စန္ဒာဒေဝီ မိဖုရားခေါင်ကြီး: တည်းဖြတ်မှု မူကွဲများ

စာကြောင်း ၃၃ -
မယ်ယွန်းစံက ဖွားမြင်သော သားတော်များမှာ အလောင်းမင်းတရားအတွက် လက်ရုံးသဖွယ် အားထားရသော သားတော်များ ဖြစ်ကြသည်။
ဦးအောင်ဇေယျသည် ရန်အပေါင်းကို နှိမ်နင်းပြီးနောက် သက္ကရာဇ် ၁၁၁၅ တွင် ရတနာသိင်္ဃ ကုန်းဘောင်ပြည်ကြီးကို တည်ထောင်၍ ‘အလောင်းမင်းတရား’ ဟူသောအမည်ကို ခံယူသည်။ ထိုအချိန်တွင် မယ်ယွန်းစံသည် ‘မဟာမင်္ဂလာ ရတနာ ဓိပတိသီရိရာဇာ စန္ဒာဒေဝီ’ ဟူသောဘွဲ့အမည်ဖြင့် ဘိသိက်ခံ မိဖုရားခေါင်ကြီး ဖြစ်လာသည်။
အလောင်းမင်းတရားကြီး ဦးအောင်ဇေယျသည် ၁၁၁၅ မှစ၍ နိုင်ငံတော်စည်းရုံးရေးကို မနေမနားဆောင်ရွက်ရသည်။ အောက်မြန်မာနိုင်ငံရှိ မြို့တော်များကို စဉ်ဆက်မပြတ် သိမ်းယူ၍ နိုင်ငံတော် သစ်ကိုနိုင်ငံတော်သစ်ကို ပြန်လည် တည်ဆောက်သည်။