ဝါကျ: တည်းဖြတ်မှု မူကွဲများ

စာကြောင်း ၄၈ -
# 'မ' ကို၊ 'ဘဲ'(ပဲ) နှင့်ဖက်၍ အသုံးပြုနည်း။
(က) ရှေ့ပြေးပုဒ်စု၌သာ အသုံးပြုသည်။ 'မ' နှင့် 'ဘဲ'အကြားတွင် ကြိယာကိုထား၏။
ပုံစံ - ငါသည် စားဦးကိုမလှူဘဲ စားလေ့မရှိ။
(ခ) 'ဘဲ' အစား'မူ၍'ကိုလည်းအသုံးပြုနိုင်သည်။
ပုံစံ - သုဇာတသူကြွယ်သည် တစ်ပါးသော မာတုဂါမကို မကြည့်မူ၍ နတ်သမီးကိုသာ တောင့်တ၍ သေလေ၏။
# 'မ'ကို ' မီ' နှင့်ဖက်၍ အသုံးပြုနည်း။
ရှေ့ပြေးပုဒ်စု၌သာ အသုံးပြုသည်။ 'မ' နှင့် ' မီ'အကြားတွင် ကြိယာရှိ၏။
ပုံစံ - မဒ္ဒီဒေဝီ မလာမီ (ငါ) သွားအံ့။ ('မီ' အစား'ခင်'ကိုလည်း သုံးနိုင်သည်။)
# အဟုတ်ဝါကျကို မဟုတ်ဝါကျသို့ပြောင်းလိုလျှင် 'မဟုတ်'ဟူသောစကားနှင့်အဆုံးသတ်နိုင်သည်။
ပုံစံ - လင်းဇင်းအမှူးအမတ်တို့သည် ပျပ်ဝပ်ကျိုးနွံမည်မဟုတ်။

(က) အဓိပ္ပာယ်လေးနက်စေလိုလျှင် မဟုတ်ကြိယာနောက်က 'ဘူး' 'ဖူး'ဖြင့် အဆုံးသတ်၏။
ပုံစံ - ငါမမြင်ပါဘူး။
(ခ) မည်သည့်အခါမျှ အပြုအမူ အဖြစ်အပျက် မရှိခဲ့ကြောင်းပြလိုလျှင် 'ဘူး' အစား 'စဘူး' 'စဖူး' ''ဘူးဘူး'' တို့ကိုအသုံးပြု၏။
ပုံစံ - ငါ ဤမျှသော ကာလပတ်လုံး မြက်မရိတ်စဘူး။ ကြားမျှမကြားစဖူး။ သည်အရူးမကို တစ်ခါမျှ ကြားလည်းမကြားဘူးဘူး မြင်လဲမမြင်ဘူးဘူး။
# အဓိပ္ပာယ် လေးနက်စေလိုလျှင် 'မ' တစ်လုံး ကြိယာတစ်လုံး ထပ်ကာသုံးလေ့ရှိ၏။
ပုံစံ - ထားမကူ၊ လှံမကူ၊ ပြည်သူ မပန်းမနွမ်းစေရ။
# တားမြစ်ခြင်းအနက်ကို အလိုရှိလျှင် မဟုတ်ကြိယာနောက်က -
(က) 'နှင့်' 'လင့်' တို့ဖြင့် အဆုံးသတ်သည်။
ပုံစံ - သောက်ယောင်သာပြု၊ မသောက်နှင့်၊ ဆရာ မကြောက် လင့်
(ခ) 'ရ' ဖြင့်အဆုံးသတ်သည်။
ပုံစံ - နောင် သည်ကဲ့သို့ မပြုမကျင့်ရ၊
# 'မ'ကို 'ခြင်း' နှင့်ဖက်၍ အသုံးပြုနည်း။
ပုံစံ - ငါမလာမခြင်း တံခါးမပိတ်နှင့်ဦး။

==ညွှန်ကြားခြင်း စသည်တို့ကိုပြသော ဝါကျများ။==
"https://my.wikipedia.org/wiki/ဝါကျ" မှ ရယူရန်