ပုဂံခေတ်: တည်းဖြတ်မှု မူကွဲများ
Content deleted Content added
အရေးမကြီးNo edit summary |
အရေးမကြီးNo edit summary |
||
စာကြောင်း ၃ -
[[ပုဂံ]]ခေတ်သည် မြန်မာနိုင်ငံတွင်းသို့ [[ဗမာ]]တိုင်းရင်းသားများ ရောက်လာပြီးနောက်တွင် တဖြည်းဖြည်းနှင့် အင်အားအကြီးဆုံး အနေအထားသို့ ရောက်ချိန်ဖြစ်ပြီး ယနေ့ မြန်မာနိုင်ငံနီးပါးမျှ ကျယ်ဝန်းသည့် ပိုင်နက်ကိုလည်း သိမ်းပိုက်အုပ်ချုပ်နိုင်ခဲ့သည်။ ပျူတို့နောက်တွင် [[ပထမ မြန်မာနိုင်ငံတော်]]ကို တည်ထောင်နိုင်ခြင်းဖြစ်သည်။
အစဦးတွင် ဗမာလူမျိုးတို့သည် [[ကျောက်ဆည်ခရိုင်]] ဒေသများတွင် အခြေချပြီး တစ်နယ်တစ်မင်း ထူထောင်ကာ စုစည်းနေထိုင်ကြရာမှ အေဒီ ၁၀ ရာစုသို့ရောက်သည့်အခါ ပုဂံမင်းသည် အင်အားအကြီးဆုံးအဖြစ် အသိအမှတ်ပြုခံရကာ မင်းကြီး ဖြစ်လာသည်။ သို့သော် အစောပိုင်း ပုဂံမင်းဆက်များအကြောင်းမှာ ပါးစပ်ပြောရာဇဝင်သာရှိပြီး တိကျသည့် သမိုင်းအထောက်အထားများကိုမူ ရှာဖွေမတွေ့ရချေ။ အထောက်အထားများကို အစောဆုံး စတင်ကာတွေ့ရသည့် [[အနော်ရထာ]] မင်းလက်ထက်အရောက်တွင် [[ထေရဝါဒ ဗုဒ္ဓဘာသာ]]ကို
သို့သော် ၎င်းအလွန်တွင်နန်းတက်သည့် [[စောလူး]]မင်း၏ အရည်အချင်းညံ့ဖျင်းမှုများကြောင့် တိုင်းပြည်ပြိုကွဲလုနီးနီး အန္တရာယ်ကျရောက်ခဲ့ပြီး ၎င်းလည်း ရန်သူ့လက်ချက်ဖြင့် အနိစ္စရောက်ရသည်။ ၎င်းအလွန်တွင် နန်းစံကြသည့် [[ကျန်စစ်သား]] နှင့် [[အလောင်းစည်သူ]] မင်းများလက်ထက်တွင်
နောက်ဆုံး အေဒီ ၁၂၈၇ [[နရသီဟပတေ့]]ခေါ် တရုတ်ပြေးမင်း လက်ထက်တွင် [[မွန်ဂို]]တို့၏ စစ်ရန်ကြောင့် ပုဂံမှာ ပျက်စီးခဲ့သည်။ မွန်ဂိုတို့ မြန်မာနိုင်ငံမှ
ပုဂံခေတ်ပျက်သုဉ်းရခြင်း၏ အကြောင်းအရင်းမှာ မင်းများညံ့ဖျင်းခြင်း၊ မွန်ဂိုတို့၏ ရန်စစ်ကိုခံရခြင်းအပြင် မြောက်ဘက်နှင့် အရှေ့ဘက်တစ်လွှားတို့မှ [[ရှမ်းလူမျိုး]]များ အလယ်ပိုင်းမြေပြန့်ဒေသများအတွင်းသို့ အလုံးအရင်းဖြင့် ဝင်ရောက်နေရာယူလာခြင်းတို့ကြောင့်လည်း ဖြစ်သည်ဟု သမိုင်းပညာရှင်တစ်ချို့က သုံးသပ်ကြသည်။
|