စန္ဒာဒေဝီ မိဖုရားခေါင်ကြီး: တည်းဖြတ်မှု မူကွဲများ

အရေးမကြီး suggest to merge
စာကြောင်း ၁၈ -
==သားသမီး တစ်ကျိပ်==
ဦးအောင်ဇေယျနှင့် မယ်ယွန်းစံတို့မှ သားသမီး တစ်ကျိပ် ထွန်းကားခဲ့သည်။ သားတော် ခုနှစ်ပါး၊ သမီးတော် သုံးပါး တို့ ဖြစ်သည်။
ဦးအောင်ဇေယျသည် မင်းအဖြစ်သို့ရောက်ရှိပြီးနောက် သားတော်၊ သမီးတော်တို့ကို မြို့စားမြို့စား၊ ၊ရွာစားများပေး၍ရွာစားများပေး၍ မြှောက်စားခဲ့သည်။ အချို့သားတော်များ နောက်ပိုင်းတွင် မင်းဖြစ်ခဲ့ကြသည်။ မယ်ယွန်းစံက ဖွားမြင်သော သားတော်၊ သမီးတော်များကို အစဉ်အတိုင်း ဤသို့တွေ့ရသည်။
# သားတော် သီရိသုမဟာဓမ္မရာဇာ - ကုန်းဘောင်ဆက် ရာဇဝင်တွင် သီရိသုဓမ္မရာဇာ ဟုခေါ်သည်။ ထိုမင်းသားမှာ အလောင်းမင်းတရားကြီးလက်ထက်၌ အိမ်ရှေ့စံ ရသည်။ တပယင်း၊ ရွှေတောင်၊ ငစဉ့်ကူးမြို့များကို ကံကျွေးခံ၍ ခမည်းတော် နတ်ရွာစံပြီးနောက် မင်းဖြစ်သည်။ ရာဇဝင်တွင် ‘နောင်တော်ကြီးမင်း’ ဟု တွင်သည်။ ငယ်မည်မှာ မောင်လှောင် ဟု ခေါ်သည်။
# သားတော် သီရိသုဓမ္မရာဇာ - ကုန်းဘောင်ဆက် ရာဇဝင်တွင် ‘သီရိဓမ္မရာဇာ’ ပြသည်။ ခမည်းတော်၊ နောင်တော်တို့ လက်ထက် မြေဒူး၊ စလင်းမြို့များကို ကံကျွေးခံရပြီး နောက် မင်းဖြစ်လာသည်။ ရာဇဝင်တွင် ‘ဆင်ဖြူရှင်မင်း’ ဟု တွင်သည်။ ငယ်မည်မှာ မောင်ရွ ဟုခေါ်သည်။