ကင်မရာပါသောပြွန်ထည့်ကြည့်ခြင်း (voiding cystourethrography) များ ပြုလုပ်ရပါသည်။<ref name="Ramakrishnan2005"/> ကွန်ပျူတာဓာတ်မှန် (သို့) ဝမ်းဗိုက်အသံလှိုင်းဓာတ်မှန်ရိုက်ခြင်းတို့သည် xanthogranulomatous ကျောက်ကပ်ရောင်ရောဂါအား ရှာဖွေဖော်ထုတ်ရာတွင် အသုံးဝင်ပြီး၊ ဆက်တိုက်ဓာတ်မှန်ရိုက်ခြင်း (serial imaging) သည် xanthogranulomatous ကျောက်ကပ်ရောင်ရောဂါအား ကျောက်ကပ်ကင်ဆာနှင့် ခွဲခြားရာတွင် အသုံးဝင်ပါသည်။<ref name="Korkes2008"/>
 
DMSA စကင် (DMSA scan) ဆိုသည်မှာ ဒိုင်မာကပ်တိုဆတ်ဆီးနစ် အက်ဆစ် (dimercaptosuccinic acid) ကို အသုံးပြုထားသော ရေဒီယိုနြူကလိရိုက် စကင်ဖြစ်ပြီး ကျောက်ကပ်၏ ပုံသဏ္ဌာန်ကို ကြည့်ရှုရာတွင် အသုံးပြုပါသည်။<ref>{{Cite journal|pmid=7794724|volume=9|title=Update on dimercaptosuccinic acid renal scanning in children with urinary tract infection|date=April 1995|vauthors=Goldraich NP, Goldraich IH|journal=Pediatr. Nephrol.|pages=221–6; discussion 227|doi=10.1007/bf00860755}}</ref>