အဝေးကြည့်မှန်ပြောင်း: တည်းဖြတ်မှု မူကွဲများ

အရေးမကြီး Edit merged articles
အရေးမကြီးNo edit summary
စာကြောင်း ၈ -
 
== သမိုင်းကြောင်း ==
အဝေးကြည့်မှန်ပြောင်း တယ်လီစကုပ်ကို တီထွင်နိုင်ရန်အတွက် ရှေးဦးစွာ အကြံရခဲ့သူမှာ [[အင်္ဂလိပ်လူမျိုး]] တွေးခေါ်ပညာရှင်နှင့် သိပ္ပံပညာရှင် '''ရော်ဂျာဘေကွန်''' (Roger Bacon) (၁၂၁၄-၁၂၉၄) ဖြစ်ပါသည်။ ရော်ဂျာဘေကွန်သည် ၁၂၆၀-ခန့်တွင် Opus Majus အမည်ရှိ ကျမ်းတစောင်ကို ပြုစုခဲ့ပါသည်။ ထိုကျမ်းတွင် ဘေကွန်က မှန်ဘီလူးများကို အဆင့်ဆင့် အသုံးပြုခြင်းဖြင့် အဝေးတွင်ရှိနေသော ပစ္စည်းများကို ပြတ်သားစွာ မြင်တွေ့အောင် ပြုလုပ်နိုင်ကြောင်း ရေးသားခဲ့ပါသည်။ ထို့အပြင် မျက်မှန်အတွက် အခြေခံဖြစ်သော အချက်အလက်များကိုလည်း တင်ပြခဲ့ပါသည်။ သို့သော် ရော်ဂျာဘေကွန်သည် အဝေးကြည့်မှန်ပြောင်းကို လက်တွေ့ပြုလုပ်ခဲ့ခြင်း မရှိပါ။
 
အဝေးကြည့် မှန်ပြောင်းကို အမှန်တကယ် စတင်အသုံးပြုခဲ့သူမှာ ဟော်လန်နိုင်ငံသား '''ဟန်းစ်လစ်ပါရှေး''' (Hans Lippershey) ဖြစ်ပါသည်။ ၁၆၀၈-ခုနှစ်တွင် လစ်ပါရှေးသည် မှန်ဘီလူးခုံးတခုနှင့် မှန်ဘီလူးခွက် တခုကို အသုံးပြုပြီး အဝေးကြည့်မှန်ဘီလူးတခုကို စတင်ပြုလုပ်ခဲ့ပါသည်။ သူ၏တီထွင်မှုမှာ အာကာသ သုတေသနလုပ်ငန်းအတွက်မဟုတ်ဘဲ စစ်တိုက်ရာတွင် အသုံးပြုရန်အတွက်သာ ဖြစ်ပါသည်။ ထိုအချိန်တွင် ဥရောပတိုက်၌ မှန်သွေးခြင်းပညာ ကောင်းစွာပျံ့နှံ့နေပြီ ဖြစ်ရကား လစ်ပါရှေး၏ အဝေးကြည့်မှန်ပြောင်းမှာ ခဏတာအတွင်း ဥရောပတိုက်အတွင်း ပျံ့နှံ့သွွှားခဲ့ပါသည်။
 
အဝေးကြည့်မှန်ပြောင်းကို အာကာသသုတေသန လုပ်ငန်းအတွက် စတင်အသုံးပြုခဲ့သူမှာ ကမ္ဘာကျော် သိပ္ပံပညာရှင်ကြီး [[ဂယ်လီလီယို]] (Galileo Galilei) (၁၅၆၄-၁၆၄၂) ဖြစ်ပါသည်။ ဂယ်လီလီယိုသည် ၁၆၀၉-ခုနှစ်တွင် ဟော်လန်နိုင်ငံ၌[[နယ်သာလန်နိုင်ငံ|ဟော်လန်နိုင်ငံ]]၌ တယ်လီစကုပ်ခေါ် အဝေးကြည့်မှန်ပြောင်း ပေါ်နေပြီဖြစ်ကြောင်း သတင်းစကားကြားသိပါသည်။ ပါရမီရှင် ဂယ်လီလီယိုသည် ထိုအဝေးကြည့်မှန်ပြောင်းကို မတွေ့မြင်ဘူးဘဲ သူကိုယ်တိုင် အဝေးကြည့်မှန်ပြောင်းတလက်ကို တီထွင်လိုက်ပါသည်။ သူတီထွင်သော အဝေးကြည့် မှန်ပြောင်းမှာ လစ်ပါရှေး၏မှန်ပြောင်ထက် ပိုမိုကောင်းမွန်နေပါသည်။
 
ဂယ်လီလီယိုသည် သူတီထွင်သော တယ်လီစကုပ်ဖြင့် ညအခါများတွင် ကောင်းကင်ကိုကြည့်ရှုလေ့လာ နေခဲ့ပါသည်။ ထိုသို့လေ့လာရင်း ဂယ်လီလီယိုသည် နက္ခတ္တဗေဒအတွက်[[နက္ခတ္တဗေဒ]]အတွက် အရေးပါသော တွေ့ရှိချက် များစွာကို ဖော်ထုတ်နိုင်ခဲ့ပါသည်။ ဂယ်လီလီယိုသည် သူ၏မှန်ပြောင်းကို အသုံးပြုပြီး လ၏မျက်နှာပြင်သည် ညီညာပျံ့ပျူးမှုမရှိဘဲ ချိုင့်ခွက်များဖြင့် ပြည့်နှက်နေကြောင်း၊ နဂါးငွေ့တန်းဂလက်ဆီဆိုသည်မှာ[[နဂါးငွေ့တန်း ဂယ်လက်ဆီ|နဂါးငွေ့တန်းဂလက်ဆီ]]ဆိုသည်မှာ ကြယ်ပေါင်းများစွာ စုဖွဲ့ထားခြင်းဖြစ်ကြောင်း၊ နေတွင်အကွက်များရှိနေကြောင်း၊ ဂျူပီတာခေါ် ကြာသပတေးဂြိုဟ်တွင်[[ကြာသပတေးဂြိုဟ်]]တွင် ဂြိုဟ်ရံ လ ၄-စင်းရှိကြောင်း (အမှန်မှာ ကြာသပတေးဂြိုဟ်တွင် ဂြိုဟ်ရံ လ ၆၃-စင်း ရှိပါသည်။ ဂယ်လီလီယို မြင်တွေ့ခဲ့ သည်မှာ အကြီးဆုံးဂြိုဟ်ရံ လ လေးစင်းဖြစ်ပြီး ၄င်းတို့ကို ဂယ်လီလီယိုအား ဂုဏ်ပြုသောအားဖြင့် [[ကြာသပတေးဂြိုဟ်|ဂယ်လီလီယို လများ]] Galilean moons ဟု တင်စားခေါ်ဝေါ်နေကြပါသည်။) ဂြိုဟ်များတွင် ကိုယ်ပိုင် အလင်းရောင်မရှိဘဲ နေ၏အလင်းကို ရောင်ပြန်ဟပ်သဖြင့် လင်းနေခြင်းဖြစ်ကြောင်း စသည့်အချက်များကို ဖော်ထုတ်ပေးနိုင်ခဲ့ပါသည်။
 
အထင်ရှားဆုံးမှာ သူ့ရှေ့က ကော်ပါးနီးကပ်စ် အဆိုပြုခဲ့သော နေကို ဗဟိုပြုပြီး အခြားဂြိုဟ်များက လှည့်ပတ် နေကြသည်ဆိုသော နေဗဟိုပြုအယူအဆကို သက်သေပြနိုင်ခဲ့ခြင်းပင် ဖြစ်ပါသည်။ သို့သော် ခရစ်ယာန် အယူသည်းများ လွှမ်းမိုးသော တရားရုံးက ဂယ်လီလီယိုအား သမ္မာကျမ်းစာပါ အချက်များကို ဆန့်ကျင်သည်ဟူသော အကြောင်းပြချက်ဖြင့် ခုံရုံးတင်တရားစွဲဆို ခံခဲ့ရပါသည်။
စာကြောင်း ၂၀ -
၁၆၆၃-ခုနှစ်တွင် စကော့တလန်လူမျိုး နက္ခတ္တဗေဒပညာရှင် ဂျိမ်းစ်ဂယ်ရီဂိုရီက မှန်ဘီလူးပုံစံ အသစ်တမျိုးကို တီထွင်ခဲ့ပါသည်။ သူ၏မှန်ဘီလူးမှာ ဂယ်လီလီယိုကဲ့သို့ အလင်းယိုင်ခြင်းကို အခြေခံထားခြင်း မဟုတ်ဘဲ အလင်းပြန်ခြင်းသဘောကို အခြေခံထားပါသည်။ ဂယ်လီလီယို၏ မှန်ပြောင်းကို အလင်းယိုင်မှန်ပြောင်းအမျိုးအစား (refractor) ဟုခေါ်ဆိုပြီး ဂယ်ရီဂိုရီမှန်ပြောင်းကို အလင်းပြန်မှန်ပြောင်း အမျိုးအစား (reflector) ဟုခေါ်ဆိုကြပါသည်။
 
၁၆၈၈-ခုနှစ်တွင် သိပ္ပံပညာရှင်ကြီး နယူတန်က[[နယူတန်]]က ဂယ်ရီဂိုရီ၏ အလင်းပြန်တယ်လီစကုပ်ကို အခြေခံ၍ ပိုမိုကောင်းမွန်သော အလင်းပြန်မှန်ဘီလူးများကို တီထွင်လိုက်ပါသည်။ ဂယ်လီလီယို၏ တယ်လီစကုပ်မှာ အဆ ၂၀-ခန့်သာ ချဲ့နိုင်သော်လည်း နယူတန်၏ တယ်လီစကုပ်မှာ အဆ ၁၀၀-နီးပါး ချဲ့ထွင်ကြည့်ရှု နိုင်ပါသည်။
 
၁၈၀၀-ပြည့်နှစ်ခန့်တွင် အိုင်းရင်းလူမျိုး နက္ခတ္တဗေဒပညာရှင် ဝီလျံပါဆင်က'''ဝီလျံပါဆင်'''က အပေါက်၀အချင်း ၇၂-လက်မ ရှိသော တယ်လီစကုပ်ကို စတင်တီထွင်ခဲ့ပါသည်။ အဆိုပါ တယ်လီစကုပ်သည် နောက်ပိုင်းတွင် ပေါ်ပေါက်လာမည့် စူပါတယ်လီစကုပ်များ၏ အစပင် ဖြစ်ပါသည်။ ပါဆင်၏ တယ်လီစကုပ်မှာ ၁၉၁၇-အထိ ကမ္ဘာ့အကြီးဆုံး တယ်လီစကုပ်အဖြစ် တည်ရှိခဲ့ပါသည်။
 
၁၉၁၇-ခုနှစ်တွင် ဝီလဆင်တောင်ကုန်းပေါ်၌ အပေါက်၀ အချင်းလက်မ ၁၁-ရှိသော ဟွတ်ကာတယ်လီစကုပ်ကို တည်ဆောက်နိုင်ခဲ့ပါသည်။ ၄င်းသည် အလွန် ကွာဝေးသော နဂါးငွေ့တန်း ဂလက်ဆီများအတွင်းရှိ လှည့်လည်နေသောကြယ်များကို လှမ်းကြည့်နိုင်လောက်အောင် အင်အား ကောင်းမွန်ခဲ့ပါသည်။ ဤတယ်လီစကုပ်ကြောင့် စကြ၀ဠာကြီးတွင် နဂါးငွေတန်းဂလက်ဆီများ မရေမတွက်နိုင်အောင် ရှိနေကြောင်း သိရှိလာရပါသည်။
 
၁၉၄၈ တွင် '''ဟေလီတယ်လီစကုပ်''' ပေါ်ပေါက်လာပါသည်။ ၄င်းမှန်ပြောင်းကို အမေရိကန်ပြည်ထောင်စု၊[[အမေရိကန်ပြည်ထောင်စု]]၊ ကယ်လီဖိုးနီးယားပြည်နယ်အတွင်းရှိ[[ကယ်လီဖိုးနီးယားပြည်နယ်]]အတွင်းရှိ ပါလိုမာတောင်ထိပ်ပေါ်တွင် စတင်တည်ဆောက်ခဲ့ပြီး ၁၉၄၈-ခုတွင် ပြီးစီးခဲ့ပါသည်။
 
ဟေလီမှန်ပြောင်းသည် ကမ္ဘာ့အကြီးဆုံးအဝေးကြည့်မှန်ပြောင်းအဖြစ် နှစ်ပေါင်း ၅၀-ခန့် တည်ရှိခဲ့ပါသည်။ မှန်ပြောင်းကြီးတခုလုံး၏ အလေးချိန်မှာ မက်ထရစ်တန် ၄၈၀-ဖြစ်ပြီး မှန်ဘီလူးအပေါက်၀ အကျယ်မှာ လက်မ ၂၀၀-ဖြစ်ပါသည်။ မှန်ဘီလူးမှန်တခုတည်း၏ အလေးချိန်မှာ ၁၃-တန် လေးပါသည်။ အဆိုပါ မှန်ဘီလူးကြီးကို အဝေးကြည့်မှန်ပြောင်းအဖြစ်သာမက ဓာတ်ပုံရိုက်ယူရန်အတွက်၄င်း၊ အလွန်ဝေးကွာသော ကြယ်တာရာများက ထုတ်လွှတ်နေသည့် လျှပ်စစ်သံလိုက်လှိုင်းများကို ဖမ်းယူရန်အတွက်၄င်း၊ အသုံးပြုခဲ့ကြခြင်းဖြစ်ပါသည်။ ဤမှန်ပြောင်းကြီးကို အသုံးပြု၍ ကျွန်ုပ်တို့နေထိုင်ရာ စကြ၀ဠာကြီးသည် ဘေးသို့ တဖြည်းဖြည်း ပျံ့ကားနေကြောင်း သက်သေပြနိုင်ခဲ့ပါသည်။ ထို့အပြင် ကွာဆာခေါ် အလင်းလွှတ် ပစ္စည်းများကိုလည်း ရှာဖွေတွေ့ရှိခဲ့ပါသည်။