သုက်ကောင်: တည်းဖြတ်မှု မူကွဲများ

အရေးမကြီးNo edit summary
ဖြစ်သောကြောင့် ဖြစ်သောကြောင့် ၂ခု ထပ်​ရေးထားသည်
စာတွဲများ: မိုဘိုင်းလ် တည်းဖြတ် မိုဘိုင်းလ် ဝက်ဘ် တည်းဖြတ်
စာကြောင်း ၁ -
[[File:Sperm-egg.jpg|thumb|250px| သတ္တဝါတို့တွင် သုက်ကောင်သည် မျိုးဥတွင်း ဝင်ရောက်ခြင်းဖြင့် သန္ဓေအောင်စေသည်။]]
'''သုက်ကောင်''' (sperm) သည် အဖို မျိုးပွား[[ကလာပ်စည်း|ဆဲလ်]] ဖြစ်သည်။ Anisogamy နှင့် oogamy ခေါ် [[လိင်ရှိ မျိုးပွားခြင်း]]တွင် [[ဂမိ]] ခေါ် အမ မျိုးပွားဆဲလ် နှင့် အဖိုမျိုးပွားဆဲလ် သုက်ကောင်တို့မှာ အရွယ်အားဖြင့် အလွန်ကွာခြားသည်။ လူ၏ သုက်ကောင်ဆဲလ်မှာ [[haploid]] ဖြစ်သောကြောင့် ဖြစ်သောကြောင့် ၎င်း၏ ၂၃ ခုသော [[chromosome]] တို့က အမမျိုးဥမှ chromosome ၂၃ ခုနှင့် ပေါင်းကာ [[diploid]] ဆဲလ် အဖြစ် ပေါင်းစည်းသည်။ .
 
အမြှီးတစ်ခုပါသော သုက်ကောင် ဆဲလ်သည် ရွေ့လျားနိုင်သောကြောင့် [[spermatozoon]] ဟုခေါ်ပြီး မရွေ့လျားနိုင်ပါက spermatium ဟု ခေါ်သည်။ သုက်ကောင်သည် မပွားနိုင်သလို သက်တမ်း ကန့်သတ်မှုလည်းရှိသည်။ သို့သော် သန္ဓေအောင်ပြီးသောအခါ မျိုးဥဖြစ်လာပြီး သက်ရှိဖြစ်လာနိုင်သည်။ နို့တိုက်သတ္တဝါတို့၏ သုက်ကောင်သည် အမမျိုးပွားအင်္ဂါတွင် သုံးရက်ကြာအောင် အသက်ရှင်နေနိုင်သည်။ ပန်းပွင့်သောအပင်များတွင် (flowering plant) ဖိုဂမိမှ [[ဝတ်မှုန်]] (pollen) များ ထုတ်ပေးသည်။
 
ပိုးကောင်များမှာ မှန်ဘီလူးနှင့်သာလျှင် မြင်နိုင်၍ အကောင်ပေါင်း သိန်းသန်းများစွာ ရှိသည်။ ခေါင်းပိုင်းနှင့် အမြီးပါ ပါရှိသော ဖားလောင်း ကောင်ကလေးများကဲ့သို့ လှုပ်ရှားလျက်ရှိသည်။ ထိုပိုးကောင်ကလေးများသည် အမ၏မျိုးဥနှင့် ပေါင်းစပ်၍ လူသန္ဓေသားလောင်းကို ပေါက်ဖွားကြီးပြင်းစေသည်။ သုတ်ပိုးကောင်ကို ဦးစွာတွေ့ရှိသူမှာ ဟော်လန်ပြည်သား လူဝင်ဟုတ်(၁၆၃၂-၁၇၂၃) ဖြစ်သည်။ <ref>လှသမိန် ၏ ဗဟုသုတစွယ်စုံ</ref>
 
==ကိုးကား==
<references/>