"အမှုဆောင် အရာရှိချုပ်" ၏ တည်းဖြတ်မှု မူကွဲများ

၁၁ ဘိုက် ပေါင်းထည့်ခဲ့သည် ,  ပြီးခဲ့သည့် ၁၀ နှစ်
အမှုဆောင် အရာရှိချုပ်၏ အဓိပ္ပါယ် ဖွင့်ဆိုချက်နှင့် နိုင်ငံတကာတွင် သိထားသည့် အမှုဆောင် အရ
(အမှုဆောင် အရာရှိချုပ်၏ အဓိပ္ပါယ် ဖွင့်ဆိုချက်နှင့် နိုင်ငံတကာတွင် သိထားသည့် အမှုဆောင် အရ)
<P>အမှုဆောင် အရာရှိချုပ်များသည် အဖွဲ့အစည်းတွင်းနှင့် အဖွဲ့အစည်း ဝန်းကျင် သဟဇာတဖြစ်အောင် ဖန်တီးပေးရမည့် တာဝန်ရှိသည်။ ထိုသို့ လုပ်ဆောင်ပေးရင်း ပင်မ အဖွဲ့အစည်း၏ ရည်မှန်းချက်ကို အကောင်အထည် ဖော်ရသည်။ ဝန်ထမ်းများနှင့် အခြားသော အမှုဆောင် အရာရှိများကြား ပြင်ပ လိုအပ်ချက်များကို ဖြည့်ဆည်းပေးရင်း ပင်မ ရည်မှန်းချက်ကို ပို့ဆောင်ပေးရသည်။ လမ်းညွှန်ပေးရသည်။ အဖွဲ့အစည်း၏ အရွယ်အစားနှင့် ပတ်သက်ရာ ဝန်းကျင်တွင် နေရာရမှုပေါ် မူတည်၍ ဆင့်ပွါး တာဝန်နှင့် လုပ်ပိုင်ခွင့်များကို ဖန်တီးယူခွင့် ရှိသည်။ အဖွဲ့အစည်းကို ကြီးထွားအောင် စွမ်းဆောင်ရင်း အဖွဲ့အစည်းတွင်းနှင့် အဖွဲ့အစည်း ပြင်ပ သဟဇာတဖြစ်အောင် စွမ်းဆောင်နိုင်မှု ကိုယ်ပိုင်အစွမ်းမှာ အမှုဆောင် အရာရှိချုပ်များအတွက် မရှိမဖြစ် လိုအပ်သည်။
</P>
<UL>
<LI>နိုင်ငံစုံ စီးပွါးရေး လုပ်ငန်းများအတွက် အမှုဆောင် အရာရှိဟူသည် (ဈေးကွက် ဖြန့်ချိရေးဆိုင်ရာ၊ သတင်း အချက်အလက် ဆိုင်ရာနှင့် နည်းပညာဆိုင်ရာ ကဲ့သို့သော) အမှုဆောင် အရာရှိများကို စုစည်းကာ အဖွဲ့အစည်း၏ စီးပွါးရေး ဗျူဟာများကို ပုံဖော်ရသည်။
<LI>ထွန်းသစ်စ စွန့်ဦးတီထွင် လုပ်ငန်းရှင်များ အတွက်မူ နိုင်ငံစုံ ကော်ပိုရေးရှင်းများရှိ အမှုဆောင် အရာရှိချုပ်များနှင့် မတူဘဲ အဆင့်ငယ် အမှုဆောင် အရာရှိများ၏ အလုပ်နှင့်အတူ ပိုင်ရှင်၏ အလုပ်ကိုပါ တာဝန်ယူရလေ့ရှိသည်။ (တခါတရံတွင် ပိုင်ရှင်ကိုယ်တိုင်ပင် အမှုဆောင် အရာရှိချုပ် ရာထူးကို ရယူထားတတ်သည်။)
<LI>အလယ်အလတ်တန်းစား စီးပွါးရေး အဖွဲ့အစည်းများ အတွက်မူ အမှုဆောင် အရာရှိချုပ်၏ လုပ်ငန်း တာဝန်များကို အခြားသော တာဝန်ခံနိုင်သည့် အဖွဲ့အစည်းများထံမှ ငှါးရမ်းး ရယူလေ့ရှိသည်။ ထိုအဖွဲ့အစည်းမျိုးသည် အမှုဆောင် အရာရှိများလည်း မရှိတတ်ရာ လိုအပ်သည်များကို လိုက်လံ ဖြည့်ဆည်းပေးရလေ့ ရှိသည်။
</UL>
==နိုင်ငံတကာ အသုံးအနှုံး==
ဥရောပ သမဂ္ဂ အဖွဲ့ဝင် နိုင်ငံအချို့တွင် စီးပွါးရေး လုပ်ငန်းကြီးများ၌ သီးခြား ကြီးကြပ် ကွပ်ကဲရေး အဖွဲ့နှစ်ခုက လုပ်ငန်းလည်ပတ်ရန် ညွှန်ကြားသည်။ နေ့စဉ် လုပ်ဆောင်ရမည့် စီးပွါးရေး လုပ်ငန်းများကို အမှုဆောင်များ အဖွဲ့က ညွှန်ကြားပြီး ရေရှည် ရည်မှန်းချက်များကို အစုရှင်များက ရွေးကောက် တင်မြှောက်ထားသည့် အကြီးတန်း ကြီးကြပ် ကွပ်ကဲရေး အဖွဲ့က သတ်မှတ်ဆုံးဖြတ်သည်။ ထိုနိုင်ငံများတွင် အမှုဆောင် အရာရှိချုပ်က အမှုဆောင်များ အဖွဲ့တွင် ဥက္ကဌအဖြစ် ဆောင်ရွက်လေ့ရှိပြီး အကြီးတန်း ကြီးကြပ် ကွပ်ကဲရေး အဖွဲ့ကို စီးပွါးရေး လုပ်ငန်းကြီး၏ ဥက္ကဌကပင် အဖွဲ့၏ ဥက္ကဌအဖြစ် ဆောင်ရွက်သည်။ ဥက္ကဌ နှစ်ဦးလုံးသည် တစ်ဦးတစ်ယောက်တည်း မဖြစ်စေရ။ စီမံ ခန့်ခွဲရေး အပိုင်းကို အမှုဆောင်များ အဖွဲ့က ချုပ်ကိုင်ထားပြီး အုပ်ချုပ်မှု အပိုင်းကို အကြီးတန်း ကြီးကြပ် ကွပ်ကဲရေး အဖွဲ့က ချုပ်ကိုင်ထားသည်။ ရည်ရွယ်ချက်မှာ အများပိုင် စီးပွါးရေး အဖွဲ့ကို တစ်ဦးတစ်ယောက်တည်း၏ လက်အောက်တွင် ချုပ်ကိုင်ထားခြင်း မရှိစေရန် ဖြစ်သည်။ အစိုးရအဖွဲ့၏ ဖွဲ့စည်းပုံနှင့် နှိုင်းယှဉ်နိုင်သည်။ အစိုးရခန့် အရာရှိ၏ လုပ်ပိုင်ခွင့်နှင့် အရပ်ဖက်ဝန်ထမ်း အုပ်ချုပ်မှုတို့ကို ခွဲခြားထားသည့် ပုံစံမျိုးဖြစ်သည်။
၂၀

တည်းဖြတ်မှုများ