ကျောက်ကပ်: တည်းဖြတ်မှု မူကွဲများ

No edit summary
No edit summary
စာကြောင်း ၂၇ -
ကျောက်ကပ်သည် သွေးထဲမှ ကျင်ငယ်ရည်အား စစ်ထုတ်ယူ၍ ဆီးကြောမှတစ်ဆင့် ဆီးအိမ်သို့ ပို့ပေးသည်။ ​ကျောက်ကပ်အတွင်းရှိ သွေးကြောတွင် [[ကလာပ်စည်း|ဆဲလ်]]များစီတန်းလျက်ရှိရာ ဤဆဲလ်များသည် ဖြတ်သန်းသွားသော သွေးကြောများမှ ဆီးကိုစစ်ထုတ်ပေးသည်။
 
လူကောင်းတစ်ယောက်တွင် ပျမ်းမျှအားဖြင့် တစ်နေ့လျှင် ၃ ပိုင့်မှ ၄ ပိုင့်ခန့်အထိ ဆီးသွားသည်။ ထိုဆီးထဲတွင် ကိုယ်ခန္ဓာတွင်း၌ မလိုအပ်သော အညစ်အကြေးများ ပါသွားသည်။ ထို့ကြောင့် ကျောက်ကပ်၏ စွမ်းရည်များကို ပျက်ပြားအောင် နှောက်ယှက်မှု ဟူသမျှသည် ကိုယ်တွင်း၌ အဆိပ်အတောက် ဖြစ်စေမည့် အညစ် အကြေးများအား စုဝေးစေရာ ရောက်သည့်အပြင် အသက်အန္တရာယ်ကိုပင် ဖြစ်စေနိုင်သည်။ ဥပမာ ဗရိုက်ရောဂါခေါ် ကျောက်ကပ်ရောင် ရောဂါ ဖြစ်သောအခါ ကျောက်ကပ်သည် မိမိ၏ ကိစ္စကို ကောင်းစွာ မဆောင်ရွက် နိုင်တော့ချေ။ ထိုအခါ ယူရီးယားခေါ် အဆိပ်တစ်မျိုးသည် သွားရိုးသွားစဉ်အတိုင်း ဆီးနှင့်အတူ ပါမသွားပဲ သွေးထဲတွင် စုရုံးလာပြီး လူ၏အသက်ကို အန္တရာယ် ဖြစ်စေတတ်သည်။
 
တစ်ခါတစ်ရံတွင်လည်း ကျောက်ကပ်တွင် ကျောက်တည်၍ ဆီးကြောင်း ပိတ်သွားသဖြင့် ဆီးမသွားနိုင်ပဲ ဖြစ်တတ်သည်။ ထိုအခါမျိုးတွင် ကျောက်ကို လျင်မြန်စွာ ခွဲထုတ် မပစ်နိုင်ပါက မကြာမီ သေဆုံးသွားတတ်သည်။ လူတို့တွင် ဖြစ်တတ်သည့် ရောဂါ အားလုံးလိုလိုပင် ​ကျောက်ကပ်ကို အနည်းနှင့်အများ ထိခိုက် ပျက်ပြားစေသည်။ ထိုကြောင့် ရောဂါ တစ်ခုခုဖြစ်၍ ဆရာဝန်ထံ သွားရောက် ပြသသည့်အခါ ဆီးကိုချက်၍ ဓာတ်ခွဲကြည့်လေ့ရှိသည်။
<ref>မြန်မာ့စွယ်စုံကျမ်း အတွဲ (၂)၊ အပိုင်း-က</ref>