ကဗျာလင်္ကာ: တည်းဖြတ်မှု မူကွဲများ
Content deleted Content added
No edit summary |
No edit summary |

စာကြောင်း ၆၆ -
သမိုင်း၊ (၆) ရဲတင်း၊ (၇) တမ်းချင်း၊ (၈)ဧချင်းသံတိုင်၊ (၉) ဧချင်းသံပေါက်၊ (၁၀) ရတု၊ (၁၁) လူးတား၊ (၁၂)အန်၊ (၁၃) သံပေါက်၊ (၁၄) ဝဲရိုက်ဝဲသွင်းဟူ၍ ၁၄ မျိုး ရှိ၏။ သီချင်းတွင်(၁) ရကန်၊ (၂) ဟောစာ၊ (၃) သာချင်း၊ (၄) ကာချင်း၊(၅) အဲချင်း၊ (၆) အိုင်ချင်း၊ (၇) လေးချိုး၊ (၈) သံချို၊ (၉) ယိုးဒယား၊ (၁၀) ပတ်ပျိုး၊ (၁၁) ကြိုး၊ (၁၂) ဘွဲ့၊ (၁၃) ဘောလယ်အရိုး၊(၁၄) တေးအရိုးအဆန်း၊ (၁၅) သဖြန်အရိုးအဆန်း၊ (၁၆) ငိုချင်းအရိုးအဆန်း၊ (၁၇) တုံးချင်း အရိုးအဆန်း၊ (၁၈) ဟန်ချင်း အရိုး အဆန်း၊ (၁၉) လှေချင်း အရိုးအဆန်း၊(၂၀) နတ်သံ၊ (၂၁) မှာတမ်း၊ (၂၂) ဇာတ်စကားစပ်ပုံဟူ၍ ၂၂ မျိုးပါဝင်သည်။
ကမ္ဘာပေါ်တွင် ပြောဆိုသုံးစွဲကြသော ဘာသာစကားများ ကွဲပြားသော်လည်း ကဗျာ့ဉာဏ် အာဘော်များမှာမူအားဖြင့် ခပ်ဆင်ဆင် တူသည်ကို တွေ့ရသည်။ အနောက်နိုင်ငံ၏ ကဗျာလင်္ကာများကိုကြည့်လျှင် အနောက်လောက ယဉ်ကျေးမှု၏ ဖိုးအေဟု ခေါ်ဆိုရသော ဂရိနှင့် ရောမနိုင်ငံများ၏ အဆက်အနွယ်များကို တွေ့ရပေသည်။ ဂရိစာပေတွင် အော့ဒီဆီခေါ် လင်္ကာကြီးမှာ ရှေးစစ်တိုက်ခန်း၊ စွန့်စားခန်းများကို ဖွဲ့ဆိုထားသဖြင့် ထိုလင်္ကာ ကြီးမျိုးကို အက်ပစ်ရဲတင်း လင်္ကာ ဟူ၍ ခေါ်ဆိုထား လေသည်။ ထိုလင်္ကာကြီးကိုဥရောပ စာပေတွင် ဘာသာမပြန် ရသေးသော ဘာသာဟူ၍ မရှိချေ။ စာပေ အမွေအနှစ်အဖြစ် ခံယူကြ လေသည်။ ကျွန်ုပ်တို့ အရှေ့နိုင်ငံ၌ သက္ကဋဘာသာဖြင့် ရေးစပ်ထားသော ရာမယန လင်္ကာကြီးမှာလည်း အက်ပစ်လင်္ကာ အမျိုးအစားပင် ဖြစ်သည်။ အော့ဒိဆီနှင့် ရာမယနလင်္ကာကြီးများမှာ ကမ္ဘာတွင် ယခုတိုင် ကျော်ကြားလျက် ရှိလေသည်။
ရာသီဥတု တောတောင် ရေမြေတို့ကိုဖွဲ့ဆိုကြရာ၌ နတ်များပင်ဖန်ဆင်းသကဲ့သို့လည်းကောင်း မိုးနတ်သား၊ လေနတ်သားစသည်တို့ ထင်ရှားစွာရှိသကဲ့သို့လည်းကောင်း၊ ဖွဲ့ဆိုကြ၏။ ရှေးဂရိ လူမျိုးများသည် မိုးဦးကျရာသီ ပန်းများ ပွင့်သည်ကို ဘုမ္မစိုးနတ်သမီး၏ ချစ်သမီး သေမင်းထံမှ ပြန်လာ၍ ပျော်ရွှင်သော အထိမ်းအမှတ်ဖြင့် ပွင့်လေဟန်ဖွဲ့ဆို ခဲ့လေသည်။ အရှေ့တိုင်းနိုင်ငံ၌လည်း အသူရာနှင့်သိကြားတို့ စစ်တိုက် ကြ၍ မိုးရွာလေဟန် ဖွဲ့ဆိုကြသည်။ ရာသီဘွဲ့၊ တောဘွဲ့၊ တောင်ဘွဲ့၊ မယ်ဘွဲ့၊ မောင်ဘွဲ့စသော အဖွဲ့အမျိုးမျိုးတို့ကို မြန်မာစာပေ၌ ရှိသကဲ့သို့ အခြားစာပေများ၌လည်း ရှိပေသည်။ ထိုထိုအဖွဲ့မျိုးကို ဂရိတိုင်းသားတို့က လစ်ရစ်ဟူ၍ အမည်တပ်ထား၏။ မြန်မာစာပေ၌ တေးထပ်ဟူသော ကဗျာအမျိုးအစားမျိုးကို အနောက်တိုင်းစာပေ၌ ဆွန်းနက်ဟူ၍ တွေ့ရ၏။ ဆွန်းနက်မှာ စာကြောင်း ရေ ၁၄ ကြောင်းဖြင် ကာရန်၊ အသံ၊ စည်းမှန်အောင် စပ်ဆိုရသော ကဗျာမျိုးဖြစ်၏။ မြန်မာ တေးထပ်တွင်လည်း ၁၈ ပိုဒ်ပြည့်အောင် အခံအအုပ် ကာရန်များဖြင့် စနစ်ကျအောင် ဖွဲ့ဆို ရပေသည်။ ထို့အပြင် မြန်မာအဲချင်း၊ အိုင်ချင်း၊ တေးအရိုးအဆန်းများနှင့် ခပ်ဆင်ဆင်တူသော အနောက်တိုင်း ကဗျာတစ်မျိုးကို ဗဲလက်ဟု ခေါ်ထားကြောင်း တွေ့ရလေသည်။ ဤသို့လျှင် ဘာသာစာပေ
အမျိုးမျိုး၌ ကဗျာအမျိုးအမည် အမျိုးမျိုးရှိလေသည်။ စပ်ပုံဟပ်ပုံ စည်းစံနစ်နှင့် အမျိုးအမည်များ ကွဲပြားခြားနားသော်လည်းဘာသာ စာပေတိုင်း၏ ကဗျာလင်္ကာမှာ သာယာနာပျော်ဖွယ်ဖြစ်အောင် ပညာရှိတို့ ဖွဲ့စီသီကုံးထားသောစာဟုပင် အဓိပ္ပါယ် တညီတည်း ရလေသည်။
ပညာရှိများ ဖွဲ့စည်းထားသော ကဗျာ လင်္ကာ၏ အရသာကို ခံစားနိုင်သောနည်း ရှိပါသလောဟု စဉ်းစားစရာဖြစ်ပေသည်။ ဘာသာစာပေမရွေးကဗျာ၊ လင်္ကာဟူသောအရသာကို သိနိုင်ရန် ခံစားနိုင်ရန်နည်းရှိကြောင်းတွေ့ရသည်။ ချိုချဉ်ခဲဖွယ်တို့၏ အရသာသည် လျှာ၌ ထင်၏။ အဆင်းသည် မျက်စိ၌ထင်၏။ ထိုနည်းနှင်နှင် ကဗျာ လင်္ကာအရသာသည် နား၌ ထင်၏။ ဂီတသံများကို နားလည်နိုင်ရန်၊ ဂီတအရသာကို ခံစားနိုင်ရန် လေ့ကျင့်ထားရသကဲ့သို့ ကဗျာအရသာကို သိနိုင်ရန်လည်း နားကိုပင်လေ့ကျင့်ထားရပေမည်။ ထိုကြောင့်လည်း ကဗျာစပ်ဆိုရာ၌ သဒ္ဒ လင်္ကာရဂုဏ်ကို ထည့်သွင်းထားပေသည်။ ကဗျာဟူသည် စိတ်ထဲက ဖတ်ရုံနှင့် အရသာ မပြည့်စုံချေ။ သူတစ်ပါးအသံထုတ်၍ ဖတ်ကြားခြင်းကို နားထောင်ခြင်း၊ ကိုယ်တိုင်အသံထွက်၍ ဖတ်ခြင်းတို့ကို ပြုမှသာလျှင် ပြည့်စုံသော အရသာ ပေါ်နိုင်လေသည်။ ကဗျာလင်္ကာ အသံများသည် မည်မျှခရီးရောက်သည်ကို အထက်၌ ဖေါ်ပြခဲ့ပြီးလေပြီ။ ထို့နောက် ကဗျာ၊လင်္ကာဟူသည် စာလုံးစကားများထက် စိတ်အပေါ်တွင်ပို၍ တည်သည်ဟု ဆိုကြသည်။ စိတ်ကူးသည် ကဗျာလင်္ကာဖြစ်၍ စာ၊စကားစသည်တို့မှာ ထိုစိတ်ကူးကို အကောင်အထည် ဖြစ်စေသော လက်နက်မျှသာ ဖြစ်လေသည်။ ထိုကြောင့် ဘာသာစကား ကွဲပြားကြစေကာမူ ကဗျာဉာဏ် စိတ်ကူးမှာ အတူတူဖြစ်သည်ကို တွေ့ခဲ့ကြရသည်။ ကျွန်ုပ်တို့၏ မြန်မာစာပေ အလင်္ကာ ကျမ်းများ၌ ပါရှိသော ဥပစာ၊ ရသဂုဏ်တို့မှာ မဂဓဘာသာများမှ ဆင်း
သက်ရရှိသကဲ့သို့ အနောက်တိုင်းကဗျာ စာပေများတွင် ဂရိရောမဘာသာတို့မှ ဆင်းသက်လာသော ဥပစာတင်စား နည်းအသုံးအနှုန်းတို့ ရရှိကြလေသည်။ စာပေအမျိုးမျိုးကို နှိုင်းရှည့်လေ့လာသောအခါ ကဗျာဉာဏ်စိတ်ကူးများ တူပုံကို တွေ့ရှိကြရသည်။ မြန်မာစာပေသမိုင်းတွင် ရတုအရေးအသား၌ တံခွန်စိုက်ခဲ့သော တောင်ငူဘုရင်နတ်ရှင်နောင်၏ရတု တစ်ပိုဒ်တွင်။

နှစ်ပြိုက်ဖက်ရှာ၊ ဝတိံသာမှ၊ စံရာစံထား

ရွေးခဲ့ခြား၍၊ သိကြားတမျှ၊ ပြိုင်လှာသလည်း

သော်တာ့ရောင်သွင်၊ ကြယ်နှယ်ထင်ဟု၊

သခင်ကကို၊ များမိန့်ဆိုလိမ့်။

ဟူ၍ တွေ့ရ၏။ ဤနေရာတွင်မိန်းမတစ်ဦး၏အလှကို မျက်လုံး၊ မျက်ခုံး၊ နှာတံ၊ ကိုယ်နေကိုယ်ထားစသော အင်္ဂါ အစိတ်အပိုင်းတို့ကိုတိုက်ရိုက် ချီးကျူးခြင်း မပြုဘဲ ထိုမိန်းကလေး၏ အလှရုပကာကို ဂုဏ်တင်၍ တစ်နည်းလည်းတင်စား၍ သိကြားမင်းစံရာ၊ ဝတိံသာမှ၊ နတ်ကညာ၏ အလှနှင့် နှိုင်းရှည့်လျှင် မိန်းကလေး အလှကပင် သာပေလိမ့်မည်ဟု ဖွဲ့ဆိုထားသည်ကို တွေ့ရသည်။ ဤကား တင်စားဖွဲ့ဆိုသော နည်းဖြစ်၏။
ရှေးဂရိစာဆို ဟိုးမားဖွဲ့ဆိုသော အော့ဒီဆီ လင်္ကာကြီးတွင် လည်းဟယ်လင်မိဖုရား လှပပုံကို သင်္ဘော တစ်ထောင်ကို စစ်တိုက်ရန် လွှင့်စေသောမျက်နှာဟု တင်စား ထားသည်ကို တွေ့ရသည်။ မိန်းကလေး တစ်ယောက်၏ အလှဂုဏ်မှာစာဆို၏ စိတ်ကူးပေါ်၌ တည်နေ ပေသည်။ မည်သည့်စာဆိုမဆို စာဆိုသူတို့၏ စိတ်ကူးချင်းမှာ ဆင်ဆင်ပင် ဖြစ်သည်။ သူတို့၏ အတွေးနှင့် အမြင်မှာ သာမန်လူများနှင့်မတူထူးခြားနေပေသည်။ နံနက်ချိန်ခါ ထွက်ပြူလာသော နေမင်းကြီးကိုသာမန်လူ၏ မျက်စိတွင် အဝိုင်းသဏ္ဎာန်မှ ဝါဝါ
အရောင်များ ထွက်နေသည်ဟုပင် သာမန် မြင်ပေမည်။ ကဗျာ့စာဆို၏ မျက်စိ၌ကား ဤသို့ရုန့်ရင်းစွာ မမြင်၊ ယုဂန္ဓိုရ်တောင်ထိပ်ဖျားမှ နေရထားစကြာသည် ရောင်မျိုးထွေဖြာ ထွက်ပေါ်လာ၍ ကမ္ဘာသူ ကမ္ဘာသား အများအားနှုတ်ဆက်သည့်အလားကဲ့သို့ ရှိသည်ဟု မြင်ပေမည်။ ထို့ကြောင့် ကဗျာကို ကြားနာလေ့လာခြင်းဖြင့် မိမိတို့ ကြားဘူးနေကျ စကားလုံးများ၊ အသံများနှင့် မြင်ဘူးနေကျပုံဏ္ဎာန်များသည် အသွင်တစ်မျိုး ပြောင်း၍ အမြင် သစ်တစ်မျိုး မြင်လာနိုင်ပေသည်။
ကဗျာလင်္ကာ စာပိုဒ်များမှာ လူ၏ စိတ်ကို စစ်ခရာသံတံပိုး ကဲ့သို့တက်ကြွ လှုံ့ဆော်နိုင်သော သတ္တိလည်း ရှိသည်။ လူ၏ စိတ်ကို ယိုဖိတ်အောင် ညွတ်နူးစေနိုင်သော သတ္တိလည်း ရှိသည်။ ဤ သတ္တိတို့မှာ စာဆို၏ စိတ်ကူးများသာ ဖြစ်လေသည်။ ကဗျာလင်္ကာသည် တခမ်းတနားရှည်လျားစွာ ဖွဲ့ဆိုထားမှသာ ကဗျာလင်္ကာ ဖြစ်သည်ဟု မဆိုရချေ။ မည်မျှပင် တိုစေကာမူ ကဗျာဂုဏ် မြောက်အောင်ဖွဲ့ဆိုလျှင် ကဗျာလင်္ကာဖြစ်နိုင်သည်။ ကဗျာလင်္ကာမှာအရသာရှိသော စာပေမျိုးဖြစ်၍ လူ၏စိတ်ကိုသူကြိုက်သည့်ဖက်သို့ ယိမ်းယိုင်လာအောင် ဆွဲငင်နိုင်သော သတ္တိထူးလည်း ရှိပေသည်။ ယင်းသို့ အရသာ တွေ့နိုင်သောစာပေ၏ အမျိုးမျိုးသော အရသာတို့ကို ကျွန်ုပ်တို့ သိထားဖို့ကောင်း၏။ သာယာမှုမှာ လူ့သဘာဝ၏ အကြိုက်ပင်ဖြစ်ရာ၊ သာယာစွာ ဖွဲ့နွဲ့ စီကုံးထားသော ကဗျာ လင်္ကာကိုလည်းလူတို့ ကြိုက်နှစ်သက် စွဲလမ်းကြပေမည်။ ထို့ကြောင့်ပင်လျှင်

စာပေဝတ္ထု၊ ရတုကဗျာ၊ပျို့လင်္ကာနှင့်၊သာသည့်သီချင်း

အဲစောင်းငြင်းနှင့်မကင်းမပြတ်၊ဖတ်ရွတ်လေ့ကျက်၊

တီးမှုတ်လျက်သာ၊ နေကောင်းစွာ။

ဟု ဝန်ကြီး ပဒေသရာဇာသည် မြွက်ဆိုခဲ့လေသည်။