အာဇာနည်ကုန်း ဗုံးပေါက်ကွဲမှု: တည်းဖြတ်မှု မူကွဲများ

အရေးမကြီးNo edit summary
အရေးမကြီး cleanup
စာကြောင်း ၁ -
==အာဇာနည်ကုန်း ဗုံးပေါက်ကွဲမှု==
၁၉၈၃-ခုနှစ်၊ အောက်တိုဘာ (၉) ရက်တွင် ရန်ကုန်မြို့ရှိ အာဇာနည်ကုန်း၌ ဗုံးပေါက်မှု တစ်ရပ်ဖြစ်ပွားခဲ့သည်။ ထိုဗုံးပေါက်ကွဲမှုသည် [[တောင်ကိုရီးယားနိုင်ငံ]]သမ္မတ ချန်ဒူးဝမ် အား<ref>{{Citation | title = Materials on massacre of Korean officials in Rangoon | journal = Korea & World Affairs | volume = 7 | number = 4 | date = Winter 1983 | page = 735 | publisher = Historical Abstracts, EBSCOhost | accessdate = 5 July 2010}}.</ref> လုပ်ကြံသတ်ဖြတ်ရန် ကြိုးစားခဲ့ခြင်း ဖြစ်ပြီး [[မြောက်ကိုရီးယားနိုင်ငံ]]မှ <ref name = Irrawaddy>{{citation|url= http://www.irrawaddy.org/aviewer.asp?a=6977&z=163 | last =Aung|first=Htet|periodical=The Irrawaddy| date= 23 April 2007|accessdate = 27 April 2007 | title=Status of North Korean Terror Prisoner May Change}}</ref>[[ကင်ဂျုံအီ]] ၏ လက်ချက်ဟု ယူဆကြသည်။
 
=== ဗုံးခွဲတိုက်ခိုက်ခြင်း ===
၁၉၈၃-ခုနှစ်၊ အောက်တိုဘာ (၉) ရက်တွင် တောင်ကိုရီးယား သမ္မတ ချန်ဒူးဝမ်နှင့်အဖွဲ့သည် ရန်ကုန်မြို့သို့ အလည်အပတ်လာရောက်ခဲ့သည်။ ထိုသို့ အလည်အပတ် လာရောက်စဉ် အတွင်းတွင် ရွှေတိဂုံဘုရား ခြေရင်းရှိ အာဇာနည်ဗိမာန်တွင် လွမ်းသူ့ပန်းခွေ ချရန် စီစဉ်ထားခဲ့သည်။ ထို အာဇာနည်ဗိမာန်မှာ [[အာဇာနည်နေ့]]တွင် ကျဆုံးခဲ့သော [[ဗိုလ်ချုပ်အောင်ဆန်း]] အပါအဝင် [[အာဇာနည် ခေါင်းဆောင်ကြီးများ]] အတွက် ရည်စူး၍ တည်ဆောက်ထားခြင်း ဖြစ်သည်။ မစ္စတာချန်ဒူးဝမ်နှင့်အဖွဲ့ အာဇာနည်ဗိမာန်၌ အာဇာနည်ခေါင်းဆောင်ကြီးများအား အလေးပြုမည့် အစီအစဉ်ကို မြောက်ကိုရီးယားတို့က အခွင့်ကောင်းယူခဲ့ခြင်းဖြစ်သည်။
 
Line ၁၀ ⟶ ၉:
ဗုံးသည် သမ္မတ မရောက်မီ တင်ကြို ပေါက်ကွဲရသည့် အကြောင်းမှာ ချန်ဒူးဝမ် ရောက်ရှိသည်ဟု အထင်မှားသည့် အတွက် ကြိုဆိုသည့် ခရာကို မိနစ် အနည်းငယ်မျှ စောပြီး မှုတ်မိသောကြောင့် ဖြစ်သည်။ သမ္မတ ချန်ဒူးဝမ်၏ ကားသည် ယာဉ်ကြောပိတ်ဆို့မှုကြောင့် အာဇာနည် ဗိမာန်သို့ အချိန်မီ မရောက်ဘဲ မိနစ် အနည်းငယ်မျှ နောက်ကျသွားသောကြောင့် မသေဆုံးပဲ လွတ်မြောက်ခဲ့ရသည်။
 
===သေဆုံးမှု===
အဆိုပါဖောက်ခွဲမှုကြောင့် တောင်ကိုရီးယားဝန်ကြီးများအပါအဝင် ကိုရီးယားမြန်မာစုစုပေါင်း ၂၁ ဦးသေဆုံးပြီး ၄၆ ဦးဒဏ်ရာရခဲ့သည်။ ထိုသို့ သေဆုံးခဲ့သူများတွင် တောင်ကိုရီးယားနိုင်ငံမှ နိုင်ငံခြားရေး ဝန်ကြီး လီဘျွန်ဆျောက် (Lee Beom-seok)၊ စီးပွားရေး စီမံကိန်းဝန်ကြီး နှင့် ဒုတိယဝန်ကြီးချုပ် ဆူဆွခ်ဂျူး (Suh Suk Joo)၊ ကုန်သွယ်ရေးနှင့် ကုန်ထုတ်လုပ်မှုဝန်ကြီး ကင်မ်ဒုန်ဝှီး တို့ အပါအဝင်ဖြစ်သည်။ အခြားသေဆုံးသူများမှာ သမ္မတ၏ အကြံပေးပုဂ္ဂိုလ်များ၊ သတင်းစာဆရာများ၊ လုံခြုံရေးဝန်ထမ်းများ ဖြစ်ကြသည်။ အများစုမှာ တောင်ကိုရီးယား နိုင်ငံသားများ ဖြစ်ကြပြီး မြန်မာနိုင်ငံသား သတင်းစာဆရာ ၃ ဦး အပါအဝင် စုစုပေါင်း ၄ ဦးသေဆုံးခဲ့ပြီး ၃၂ ဦး ဒဏ်ရာရခဲ့သည်။
 
===လုပ်ကြံသည့်အဖွဲ့===
ထိုဗုံးပေါက်ကွဲမှုသည် မြောက်ကိုရီးယားတပ်မတော်မှ ဗိုလ်မှူးဇင်ဘိုအဖွဲ့မှ လုပ်ကြံခြင်းဖြစ်သည်။ မြောက်ကိုရီးယားဗိုလ်ချုပ်ကင်ချန်စု၏ တာဝန်ပေးချက်အရ ဗိုလ်မှူးဇင်ဘို ဦးဆောင်ပြီး ဗိုလ်ကြီးကင်မင်ချူးနှင့် ဗိုလ်ကြီးဆင်ကီချူးတို့က မြန်မာနိုင်ငံသို့ လာရောက်လုပ်ကြံခဲ့ခြင်း ဖြစ်သည်။ ဗုံးကို ဖောက်ခွဲခဲ့ပြီးနောက် သူတို့ သုံးဦးလူစုခွဲကာ ပင်လယ်ဝတွင် ပြန်ဆုံရန် ချိန်းဆိုခဲ့ကြသည်။
 
ပုဇွန်တောင်ချောင်းအတွင်း ရေကူးပြီး ရန်ကုန်မြစ်ဝသို့ ပြေးသည့် ဇင်ဘိုကို ညောင်တန်းဆိပ်မှ ဒေါ်စန်းရီက တွေ့ရှိသွားသည်။ ဒေါ်စန်းရီ၏ အော်သံကြောင့် လူအများစုရုံးလာကြပြီး လှမ်းခေါ်သော်လည်း ဇင်ဘိုမှာ မနာခံပေ။ သို့ဖြစ်ရာ ကုန်တင်ကုန်ချ အလုပ်သမားများနှင့် ရပ်ကွက်နေလူထုက ဝိုင်းဝန်းဖမ်းဆီးရန် ကြိုးစားသည်။ ဇင်ဘိုက လူအုပ်ကို လက်ပစ်ဗုံးဖြင့် တုံ့ပြန်ရန် ကြိုးစားသည်။ လူအုပ်မှာ နောက်သို့ရှဲသွားသည်။ ရေကူးခတ်လာရ၍ ပင်ပန်းနွမ်းနယ်နေသဖြင့် ဇင်ဘို၏ဗုံးမှာ သူ၏အနီးတွင်ပင် ပေါက်ကွဲလေသည်။ ဒဏ်ရာရနေသော ဇင်ဘိုသည် ရေလယ်ရှိ တိုင်တစ်တိုင်ကို မှီနေချိန်တွင် စက်ပြင်ဆရာ ဦးဘိုကြီးနှင့် လူအချို့က ရေထဲဆင်းပြီး ဖမ်းဆီးခဲ့သည်။ "ဝုန်း" ဟူသော ပေါက်ကွဲသံကြီးကြောင့် ဗိုလ်ချုပ်လမ်းနှင့် ၅၁ လမ်းရှိ ပုဇွန်တောင်ရဲစခန်းမှ ရဲများအပြေးအလွှား ထွက်ခွာသွားကြသည်။ လမ်းတစ်လျှောက် လူအုပ်ကြီးက ဖွေးနေပြီး ညောင်တန်းဆိပ်တွင် လှည့်ကင်းပတ်နေသော ရဲတပ်ဖွဲ့ဝင် အချို့နှင့် ပြည်သူများ၏အလယ်တွင် ဒဏ်ရာများနှင့်ဇင်ဘိုကို တွေ့ရလေပြီ။ မြို့နယ်မှူးကို လှမ်းအကြောင်းကြားလိုက်သည်။ ဒဏ်ရာရနေသူ ဇင်ဘိုကို တပ်မတော်ဆေးရုံသို့ ရဲတပ်ဖွဲ့ဝင်များက ပို့ဆောင်ခဲ့ကြသည်။ ထိုစဉ်က ဖမ်းမိသည့်တရားခံသည် အာဇာနည်ကုန်း ဗုံးဖောက်ခွဲသူမှန်း မသိရှိကြပေ။ အကြမ်းဖက်ဖောက်ခွဲသူ ဇင်ဘိုသည် သူ၏လက်ပစ်ဗုံး ဖြင့်ပင် တစ်ကိုယ်လုံး ဒဏ်ရာရခဲ့သည်။ သို့သော် မြန်မာဆရာဝန်များက နှစ်နာရီကျော်ကြာ ခွဲစိတ်ကုသပေးခဲ့မှုကြောင့် သုံးရက်အတွင်း အခြေအနေပြန်ကောင်းလာခဲ့သည်။
 
 
ကော့မှူးအပိုင် သခွတ်ပင်ကျေးရွာအနီးသို့ ကင်မင်ချူးနှင့် ဆင်ကီချူးတို့ ထွက်ပြေးခဲ့ကြသည်။ ဒေသခံပြည်သူ၊ တပ်မတော်သားများနှင့် ရဲတပ်ဖွဲ့တို့၏ ဝိုင်းဝန်းဖမ်းဆီးမှုကြောင့် ကင်မင်ချူးကို အရှင်ဖမ်းမိပြီး ဆင်ကီချူးကို အသေဖမ်းမိသည်။ မြောက်ကိုရီးယား ကွန်မန်ဒိုများဘက်က ဗုံးဖြင့် ပြန်လည်တိုက်ခိုက်မှုကြောင့် တပ်မတော်သား သုံးဦး အသက်စွန့်ခဲ့ရပြီး တပ်မတော်သားတစ်ဦးနှင့် ရဲသုံးဦး ဒဏ်ရာရသည်။
Line ၃၄ ⟶ ၃၂:
===သံအဆက်ဖြတ်===
ထိုဗုံးခွဲတိုက်ခိုက်မှုကြောင့် မြန်မာ အစိုးရက မြောက်ကိုရီးယား သံအဖွဲ့ကို မောင်းထုတ်ခဲ့ပြီး မြောက်ကိုရီးယားနှင့် သံတမန် အဆက်အသွယ် ဖြတ်တောက်ခဲ့သည်။ ဗုံးမကွဲမီ အချိန်က မြောက်ကိုရီးယား၊ တောင်ကိုရီးယားနှင့် အမေရိကန်ပြည်ထောင်စုတို့အား သုံးပွင့်ဆိုင် ဆွေးနွေးရေး အတွက် ဦးဆောင်ခဲ့သော တရုတ်နိုင်ငံက မြောက်ကိုရီးယားကို နိုင်ငံပိုင် သတင်းစာမှ တဆင့် ရှုံ့ချ ပြောဆိုခဲ့သည်။ ထိုမှစ၍ လပေါင်းများစွာတိုင်အောင် တရုတ် အရာရှိတို့သည် မြောက်ကိုရီးယားနှင့် တွေ့ဆုံဆွေးနွေးခြင်းအား ရပ်ဆိုင်းထားခဲ့သည်။
 
 
မြန်မာတို့၏အထင်ကရနေရာတွင် ဖြစ်ပွားခဲ့သော ဖောက်ခွဲမှုမှာ လုံခြုံရေးကျိုးပေါက်မှုကြောင့် မျက်နှာပျက်ခဲ့ရသော်လည်း သုံးရက်အတွင်း တရားခံများကို ဖမ်းမိခဲ့ခြင်းကြောင့် မျက်နှာပန်းပြန်လှခဲ့သည်။
 
အာဇာနည်ဗိမာန် ဗုံးပေါက်ကွဲမှုသည် မြန်မာ့သမိုင်းကို အပြောင်းအလဲအချို့ဖြစ်စေခဲ့သည်။ လက်ရှိ မြင်နေရသော အမိုးမပါသည့် အာဇာနည်ဗိမာန်ဒီဇိုင်းသည် ဇင်ဘိုတို့ အမိုးထဲ ဗုံးထည့်ခဲ့၍ဖြစ်သည်။ ဗိသုကာပညာရှင်များ၏ အတွေးအခေါ်ကို ဗုံးပေါက်ကွဲမှု၏ ခြောက်လှန့်မှုကြောင့် အာဏာပိုင်များက အပြည့်အဝမဖော်ဆောင်ခဲ့ပေ။ အဆိုပါဖြစ်ရပ်ကြောင့် တပ်မတော်ထောက်လှမ်းရေး ညွှန်ကြားရေးမှူး ဗိုလ်မှူးကြီးအောင်ကိုးနေရာကို ဦးခင်ညွန့်နှင့် အစားထိုးခံရသည်။ နိုင်ငံတော်အကြီးအကဲများနှင့် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်များ အာဇာနည်ဗိမာန်သို့တက်ရောက် အလေးမပြုကြတော့ပေ။ အချိန်တို့သည် ဆယ်စုနှစ်သုံးခုကျော်ကို ဖြတ်ကျော်ခဲ့ပြီဖြစ်သည်။
<ref>7 day news, 20.july.2016</ref>
 
 
==ကိုးကား==
{{reflist}}
 
[[Category:မြန်မာ့ သမိုင်း]]
[[Category:တောင်ကိုရီးယားနိုင်ငံ၏ သမိုင်း]]