စာပေဗိမာန်: တည်းဖြတ်မှု မူကွဲများ

အရေးမကြီးNo edit summary
အရေးမကြီးNo edit summary
စာကြောင်း ၄ -
==သမိုင်းကြောင်း==
[[File:Sarpay Beikman 01 .jpg|thumbnail|စာပေဗိမာန်အဖွဲ့၏ မူလအစ ရန်ကုန်မြို့ [[ပြည်လမ်း]] ဟံသာဝတီအဝိုင်းအနီးရှိ ဆိုရန်တိုဗီလာ အဆောက်အအုံ]]
မြန်မာနိုင်ငံလွတ်လပ်ရေး ရရှိရန်နှင့် ဒုတိယကမ္ဘာစစ်ဒဏ်မှ ပြန်လည်ထူထောင်ရန်အတွက် ၁၉၄၇-ခုနစ်တွင် ဆိုရန်တိုဗီလာစီမံကိန်း ရေးဆွဲရေးအစည်းအဝေး ကျင်းပခဲ့သည်။ အစည်းဝေးတွင် တိုင်းသူပြည်သားများအတွက် အသုံးကျမည့် ပြည်ပနိုင်ငံထုတ် စာအုပ်များကို ဘာသာပြန်ရန်နှင့် ပုံနှိပ်ထုတ်ဝေရန် ဘာသာပြန်စာပေဌာနကြီး တစ်ခုထူထောင်ရန် [[ဗိုလ်ချုပ်အောင်ဆန်း]]က ပြောကြားခဲ့သည်။ ဗိုလ်ချုပ် မိန့်ကြားခဲ့သည်မှာ ၁၉၄၇-ခုနှစ်၊ ဩဂုတ်လ(၂၆)ရက်နေ့တွင် [[မြန်မာနိုင်ငံဘာသာပြန်စာပေအသင်း|မြန်မာနိုင်ငံဘာသာပြန်စာပေအသင်းကြီး]] စတင်ပေါ်ပေါက်လာခဲ့သည်။ ထိုအသင်းကြီးကို ၁၉၄၈-ခုနှစ်၊ မေလတွင် စာပေဗိမာန်ဟု ခေါ်တွင်စေခဲ့သည်။ စာပေဗိမာန်အဖွဲ့သည်မူလက [[ပြည်လမ်း]] ဟံသာဝတီအဝိုင်းအနီးရှိ ဆိုရန်တိုဗီလာ အဆောက်အအုံတွင် တည်ရှိခဲ့သည်။ ၁၉၅၅-ခုနှစ်၊ မေလတွင် (၅၂၉-၅၃၁)[[ကုန်သည်လမ်း]] (လက်ရှိနေရာ)သို့ ပြောင်းရွှေ့ခဲ့သည်။ ၁၉၆၀-ပြည့်နှစ်၊ ဇူလိုင်လတွင် စာပေဗိမာန် စာအုပ်အသင်းကို စတင်တည်ထောင်ခဲ့သည်။ ၁၉၆၅-ခုနှစ်တွင် စာပေဗိမာန်အုပ်ချုပ်ရေးအဖွဲ့ ဥပဒေကိုပြဌာန်းခဲ့သည်။ ၁၉၇၂-ခုနှစ် မတ်လတွင် စနစ်သစ်အုပ်ချုပ်ရေးအရ ဗဟိုပုံနှိပ်တိုက်နှင့် ပေါင်းပြီး စာပေဗိမာန်သည်ပြန်ကြားရေးဝန်ကြီးဌာန၊ ပုံနှိပ်ရေးနှင့် စာအုပ်ထုတ်ဝေရေး လုပ်ငန်း၏လက်အောက်ခံဌာနခွဲတစ်ခု ဖြစ်လာခဲ့သည်။ ထိုအချိန်မှစ၍ စာပေဗိမာန်သည် ပြန်ကြားရေး ဝန်ကြီးဌာန၏မီဒီယာလုပ်ငန်းများတွင် ပုံနှိပ်မီဒီယာလက်ရုံးတစ်ခု ဖြစ်လာခဲ့သည်။ <ref>http://www.sarpaybeikman.gov.mm</ref>
 
==ရည်ရွယ်ချက် နှင့် ဖွဲ့စည်းပုံ==