ကျည်စိုး: တည်းဖြတ်မှု မူကွဲများ

စာမျက်နှာအသစ်: ကျဉ်စိုးမင်းသည် ကွမ်းဆော်ကြောင်ဖြူမင်းကြီး၏ တောင်ပြင်...
 
အရေးမကြီး robot Adding: en:Kyiso; cosmetic changes
စာကြောင်း ၁ -
ကျဉ်စိုးမင်းသည် ကွမ်းဆော်ကြောင်ဖြူမင်းကြီး၏ တောင်ပြင်သည် မိဖုရားကြီးမှ ဖွားမြင်သည်။ [[စုက္ကတေး]]မင်းသား၏ အကြံနှင့် ကျဉ်စိုးမင်းသားတို့ ပူးပေါင်းကာ ကျောင်းဆောင်တစ်ဆောင် ဆောက်လုပ်လှူဒါန်းပြီး ကျောင်းတော် ရေစက်ချအလှူ၌ သာဓုခေါ်ပေးရန် မင်းကြီးကို ဖိတ်ကြားရာ ကွမ်းဆော်ကြောင်ဖြူမင်းလည်း ကြွရောက်လေသည်။ ကျောင်းရောက်လျှင် သီတင်းသုံးမည့် ပုဂ္ဂိုလ်မတွေ့သဖြင့်မေးရာ မင်းကြီးပင်ဖြစ်သည်ဟုဆိုကာ နန်းချလိုက်လေသည်။ ထို့နောက် ကျဉ်စိုးမင်းသား နန်းတက်ခဲ့သည်။
 
ကျဉ်စိုးမင်းသား ၆-နှစ်မျှ ထီးနန်းစိုးစံပြီးနောက် တစ်နေ့ တောကစားထွက်ရင်း သမင်တစ်ကောင် ရေသောက်နေသည်ကို တွေ့သဖြင့် အသာချောင်းမြောင်း နေလေသည်။ ထိုစဉ်အတွင်း တောလိုက်မုဆိုးတစ်ဦးကလည်း ယင်းသမင်ကို တောစပ်ချုံပုတ် တစ်နေရာမှ ချောင်းမြောင်းနေလေသည်။ သမင်သည် ကျဉ်စိုးမင်းသားအား တွေ့သည်နှင့် ရုတ်တရက်လန့်၍ ပြေးရာ မုဆိုးပစ်လိုက်သည့်မြားက ကျဉ်စိုးမင်းကို ထိမှန်လျှက် နတ်ရွာစံရလေသည်။
 
* (သမိုင်းတွင် ညီတော် စုက္ကတေးကလုပ်ကြံသဖြင့် ကျဉ်စိုးမင်း ကွယ်လွန်သည်ဟု မှူးမတ်အချို့က မှတ်ယူကြသည်။ အမှန်တကယ်တွင်လည်း သံသယဖြစ်ဖွယ်ကောင်းလှသည်။ ပုဂံဘုရင်တစ်ပါးတည်း တောကစားထွက်ခြင်း၊ သာမန်မုဆိုးတစ်ဦး၏ လက်ချက်ဖြင့် မြားမှန်ကာ ဘုရင်နတ်ရွာစံရခြင်းမှာ ယုတ္တိမရှိလှပေ။)
 
ပုဂံနေပြည်တော်တွင် ကျဉ်စိုးမင်း၏ သတင်းကို ညီတော် စုက္ကတေးမင်းသားက ဖုံးဖုံးဖိဖိပြုကာ ထီးနန်းကို ဆက်ခံလေသည်။<ref>တင်နိုင်တိုး ၏ ပုဂံရွှေပြည်မှ သူရဲကောင်းများ ၂၀၀၆-ခု၊ ဧပြီလ </ref>
စာကြောင်း ၉ -
 
 
== ကိုးကား ==
<references/>
 
စာကြောင်း ၁၇ -
[[Category:ပုဂံမင်းဆက်]]
[[Category:မြန်မာ့ သမိုင်း]]
 
[[en:Kyiso]]