ကချင်လူမျိုး: တည်းဖြတ်မှု မူကွဲများ

စာကြောင်း ၅၅ -
ကချင်လူမျိုးများ သေလျှင် သူတို့ သင်္ချိုင်း ပတ်ပတ်လည်တွင် ကျုံးသဖွယ် မြောင်းများ တူးထားပြီးလျှင် သင်္ချိုင်းပေါ်တွင် ခိုင်ခန့်သော တင်းကုတ်များ ဆောက်လုပ်ကာ အမိုးမိုး၍ ထားတတ်ကြသည်။ သူတို့သေပြီးနောက် ဝိညာဉ်များမှာ ရှေးအဘိုးအဘွားများ၏ ဝိညာဉ်များ ရှိရာသို့ သွားရောက် ပူးပေါင်းကြသည်ဟု အယူရှိကြသည်။ ကချင်တစ်ဦးသေလျှင် သူနေ့စဉ် သုံးလေ့သုံးထရှိသော ဓါး၊ လှံ၊ သေနတ်နှင့် အဝတ်အစားများကို သူနှင့်အတူ မြှုပ်နှံလေ့ရှိသည်။
=== စာပေ ===
ကချင်စာပေသည်လည်း[[ကချင်စာပေ]]သည်လည်း အချို့သော တိုင်းရင်းသားစာပေတို့နည်းတူပင် (ဥပမာ [[ချင်းစာပေ]]) သာသနာပြုရောက်ရှိလာသော ဆရာကြီးများက ရိုးရာအသံထွက်စနစ်ကိုရေးသားနိုင်ရန် အင်္ဂလိပ်အက္ခရာများအသုံးပြုပြီး တီထွင်ဖေါ်ထုတ်ပေးခဲ့ခြင်းဖြစ်သည်။ ကချင်စာပေ နှစ်ရာပြည့်ပွဲကို မကြာမြင့်မီက မန္တလေးမြို့တွင်စုရုံး၍ ကချင်ရိုးရာ မနောအက ထောင်ကာအကများပါဝင်ပြီး ကြီးကျယ်စွာကျင်းပခဲ့သည်။
 
မြစ်ကြီးနားမြို့တွင် ဒေါက်တာ အိုရမ်ဟန်ဆင်း အားဂုဏ်ပြုမှည့်ခေါ်ထားသော ဟန်ဆင်းပရက်စ် အမည်ဖြင့်ပုံနှိပ်တိုက်လည်းတည်ရှိသည်။