ကဗျာလင်္ကာ: တည်းဖြတ်မှု မူကွဲများ

No edit summary
No edit summary
စာကြောင်း ၂၂ -

လနေအစွန်၊ မြမြေမွန်ဝယ်၊ လေသွန်ပင့်မှုတ်၊<brrbr>
ရွက်ရင့်ပြုတ်က၊ ကျေးနှုတ်ဖူးဆင့်၊<brrbr>
လွတ်ကျူးတင့်သည်၊<brrbr>
နူးခွင့်ခါမှီ၊ သရဖီလည်း၊ ရာသီသိဆုံး၊ စီဘိကုံးသို့၊<brrbr>
တောလုံးလျှမ်းမောက်၊ ပန်းပိတောက်မူ၊<brrbr>
နွမ်းခြောက်ကြွေ ရော်၊ မချွေသော်လည်း<brrbr>
မြေပေါ်အတိ၊ ပုံလျက်ရှိ၏။<brrbr>
ဤ၌ ကာရန်များမှာ နှစ်ချက်သုံးချက်ပင် မိအောင်

စပ်ဆိုထား၏။ လနှင့်မြ၊နေနှင့်မြေ၊စွန်နှင့်မွန်၊သုံးချက်စလုံးမိ၏။ အနက်ဓိ ါယ်ကားရှင်းလှ၏။ အခါရာသီ အလျောက် လူက မချွေရဘဲနှင့် အလိုလိုပင်ထက်မှ နွမ်းခြောက် ကြွေကျလာသော သရဖီပန်းနှင့် ပိတောက်ပန်းပွင့်တို့မှာ မြေပြင်ပေါ်ဝယ် တပုံတခေါင်းကြီး ပုံလျက်သားဖြစ်နေသည်ကို ကွက်ကွက်ကွင်းကွင်း သိမြင်နိုင်သည်။ ဤ၌စာဆို ပြသလိုသောသူ၏ ပန်းကမ္ပလာ မြေမွေ့ရာကို စာဖတ်သူသည် စာဆို၏ လက်နက်ကောင်းဖြစ်သော ကဗျာ့အရာမြောက်သည့် စာလုံးကလေးများကို သုံးသပ်ရုံနှင့် စာဆို
မြင်သကဲ့သို့ မြင်နိုင်ပေသည်။

ကဗျာလင်္ကာ စပ်ဆိုရာ၌ ကာရန်သာမက မတြာ(မီတာ)ဟုခေါ်သည့် အသံကိုလည်း သတိမူ ရပေသေးသည်။ ရှည်သောဒီဃသံ၊ တိုသော ရဿသံ၊ လေးသော ဂရုသံ၊ ပေါ့သောလဟုသံစသည်များကို ညီညာပြေပြစ်အောင် ထည့်သွင်းစပ်ဆိုမှလည်း ကဗျာလင်္ကာ မည်ပေမည်။ စာဆိုတို့သည် ကဗျာလင်္ကာ ဖွဲ့ရာ၌ ကာရန် ရွေးသကဲ့သို့ပင် အသံကိုလည်း ရွေးချယ် ရလေသည်။ ရှည်သောဒီဃသံဖြင့် ဖွဲ့နွဲ့၍ အနက်ပေါ်အောင် ဖေါ်ထားသော အောက်ပါကဗျာလင်္ကာကို ကြည့်နိုင်ပေသည်။

ကြည့်၍မမြင်၊ ခေါ်လျှင်မကြား၊ အိမ်ရှေ့ဖျားကြောင့်၊

သနားစရာ ငိုကြွေးရှာ၏။

ဤစာကြောင်း၌ကာရန်သာ ညီသည်မဟုတ်၊ အသံအားဖြင့်လည်းသိမ်မွေ့သည့် အနက်ကို ဖေါ်ထားလေသည်။ မြင်၊ လျှင်၊ ကြား၊ ဖျား၊သနား၊ စရာ၊ ရှာဟူသော ကာရန်များမှာ အသံရှည် အသံလေး များချည်းဖြစ်သဖြင့် ရွတ်ဆိုရာတွင် ဆွဲငင်ရှည်တွဲ၍ စာဆိုပြလိုသော သနားဖွယ် အဖြစ်နှင့် သိမ်မွေ့သည့်အနက်ကို ရှင်းလင်းစွာ မြင်သိ နိုင်လေသည်။

အဖန်ဖန်လျှင်၊ တသန္ဓေဓေ၊ တပေလျဉ်းလျဉ်း

တညှဉ်းဆိုးဆိုး၊တညှိုးလျလျ၊တတလွမ်းလွမ်း၊တသမ်း

ဟယ်ဟယ်၊တတွယ်တာတာ၊တဟာလှိုက်လှိုက်၊

တရှိုက်ငင်ငင်၊ တပင်ပန်းပန်း၊ တဝန်းလျားလျား။

ဤကဗျာပိုဒ်မှာ သဒ္ဒလင်္ကာရနှင့် ပြည့်စုံလှ၍ အထူးသဖြင့် အသံများကို မဓုရတာဂုဏ်မြောက်အောင် ချိုသာစွာ ဖွဲ့စီထားပေသည်။ အနက်အားဖြင့်လည်း မချို့တဲ့၊ ဘာသာစကားလုံးများကိုလည်း ရေလဲနှင့် ဆင့်ထက်ကဲ လှလှကြီး သုံးထားပေသည်။ ကဗျာတွင် ကာရန်ငြိရုံသာ မဟုတ်ဘဲအသံများကို ဆိုလိုသည့် အဓါိယ်နှင့် ညီညွတ်အောင် ရွေးချယ်သုံးထားပုံကို အောက်ပါပုံစံ၌ တွေ့ရ၏။

ငါ၏ခွန်အား၊ တန်းခိုးများကို ထင်ရှားကြည့်ကြ၊

ကေသရသို့၊ မဒ္ဒနန်းလုံး၊ ရွှံ့ကြောက်ချုံးအောင်၊

လက်ရုံးနှစ်ရပ်၊ ဖြောင်းဖြောင်းခတ်လျက်၊

ဆင်မြတ်ယဉ်သာ၊ ကျောက်ကုန်းမှာလျှင်၊

ပဘာကိုတင်၊ မြေပြင်တလင်း၊ စစ်ပွဲကျင်းသည်

ငါမင်းကုသ လာပြီတည်း။

ဤစာပိုဒ်၏ ကာရန် အသံများကို ကြည့်လျှင် ရှေးဦးစွာအား၊ များ၊ ရှားဟူသော ဒီဃသံရှည်ဖြင့် အစပြု၍ ရုတ်ခြည်းပင် ကြ၊ ရ၊ ဒဟူသော လဟုသံပေါ့တို့သို့ ပြောင်းကာလုံး၊ ချုံး၊ ရုံး၊ ရပ်၊ ခတ်၊ မြတ်ဟူသော အသံလေးများဖြင့် သယ်ယူသွားပြီးသော် အသံရှည် သာ၊ မှာ၊ကာ တို့ထည့်သွင်းလျက် တဖန် ဂရု အသံလေး ဖြစ်သော လင်း၊ ကျင်း၊မင်းတို့ဖြင့် အဆုံး သတ်ထားလေသည်။ ဤတွင် ဂရုသံအသံလေးများ၊ ပြတ်တောင်းသော ရဿအသံတိုများ ဒီဃသံရှည်များ မျှတစွာ အနက်ပေါ်အောင် ဖေါ်စပ်သွားသဖြင့်
ကုသမင်း၏ ရဲရင့်သော ကြုံးဝါးသံ ကိုစာဖတ်သူတို့၏ နားထဲ၌ စာဆို ကြားစေလိုသကဲ့သို့ ထင်ထင်ရှားရှားကြားနေဘိ၏။ ဤသို့ ခံစားရပေသည်။

စာဆို၏ စိတ်နှလုံး၌ ခံစားရသော အာရုံများကို သူ၏ စကားလုံးအသံများက အဓါိယ်ဖေါ်ပေးစေမှသာ ကဗျာလင်္ကာ အစစ်ဖြစ်နိုင်ပေသည်။ ကဗျာလင်္ကာ အမျိုးအစားများမှာ ဘာသာစာပေအသီးသီးကိုလိုက်၍ အမျိုးမျိုး ကွဲပြားလေသည်။ မြန်မာစာပေတွင် ကဗျာလင်္ကာ အမျိုးအစားများမှာ ဘာသာစာပေ အသီးသီးကိုလိုက်၍ အမျိုးမျိုး ကွဲပြားလေသည်။ မြန်မာစာပေတွင် ကဗျာလင်္ကာကို လင်္ကာနှင့်သီချင်းဟူ၍ နှစ်မျိုး ခွဲခြားထားသည်။ လင်္ကာမှာ (၁) လင်္ကာ၊ (၂) ပျို့၊ (၃) မော်ကွန်း၊ (၄) သံပိုင်း၊ (၅)
သမိုင်း၊ (၆) ရဲတင်း၊ (၇) တမ်းချင်း၊ (၈)ဧချင်းသံတိုင်၊ (၉) ဧချင်းသံပေါက်၊ (၁၀) ရတု၊ (၁၁) လူးတား၊ (၁၂)အန်၊ (၁၃) သံပေါက်၊ (၁၄) ဝဲရိုက်ဝဲသွင်းဟူ၍ ၁၄ မျိုး ရှိ၏။ သီချင်းတွင်(၁) ရကန်၊ (၂) ဟောစာ၊ (၃) သာချင်း၊ (၄) ကာချင်း၊(၅) အဲချင်း၊ (၆) အိုင်ချင်း၊ (၇) လေးချိုး၊ (၈) သံချို၊ (၉) ယိုးဒယား၊ (၁၀) ပတ်ပျိုး၊ (၁၁) ကြိုး၊ (၁၂) ဘွဲ့၊ (၁၃) ဘောလယ်အရိုး၊(၁၄) တေးအရိုးအဆန်း၊ (၁၅) သဖြန်အရိုးအဆန်း၊ (၁၆) ငိုချင်းအရိုးအဆန်း၊ (၁၇) တုံးချင်း အရိုးအဆန်း၊ (၁၈) ဟန်ချင်း အရိုး အဆန်း၊ (၁၉) လှေချင်း အရိုးအဆန်း၊(၂၀) နတ်သံ၊ (၂၁) မှာတမ်း၊ (၂၂) ဇာတ်စကားစပ်ပုံဟူ၍ ၂၂ မျိုးပါဝင်သည်။

ကမ္ဘာပေါ်တွင် ပြောဆိုသုံးစွဲကြသော ဘာသာစကားများ ကွဲပြားသော်လည်း ကဗျာ့ဉာဏ် အာဘော်များမှာမူအားဖြင့် ခပ်ဆင်ဆင် တူသည်ကို တွေ့ရသည်။ အနောက်နိုင်ငံ၏ ကဗျာလင်္ကာများကိုကြည့်လျှင် အနောက်လောက ယဉ်ကျေးမှု၏ ဖိုးအေဟု ခေါ်ဆိုရသော ဂရိနှင့် ရောမနိုင်ငံများ၏ အဆက်အနွယ်များကို တွေ့ရပေသည်။ ဂရိစာပေတွင် အော့ဒီဆီခေါ် လင်္ကာကြီးမှာ ရှေးစစ်တိုက်ခန်း၊
စွန့်စားခန်းများကို ဖွဲ့ဆိုထားသဖြင့် ထိုလင်္ကာ ကြီးမျိုးကို အက်ပစ်ရဲတင်း လင်္ကာ ဟူ၍ ခေါ်ဆိုထား လေသည်။ ထိုလင်္ကာကြီးကိုဥရောပ စာပေတွင် ဘာသာမပြန် ရသေးသော ဘာသာဟူ၍ မရှိချေ။ စာပေ အမွေအနှစ်အဖြစ် ခံယူကြ လေသည်။ ကျွန်ုပ်တို့ အရှေ့နိုင်ငံ၌ သက္ကဋဘာသာဖြင့် ရေးစပ်ထားသော ရာမယန လင်္ကာကြီးမှာလည်း အက်ပစ်လင်္ကာ အမျိုးအစားပင် ဖြစ်သည်။ အော့ဒိဆီနှင့် ရာမယနလင်္ကာကြီးများမှာ ကမ္ဘာတွင် ယခုတိုင် ကျော်ကြားလျက် ရှိလေသည်။