ကုန်းဘောင်မင်းဆက်: တည်းဖြတ်မှု မူကွဲများ

စာမျက်နှာအသစ်: ကုန်းဘောင်မင်း ၁၁-ဆက် ရှိသည်။ ဒေဝဒဟ ကောလိယ ကပ္ပိလမှ ဆက်၍ …
 
No edit summary
စာကြောင်း ၄၁ -
ကုန်းဘောင်မင်းဆက်သည် မြန်မာနိုင်ငံကိုနောက်ဆုံးအုပ်ချုပ်ခဲ့သည့် မြန်မာမင်းဆက်ဖြစ်သည်။ စတင်ထူထောင်သူ [[အလောင်းဘုရား|အလောင်းမင်းတရား]] မှသည်နောက်ဆုံး [[သီပေါမင်း]]အထိ မင်းဆက် ၁၁ ဆက်တိတိရှိသည်။ ထိုမင်းဆက်၏ အစောပိုင်းမင်းများ လက်ထက်တွင် ကာလရှည်ကြာရှိခဲ့သည့် မွန်-မြန်မာဆက်ဆံရေး ပြိုလဲကာ မွန်လူမျိုးတို့မှာလည်း လူမျိုးကြီးအဖြစ်မှ ကျဆင်းသွားသည်။ နောက်ပိုင်းမင်းဆက်များသည်လည်း တိုင်းပြည်တိုးတက်ရေးအတွက် များစွားအားထုပ်ဆောင်ရွက်သည်မရှိပဲ ထီးနန်းစည်းစိမ်တည်မြဲရေး၊ရယူပိုင်ဆိုင်ရေး အစရှိသည့် နန်းတွင်းအရေးတော်ပုံများ နှင့်သာလုံးပန်းနေရသည်။သို့သော် ဘာသာရေးနှင့်ထင်ရှားသည့် မင်း၂ပါးရှိပြီး ၄င်းတို့မှာ [[ဘိုးတော်ဘုရား]] နှင့်[[မင်းတုန်းမင်း]]တို့ဖြစ်ကြသည်။ ဘိုးတော်ဘုရားသည် [[မင်းကွန်းပုထိုးတော်ကြီး]] တည်ဆောင်ရန်ကြိုးပမ်းမှု နှင့် သာဿနာရေးဆိုင်ရာ အငြင်းအခုန်နှင့် ပြဿနာများကို ဖြေရှင်းရန်အားထုပ်မှုတို့ဖြင့် သမိုင်းတွင်သကဲ့သို့ မင်းတုန်းမင်းအနေဖြင့်လည်း ပဉ္စမသံဂါယနာတင်ခြင်းနှင့် ထိုမှတဆင့် ပိဋိကပ်သုံးပုံကို ကျောက်ထက်[[အက္ခရာ]]တင်ပြီး ပူဇော်ခြင်းတို့ဖြင့် ကျော်ကြားရသည်။ထိုမင်းဆက်သည် အခြားမြန်မာမင်းဆက်များ နီးတူ ကုန်းတွင်းပိတ်သဘာဝမှ ပင်လယ်ထွက်ပေါက်ရသည့် အခွင့်အရေးကို အသုံးမချနိုင်သကဲ့သို့ [[ပဒေသရာဇ်]] ပီသစွာပင် ထီးနန်းတည်မြဲရေးကို သာအဓိကထားကာ ကျူးကျော်လာသည် အင်္ဂလိပ်တို့ရန်ကို တွန်းလှန်ကာကွယ်ရန်အတွက် ပြုပြင်ပြောင်းလဲမှုများကို ပြုလုပ်ရန် အချိန်နှောင်းခဲ့သဖြင့် နောက်ဆုံးမင်းဖြစ်သည့် သီပေါမင်းလက်ထက်တွင် ရန်သူနယ်ချဲ့[[အင်္ဂလိပ်]]တို့၏ အပြီးတိုင်သိမ်းပိုက်ခြင်းကို ခံခဲ့ရလေသည်။
 
 
[[Category:သမိုင်း]]
[[Category:မြန်မာ့ သမိုင်း]]
[[Category:ကုန်းဘောင် မင်းဆက်]]
[[Category:ကုန်းဘောင်ခေတ်]]
[[Category:ရာဇဝံသ]]