ဝါကျ: တည်းဖြတ်မှု မူကွဲများ

စာကြောင်း ၅၇ -
# ညွှန်ကြားခြင်းအနက်ကို ပြလိုလျှင်-
(က) ပစ္စည်းမဲ့ ကြိယာသက်သက်နှင့် ဝါကျကို အဆုံးသတ်နိုင်သည်။
ပုံစံ - ငါတို့ ခုနစ်ယောက် ညီမှပေး။
(ခ) 'လော့' နှင့် ဝါကျကို အဆုံးသတ်နိုင်သည်။
ပုံစံ - လျင်လျင် ပေးလိုက်လော့။
(ဂ) 'ရမည်'နှင့် ဝါကျကို အဆုံးသတ်နိုင်သည်။
ပုံစံ - သင်မူကား ငါ့အလိုတော်ကိုသာ လုံခြုံစွာစောင့်ရှောက် ရမည်။
(ဃ) 'ခဲ့' 'ခဲ့လော' တို့ကို အသုံးပြုနိုင်သည်။
ပုံစံ - ငါနှင့် လိုက်ခဲ့။ ငါ့ထံ ထားခဲ့လော့။
(င) 'စေ' 'စေလော့'တို့နှင့် ဝါကျကို အဆုံးသတ် နိုင်သည်။
ပုံစံ - ခိုးသူကို ဖမ်းပါစေ။ သင်တို့အား စိုးအုပ်စီမံ ကွပ်ကဲစေလော့။
# ခွင့်ပန်ခြင်းအနက်ကို ပြလိုလျှင်-
'ပါရစေ' နှင့် ဝါကျကို အဆုံးသတ်သည်။
ပုံစံ - ထို့ကြောင့် ကျွနု်ပ်လင်နှင့်အတူ လိုက်ပါရစေ။
# ကျိန်ဆဲခြင်း၊ ဆုတောင်းမေတ္တာပို့ခြင်း၊ သစ္စာရှိခြင်းအနက်တို့ကိုပြလိုလျှင်-
'ပါစေ' 'စေသား' 'စေသော' 'စေသတည်း' တို့နှင့် ဝါကျကို အဆုံးသတ်သည်။
ပုံစံ - ငါတို့ ဆရာရဟန်းလည်းဆရာ ရဟန်းလည်း ကျန်းခံ့ပါစေ၊ အနာကင်းပါစေ။ မြေပြင်အလုံး၌ ဓနန္ဒမင်းသား အကျိုးမဲ့သာဖြစ်စေသား။ ဤအရာသည် ဝန်ရှင်တော်မင်းကြီးအား နှစ်သိမ့်သည် ဖြစ်စေဖြစ်စေသော။ ငါ့သား သုဝဏ္ဏသာမအား မြားဆိပ်ပျောက်စေသတည်း။
သော။ ငါ့သား သုဝဏ္ဏသာမအား မြားဆိပ်ပျောက်စေသတည်း။
# အတူတကွ ဆောင်ရွက်လိုခြင်းအနက်ကို ပြလိုလျှင်-
'စို့' ကို အသုံးပြုသည်။
ပုံစံ - ကျွန်းဖြစ်ပုံကို အလုံးစုံသိရအောင် ကျွန်းကြည့်လယ်စမ်း
ကြစို့၊ မောင်မင်းများ။<ref>မြန်မာ့စွယ်စုံကျမ်း၊ အတွဲ(၁၂)</ref>
"https://my.wikipedia.org/wiki/ဝါကျ" မှ ရယူရန်