သန်းရွှေ (ဗိုလ်ချုပ်မှူးကြီး): တည်းဖြတ်မှု မူကွဲများ

စာတွဲများ: မိုဘိုင်းလ် တည်းဖြတ် မိုဘိုင်းလ် ဝက်ဘ် တည်းဖြတ်
စာတွဲ: မိုဘိုင်းလ် app တည်းဖြတ်
စာကြောင်း ၄၂ -
'''ဗိုလ်ချုပ်မှူးကြီးသန်းရွှေ'''သည် [[ဗိုလ်ချုပ်မှူးကြီးစောမောင်]]ကျန်းမာရေးအရ ရုတ်တရက် အနားယူခဲ့ပြီးနောက် ၁၉၉၂-ခုနှစ်၊ ဧပြီ ၂၃ ရက်တွင် နိုင်ငံ့အကြီးအကဲ တာဝန်ယူခဲ့သူ ဖြစ်သည်။
 
= ချဉ်​ဖတ်​မဖြစ်​ခင်​ဘဝ =
= ငယ်စဉ်ဘဝ =
ဗိုလ်ချုပ်မှူးကြီး သန်းရွှေကို ၁၉၃၃ ခုနှစ်၊ ဖေဖော်ဝါရီလ ၂ ရက် ကြာသပတေးနေ့ နံနက် ၅ နာရီခန့်တွင် ကျောက်ဆည်မြို့နယ် အင်းမရွာ၌ အဖ ဦးလေးမြင့်၊ အမိ ဒေါ်စိမ်းရင်တို့မှ ဖွားမြင်ခဲ့သည်။{{refn|1 =မန္တလေးတိုင်း၊ ကျောက်ဆည် မြို့နယ်အတွင်းရှိ မင်းစုကျေးရွာတွင် မွေးဖွားသည်ဟုလည်း ဆိုကြသေးသည်။ သို့သော် မြန်မာ့သမိုင်း အဖွဲ့ဝင် ဦးကျော်ငြိမ်း ပြုစုသော '''ကိုလိုနီခေတ် မြန်မာရက်စွဲသမိုင်း'''(၁၈၈၆-၁၉၄၂)၌ ၁၉၃၃ ဖေဖော်ဝါရီလ ၂ ရက် ကြာသပတေးနေ့ ဟူ၍ ဖော်ပြထားသည်။ ထို့အတူ Benedict Rogers ရေးသား၍ ထိုင်းနိုင်ငံမှ Silkworm စာအုပ်တိုက် မှ ၂ဝ၁ဝ ခုနှစ်က ထုတ်ဝေခဲ့သော Than Shwe: Unmasking Burma’s Tyrant စာအုပ် စာမျက်နှာ ၁ဝ နှင့် အွန်လိုင်းစာမျက်နှာ၌လည်း ယင်းအတိုင်းပင် ဖော်ပြထားသည်။ Emma Larkin ရေး၍ ပင်ကွင်းစာအုပ်တိုက်မှ ၂ဝ၁ဝ ထုတ်ဝေသော Everything is Broken စာအုပ် စာမျက်နှာ ၁၆၇ ၌ ဗိုလ်ချုပ်မှူးကြီး သန်းရွှေ၏ မွေးသက္ကရာဇ် ၁၉၃၃ ဖေဖော်ဝါရီလ ၂ ရက်နေ့သည် မမှန်ဟု ဆိုသည်။ ၎င်းက ၁၉၃၂ ဧပြီ ၁ ရက် နံနက် ၆ နာရီသာ အမှန်ဟု ဆိုသည်။ သို့သော် အမည်မဖော်လိုသော ဝေဒပညာရှင် တစ်ဦးကမူ ၁၉၃၃ ခုနှစ် ဖေဖော်ဝါရီလ ၃ ရက် သောကြာနေ့သာ ဖြစ်ရမည်ဟု ဆိုသည်။ အကြောင်းမှာ ဦးသန်းရွှေ၏ ချက်တဝိုက်၌ မှဲ့စလွယ် (သို့မဟုတ်) စာအမှတ်အသား ပါရှိသောကြောင့်ဟု ဆိုသည်။ သို့သော် ၂၀၁၅ အထွေထွေ ရွေးကောက်ပွဲ မဲဆန္ဒရှင်စာရင်းတွင်မူ ၃ မေ ၁၉၃၅ ဟုဖော်ပြထားသည်။|group = note|name=age}}
ဗိုလ်ချုပ်မှူးကြီး သန်းရွှေသည် ငယ်စဉ်က ကျောက်ဆည်မြို့၌ စတင်ပညာသင်ကြား၍ ၁၉၅၁ ခုနှစ် အသက် ၁၈ နှစ်၌ အင်္ဂလိပ်-မြန်မာ ၁ဝ တန်းအထိ ပညာသင်ကြားခဲ့သည်။ ၁ဝ တန်း စာမေးပွဲ အောင် မအောင် ကို အတိအကျ မသိရသော်လည်း မဆလပါတီ ဗဟိုကော်မတီလောင်း ကိုယ်ရေးမှတ်တမ်း အကျဉ်း၌ ၁ဝ တန်းအောင်ဟု ဖော်ပြထားသည်။