မြန်မာနိုင်ငံတော်ဗဟိုဘဏ်: တည်းဖြတ်မှု မူကွဲများ

အရေးမကြီး →‎ကိုးကား
အရေးမကြီးNo edit summary
စာကြောင်း ၂၈ -
 
== နောက်ခံသမိုင်း ==
၁၉၄၇ ခုနှစ် ပြည်ထောင်စုမြန်မာနိုင်ငံတော်ဘဏ် အက်ဥပဒဖြေင့် ၃-၄-၄၈ ရက်နေ့တွင် ဗဟိုဘဏ်အဖြစ် တည်ထောင်ခဲ့သော ပြည်ထောင်စု မြန်မာနိုင်ငံတော်ဘဏ် သည် [[အိန္ဒိယနိုင်ငံ]] ရီဇက်ဘဏ် ၏ ရန်ကုန်ဘဏ်ခွဲ လုပ်ငန်းများကို လွှဲပြောင်းယူခဲ့သည်။ သို့ရာတွင် ၁၉၅၂ ခုနှစ်၊ ဇူလိုင်လ ၁ ရက် နေ့တွင် ပြည်ထောင်စု မြန်မာနိုင်ငံတော်ဘဏ် အက်ဥပဒေကို ပြဌာန်းကာ ထိုဥပဒေအရ ပြည်ထောင်စု မြန်မာနိုင်ငံဘဏ် တည်ထောင်သောအခါ မြန်မာနိုင်ငံတွင် ငွေစက္ကူထုတ်ဝေရန် ၁၉၄၆ ခုနှစ် ငွေကြေး အက်ဥပဒေအရ ဖွဲ့စည်းခဲ့သည့် မြန်မာနိုင်ငံ ငွေကြေးဘုတ်အဖွဲ့ကို ဖျက်သိမ်းပြီးနောက်တွင်မှ ဗဟိုဘဏ် လုပ်ငန်းကို အပြည့်အဝ ဆောင်ရွက် လာနိုင်ခဲ့ပြီး၊ [[ရန်ကုန်မြို့]] [[ကုန်သည်လမ်း]] နှင့် ဆူးလေဘုရားလမ်း ထောင့်တွင် စတင်ဖွင့်လှစ်ခဲ့၍ လုပ်ငန်း ဆောင်ရွက်ခဲ့သည်။
 
၁၉၅၂ခုနှစ် ပြည်ထောင်စု မြန်မာနိုင်ငံတော်ဘဏ် အက်ဥပဒေ အရ ပြည်ထောင်စုဘဏ် ၏ ခွင့်ပြုမတည်ငွေရင်း အား ကျပ်သန်း၄ဝထားရှိပြီး၊ ငွေကျပ် ၁ဝသန်းကို ပြည်ထောင်စုအစိုးရမှ ထည့်ဝင်ခဲ့ပါသည်။ ၁၉၆၇ ခုနှစ်တွင် ပြည်သူ့ဘဏ် ဥပဒပြေဌာန်းပြီး၊ တစ်ခုတည်းသော ပြည်ထောင်စု မြန်မာနိုင်ငံ ပြည်သူ့ဘဏ် ကို နိုင်ငံတော်က အပြည့်အဝထည့်ဝင်သော မူလမတည်ရင်းနှီးငွေ ကျပ် ၂ဝဝသန်းဖြင့် တည်ထောင်ခဲ့သည်။